ဆန္ဒထုတ်ဖော်သူတို့၏အသံကိုနား ထောင်ပေးရန် ပုပ်ဖရန် စစ်မေတ္တာရပ်ခံ

ဆန္ဒထုတ်ဖော်သူတို့၏အသံကိုနား ထောင်ပေးရန် ပုပ်ဖရန် စစ်မေတ္တာရပ်ခံ

ဆန္ဒထုတ်ဖော်သူတို့၏အသံကိုနား ထောင်ပေးရန် ပုပ်ဖရန် စစ်မေတ္တာရပ်ခံ

ကမ္ဘာကြီး၏နိုင်ငံအတော်များများ၌ မိမိတို့နိုင်ငံ၏ လိုအပ် ချက်များအပေါ်မူတည်၍ဆန္ဒထုတ်ဖော်နေကြသည်ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် သတိ ထားမိပြီး၊ ကမ္ဘာသူကမ္ဘာသားများတစ်ဖြေးဖြေးနှင့်စိတ်ပျက်လာနေကြသည့်အကြောင်း၊ နိုင်ငံတကာ၌ဖြစ်ပျက်နေသောနိုင်ငံရေးနှင့်လူမူရေးပဋိပက္ခအချို့ကိုဖော်ထုတ်မြွတ်ကြားခဲ့သည်။

ဆန္ဒ ထုတ်ဖော်နေကြသောသူ များအားလည်း ၄င်းတို့ ၏ လိုလားချက်များကိုငြိမ်းချမ်းစွာတောင်းခံရန်၊ မည်သည့် အ ကြမ်း ဖက်မူ၊ ဒေါသရှေ့ထားလုပ်ဆောင်ခြင်းများကိုမပြု လုပ်ရန်လည်းတိုက်တွန်းခဲ့သည်။

နိုင်ငံ့ခေါင်းဆောင်များသို့

ဆန္ဒပြ နေကြသူများအားမေ တ္တာ ရပ်ခံပြီးနောက် ရဟန်း မင်းကြီးသည် နိုင်ငံ့အကြီး အကဲများအားလည်း မိမိတို့ပြည် သူ၏ တောင်းဆို ချက်များကိုကြားနာ၍ လုပ်ပေးသင့်သော၊ လုပ်ပေးနိုင်သောတောင်းဆိုမူများကိုတာ၀န်ခံ၍ဖြည့်ဆည်းပေး ရန်နှင့်၄င်းတို့၏တရားမျှတသောတောင်းဆိုမူများကိုလည်းဖြည့် ဆည်းပေးကြရန်၊ ၄င်းတို့၏လူ့အခွင့် အရေးနှင့်နိုင်ငံသား လွှတ်လပ်ခွင့်ကိုလေးစားရမည်ဟုလည်းတိုက် တွန်းခဲ့သည်။

ဘာသာရေးအသင်းအဖွဲ့များအားတိုက်တွန်းချက်

နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသော နိုင်ငံများမှပြည်သူများ၊ နိုင်ငံ့ခေါင်း ဆောင်များအားမိန့်ကြားပြီးနောက် ဘာသာ ရေးအသင်းအဖွဲ့များအားလည်းမိန့်ကြားခဲ့သည်။ မတည်မငြိမ်ဖြစ်နေသောအခြေ အနေကိုတည်ငြိမ်အောင်ပြု လုပ်နိုင်သမျှ လုပ်ဆောင်ကြရန်၊ တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါကလည်းတွေ့ဆုံဆွေး နွေးပေးရန်၊ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏ ဘာ သာရေးခေါင်းဆောင်များ၏ ကြား ၀င်ဖြန်ဖြေမူဖြင့်နှစ်ဦး နှစ်ဖွဲ့ ကြားပြေလည်စေရန်ဖြစ်သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/3hByBAf

Add new comment

13 + 5 =