ဆယ်ကျော်သက်သူတော်မြတ်လေး ကားရ်လိုအာကူးတစ်၏အုတ်ဂူကိုအမြဲဖွင့်ထားမည့်အစီအစဉ်ပြန်လည်ဆိုင်းငံ့

ဆယ်ကျော်သက်သူတော်မြတ်လေး ကားရ်လိုအာကူးတစ်၏အုတ်ဂူကိုအမြဲဖွင့်ထားမည့်အစီအစဉ်ပြန်လည်ဆိုင်းငံ့

ဆယ်ကျော်သက်သူတော်မြတ်လေး ကားရ်လိုအာကူးတစ်၏အုတ်ဂူကိုအမြဲဖွင့်ထားမည့်အစီအစဉ်ပြန်လည်ဆိုင်းငံ့

 

အမှတ်ရနေဦးမည်ထင်ပါသည်။ ယခင်နှစ် (၂၀၂၀) အောက်တိုဘာလ (၁၀) ရက်နေ့က (၂၁) ရာစု၏သက်တော် အငယ်ဆုံးသူတော်မြတ်တစ်ပါးကိုတင်မြောက်ခဲ့ကြသည်။ ထိုအချိန်က သူ၏ပုံတော်များဖြင့် ပရိုဖိုင်လ်တင်ခဲ့ကြ၍ ကက်သ လစ်ဘာသာတူအများပိုင်း၏စာမျက်နှာများတွင်တွေ့ခဲ့ရသူလေးဖြစ်ပါသည်။ အချို့သည် ထိုသူတော်မြတ်လေး၏ပုံကို ပရို ဖိုင်းလ်တင်ထားသည်မှာတစ်နှစ်ပင်ပြည့်တော့မည်။ ယနေ့ထိတိုင်မပြောင်းဘဲတင်ထားဆဲရှိသည်။ အချို့သည် မိမိတို့၏ရင် သွေး၊ မြေး၊ ၀ိညာဉ်ရေးသားများအား ဆေးကြောခြင်းပေးရာတွင်ထိုသူတော်မြတ်၏အမည်ကိုပင်ပေးနေကြပြီဖြစ်သည်။

 

သူ၏အမည်ကား သူတော်မြတ်ကားရ်လိုအကူးတစ်ဖြစ်သည်။ သူသည်အီတလီလူမျိုးဖြစ်သည်။ သူ၏၀တ်စားဆင် ယင်မူမှာ တင်းနစ်ရူးစ်နှင့်ဂျင်းဘောင်းဘီကိုစွဲစွဲမြဲမြဲ၀တ်လေ့ရှိသည်။ သူသည်ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ်တွင်းသာသနာ ပြုခဲ့သူလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သူသည် ကက်သလစ်ဘာသာတူတစ်ဦးဖြစ်သော်လည်း ဘုရားတ ရား၌စိတ်အားထက်သန်မူမရှိရုံမျှမကဘဲ ဘုရားကျောင်းကိုပင်မသွားရောက်သည်မှာနှစ်ချီရှိခဲ့ပြီဖြစ်သည်။ သူတော်မြတ်ဖြစ် လာမည့်သားလေးသိတတ်စအရွယ်ရောက်မှ သားဖြစ်သူကပူစာ၍ဘုရားကျောင်းလိုက်ပို့ရင်း၊ မစ္ဆားတရားပါ၀င်ပူဇော်ရာမှ တစ်စတစ်စဘုရားတရားနှင့်ပြန်လည်နီးစပ်လာခဲ့ရာ နောက်ပိုင်း၌မိခင်ကိုယ်တိုင်သည် သားဖြစ်သူကိုလိုက်ရုံမျှမဟုတ် တော့ဘဲ သူကိုယ်တိုင်သည်လည်း စိတ်ပါကိုယ်ရောက်မစ္ဆားတရားပူဇော်ခြင်း၌ပါ၀င်လာခဲ့သည်။

 

သူတော်မြတ်ဖြစ်လာမည့် သားလေးသည် မစ္ဆားတရားနှင့်ကိုယ်တော်မြတ်ကိုအရွယ်နှင့်မလိုက် အောင်ယုံကြည် သူဖြစ်သည်။ သူသည်နည်းပညာကိုလည်းအရွယ်နှင့်မလိုက်အောင် အချို့သောနည်းပညာအင်ဂျင်နီယာတို့ထက်ပင်တတ် ကျွမ်းနားလည်သူဖြစ်သည်။ သူသည် ကိုယ်တော်မြတ်ကိုယုံကြည်လွန်းအားကိုးသောကြောင့် ငယ်ရွယ်စဉ်ကပင် ကိုယ် တော်မြတ်အကြောင်းကိုသီးသန့်တင်ပေးသော စာမျက်နှာတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့သည်။ ထိုစာမျက်နှာတွင် အမိကက် သလစ်သာသနာတော်ကြီး ကိုယ်တော်မြတ် နှင့်စပ်လျင်းသောတန်ခိုးအနုဘော်များအကြောင်းကိုအပိုင်းလိုက်တင်ပြထား သည်။ သူပျံလွန်ချိန်၌ သက်တော် (၁၅) နှစ် သာရှိသေးသည်။

 

သူသည် (၂၁) ရာစု၏သူတော်မြတ်ဖြစ်သောကြောင့် ယနေ့ခေတ်လူငယ်များကဲ့သို့ ဂိမ်းကစားခြင်း၌၀ါသနာထုံ သည်။ သို့သော် အချိန်မသိ၊ စည်းမရှိဘဲဂိမ်းကိုသာကစားသောလူငယ်လေးမဟုတ်။ မိဘများကလည်း၀င်ရောက်မြစ်တား ရသည်အထိ၊ စိတ်ဆင်းရဲရသည်အထိ ဂိမ်းစွဲလူငယ်မဟုတ်။ မိမိ၏တစ်နေ့တာအချိန်၊ တစ်ပတ်တာအချိန်ကို သူကိုယ်တိုင် စီမံပိုင်းခြားနိုင်သည်။ ဂိမ်းကစားခြင်းကိုခုံမင်သော်လည်း တစ်ပတ်လျှင် တစ်နာရီ၊ နှစ်နာရီမျှသာကစားလေ့ရှိပြီး၊ သူ၏ဘာ သာရေး၀တ္တရားများ၊ ကျောင်းစာများ၊ မိဘအားကူညီစရာရှိသည်များကိုမလစ်ဟင်းအောင်ကူညီတတ်သူဖြစ်သည်။ သူ့အား (၁၉၉၁၊ မေလ ၃) ရက်နေ့၊ လန်ဒန်တွင်မွေးဖွားခဲ့ပြီး၊ (၂၀၀၆၊ အောက်တိုဘာလ ၁၂) ရက်နေ့၊ အီတလီနိုင်ငံ၊ မွန်းဇာတွင်ပျံ လွန်သွားခဲ့သည်။

 

ဇူလိုင်လ မတိုင်မီက အဆိုပါဆယ်ကျော်သက်သူတော်မြတ်၏အုတ်ဂူကို ဘုရားဖူးများဖူးနိုင်ရေး အမြဲဖွင့်ထားရန်စီ စဉ်ခဲ့သည်။ သို့သော် ဇူလိုင်လ (၁၅) ရက်နေ့၌မူ သူ့အားသဂြိုလ်ထားသော အာစီးစီသာသနာက ထိုအစီအစဉ်ကိုရွေ့ဆိုင်း ထားကြောင်းပြန်လည်ကြေညာခဲ့သည်။ အစဉ်ဖွင်လှစ်ထားမည့်အစီအစဉ်ကို အခြေအနေကြောင့်ခေတ္တရွေ့ဆိုင်းထားမည် ဖြစ်သော်လည်း နောင်၌အစီအစဉ်အတိုင်းဖွင့်လှစ်ဖူးမြှော်နိုင်ရန်စီစဉ်မည်ဖြစ်သည်။

 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ijS1w2

Add new comment

1 + 5 =