ဆယ်ကျော်သက်သူတော်မြတ်အသစ်တစ်ပါးထပ်ရစေတော့မည့် အံ့ဖွယ်တန်ခိုးတခုရှိထားဟုဆို

ဆယ်ကျော်သက်သူတော်မြတ်အသစ်တစ်ပါးထပ်ရစေတော့မည့် အံ့ဖွယ်တန်ခိုးရှိထားဟုဆို

ဆယ်ကျော်သက်သူတော်မြတ်အသစ်တစ်ပါးထပ်ရစေတော့မည့် အံ့ဖွယ်တန်ခိုးရှိထားဟုဆို

            အသက် (၂၁) နှစ်တွင်ဆုံးပါးသွားခဲ့သော အီတလီကက်သလစ်လူငယ်လေးတစ်ဦးအား သူတော်မြတ်အဖြစ်တင်မြောက်နိုင် ရေးတာ၀န်ရှိသူများကစုံစမ်းစစ်ဆေးမူများပြုလုပ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါလူငယ်လေး၏ကြား၀င်ဆုတောင်း ပေးခြင်းကြောင့် အံ့ဖွယ်တန်ခိုးတစ်ခုရရှိထားသည်ဆိုသောကြောင်ဖြစ်သည်။ အဆိုပါလူငယ်လေးမှာ Nicola d’Onofrio ဖြစ် သည်။ အသက်အရွယ်ငယ်သော်လည်း သက်ရှိထင်ရှားရှိစဉ်က သူ၏ပါရမီအသက်တာသည် အလွန်ထူးခြားလှသောကြောင့် ရဟန္တာ အဖြစ်တင်မြောက်ရေးအတွက်စတင်လုပ်ဆောင်နိုင်ခွင့်ကို ရဟန်းမင်းကြီးဖရန်စစ်မှ (၂၀၁၃၊ ဇူလိုင် ၅) တွင်ခွင့်ပြုပေးခဲ့ပြီးဖြစ် သည်။ ထူးခြားသောပါရမီအသက်တာသည် ရဟန္တာတစ်ပါးအဖြစ်တင်မြောက်ရေးအတွက် အခြေခံသတ်မှတ်ချက်တစ်ချက်ဖြစ် သည်။ ထို့နောက်မှ အဆိုပါပုဂ္ဂိုလ်၏ကြား၀င်ဆုတောင်းပေးမှုကိုတောင်းခံ၍အံ့ဖွယ်တန်ခိုးကိုတောင်းခံရသည်။ အံ့ဖွယ်တန်ခိုးသည် သာမန်ထက်လွန်ကဲအခြေအနေမျိုးဖြစ်ရမည်။  

            လက်ရှိ၌ အဆိုပါဆယ်ကျော်သက်လူ၏ကြား၀င်ဆုတောင်းပေးမှုဖြင့် အံ့ဖွယ်တန်ခိုးရရှိထားသည်ဟုပေးပို့ထားသော အဖြစ် အပျက်ကိုစုံစမ်းစစ်ဆေးမေးမြန်းလျှက်ရှိသည်။ ထို့ကြောင့် ဤလူငယ်လေး၏ သူတော်မြတ်တင်မြောက်ရေးကိစ္စမှာ ဆက်လက်၍ အလေးထားလုပ်ဆောင်နေကြောင်းအီတလီဘာသာစကားဖြင့်ထုတ်‌ဝေသော ACI Stampa, CNA သတင်းဌာနများသို့ ဖြေ ကြားခဲ့သည်။ ထိုအံ့ဖွယ်တန်ခိုးကားမည်သည့်အရာ၊ မည်သည့်အခြေအနေမျိုး၌ဖြစ်ပျက်ရရှိခဲ့သည်ကိုမူ ထည့်သွင်းပြောကြားခြင်းမ ပြုခဲ့ပေ။ ချီလီအမျိုးသမီးတစ်ဦးမှာမူ (၂၀၀၈) ခုနှစ်က သူသည်ဦးနှောက်အမြှေးပါးယောင်သည့်ရောဂါခံစားနေခဲ့ကြောင်း၊ d’Onofrio ၏ကြား၀င်ဆုတောင်းပေးမူကိုတောင်းခံယူရာမှသက်သာပျောက်ကင်းသွားခဲ့ကြောင်းပြောပါသည်။ d’Onofrio ကိုယ်တိုင်သည်လည်း‌‌ဝေဒနာကိုခံစားခဲ့ရသူဖြစ်ပြီး၊ ထို‌ဝေဒနာကိုမငြီးမငြူဘဲခံထမ်းခဲ့ခြင်းအတွက် သူ့အားပို၍ကြည်ညို ကိုးစားလာခဲ့ကြသည်။

သူတော်မြတ်ဖြစ်လာမည့်သူ၏ငယ်ဘ၀

            ငယ်သူငယ်ချင်းများကသူ့ကို ‘Nicolino’ ဟုသိကြသည်။ သူ့အား (၁၉၄၃) ခုနှစ်၊ Abruzzo ဒေသ၊ အီတလီ တောင်ပိုင်း Villamagna ၌မွေးဖွားခဲ့သည်။ ထိုဒေသသည် (၁၆) ရာစုကသူတော်စင်အသင်းတစ်သင်းဖြစ်သော ကာမီး လီယံရဟန်းအသင်းကိုတည်ထောင်ခဲ့သည့် စိန့်ကာမီးလူစ်၏ဇာတိမြေ Lellis နှင့်မ‌ဝေးလှပေ။ ကာမီးလီယံအသင်း ၀င်များသည် သက်န်းအနက်အပေါ်တွင် အနီရောင်သန်းနေသောလက်၀ါးကပ်တိုင်ကိုဆင်မြန်းထားသည့်မြင်ကွင်းသည် သူတော်မြတ်ဖြစ်လာမည့်လူငယ်လေးကိုဆွဲဆောင်နိုင်ခဲ့သည်။ သို့ဖြင့်သူသည် ကာမီးလီးယံအသင်းသို့၀င်ရောက်ခဲ့ပြီး၊ (၁၉၅၅) ခုနှစ်၌ ရောမမြို့သို့ပြောင်းရွေ့ခဲ့သည်။ သူ၏ယာယီသစ္စာကို (၁၉၆၁) ၌ပြုခဲ့သည်။ ၄င်းတို့၏ကတိသစ္စာများ သည်အခြားသောသူတော်စင်များကဲ့သို့(၃) ပါးသာမဟုတ်။ နာခံခြင်း၊ စင်ကြယ်ခြင်းနှင့်ခြိုးခြံခြင်းပါရမီအပြင် မကျန်းမ မာသူများအားရာသက်ပန်ပြုစုစောင့်ရှောက်မည့်ကတိသစ္စာလည်းပါသည်။ သို့သော် (၁၉၆၃) ခုနှစ်၌ ကင်ဆာ၏လက္ခ ဏာကိုသူ၌စတင်တွေ့ရှိခဲ့သည်။ ထိုခေတ်အခါက ကင်ဆာဟုဆိုလျှင်ကုထုံးမသိ၊ ဆေးမရှိသောကြောင့် သေလူအဖြစ် သတ်မှတ်ပြီးဖြစ်သည်။ ယနေ့ခေတ်၌လည်း ဆေးပညာတိုးတက်လှသည်ဆိုသော်လည်း အချိန်မှီမသိလိုက်ရလျှင်လည်း အသက်ကိုကယ်နိုင်ရန် အခွင့်အရေးအလွန်နည်းသည်။ ထိုသို့သောရောဂါရှိနေသည်ကိုသိလိုက်ရသော်လည်း သူသည် လွန်စွာတည်ငြိမ်အေးဆေးနေသောကြောင့် သူ၏မိတ်ဆွေများကလွန်စွာအံ့အားသင်သွားခဲ့ရသည်။ သူသည်ရွှင်ရွှင်ပြုံး ပြုံးဖြင့် ကင်ဆာကုထုံးကိုခံယူခဲ့သည်။         

            သို့ဖြင့် (၁၉၆၄) မေလ၌  သူ၏အကြီးအကဲက သူ့အားအခွင့်အရေးတစ်ခုကိုပေးခဲ့သည်။ ပြင်သစ်နိုင်ငံ၊ လုဒ်မြို့၏မယ်တော် ဆီသို့ဘုရားဖူးသွား၍ ကျန်းမာခြင်းဆုကိုပန်စေခဲ့သည်။ အသင်း၀င်များကလည်း သူ့အတွက်ဆုတောင်းပေးနေမည်ဖြစ်ကြောင်းအား ပေးစကားပြောကြားရာသူက ‘ဆုတောင်းပါ။ သို့သော် ကျွန်တော့်ပြန်လည်နေကောင်းလာရန်မဟုတ်။ ဘုရားအလိုတော်ကိုလက်ခံ နိုင်ရန်အတွက်သာဆုတောင်းပါ’ ဟုပြောကြားခဲ့သည်။ ဘုရားဖူးခရီး၌ သူသည် သူငယ်တော်ယေဇူး၏သံတာထရေးဇာ၏ ဇာတိမြို့ ဖြစ်သော Lisieux သို့လည်းသွားရောက်လည်ပတ်ခဲ့သည်။ ထိုမြို့လေးမှ သူ့မိဘထံစာတစ်စောင်ရေးသားပေးပို့ခဲ့သည်။ ထိုစာ၌

‘ငယ်ရွယ်တုန်း ‌ဝေဒနာနဲနဲပါးပါးခံစားရတာကို ကျေနပ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ အကောင်းဆုံးနှစ်မှာ သခင်ကိုဆက် ကပ်နိုင်တဲ့အရာပါ။ ချစ်ရတဲ့အဖေနဲ့အမေရေ သားဘုန်းကြီးဖြစ်နိုင်ဖို့ ကျန်းမာခြင်းဆုကိုပေးသနားပါ။  ပြီးတော့အလုပ်တွေအများ ကြီးကိုလုပ်နိုင်ပါစေလို့ဆုတောင်းပါ။ တကယ်လို့ ကောင်းမြတ်တဲ့ဘုရားသခင်က ဒီဆုကိုမပေးဘဲ တခြားအလိုတော်ရှိတယ်ဆိုရင် လည်း ကိုယ်တော် သည်မဂ်လာရှိတော်မူပါစေ။ ကိုယ်တော်ဘာလုပ်သလဲဆိုတာ ကိုယ်တော်အသိဆုံးပါ။ ကျွန်တော်တို့အတွက်အ ကောင်းဆုံးကိုဘဲပေး ပါတယ်။ သူဘာတွေလုပ်နေသလဲဆိုတာ ကျွန်တော်တို့သိခွင့်မရှိပါဘူး။ ကိုယ်တော်ဘဲသိတာပါ’ ဟုရေးသားခဲ့သည်ဟုဆိုသည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rv7Ion

Add new comment

4 + 6 =