ဆင်းရဲသားများနှင်လူ့အသိုင်းအ၀န်းမှ ပယ်ထားခံရသူများတို့၏ ငိုကြွေးသံကို အသင်းတော်ကြီးက ကြားရကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ဆင်းရဲသားများနှင်လူ့အသိုင်းအ၀န်းမှ ပယ်ထားခံရသူများတို့၏ ငိုကြွေးသံကို အသင်းတော်ကြီးက ကြားရကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

အသင်းတော်ကြီးက ၄င်းရဲ့သာသနာပြု လုပ်ငန်းစဉ် ဖြစ်တဲ့ အစေခံခြင်းနဲ့ ဧဝံဂေလိ သတင်းကောင်း ဝေငှရေးတို့ကို စွန့်ပယ်မထားနိုင်​​ကြောင်း နှင့် လူမှုအသိုင်းအဝိုင်း အမှောင်ထုထဲမှာ ဖြစ်ပျက်နေသည့် ကိစ္စ ရပ်များပပျောက်စေရန်လုပ်ဆောင်ဘို့ အရှင်သူမြတ်က ၄င်း၏ တနင်္ဂနွေနေ့ လူထုပရိတ်သတ်နှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ ကက်သလစ်ဘာသာ၀င်များအား မြွက်ကြားလိုက်ပါသည်။
သင်တို့သည် လောက၏ ဆား လောက၏အလင်းဖြစ်ကြ၏ဆိုသည့် တနင်္ဂနွေနေ့က ရှင်မာတေဉီးကျမ်းချက်ကိုထောက်ရှုကာ အရှင်သူမြတ်မြွက်ဆိုတာကတော့ သခင်ခရစ်တော်ဟာ အမှတ်လက္ခဏာပါတဲ့ အဓိပ္ပာယ်ရှိတဲ့ စာသားကို ရွေးချယ်ဟောကြားခဲ့တာဟာ သာသနာပြုရာမှာ သခင်ခရစ်တော်ရဲ့ နောက်လိုက်တွေအတွက် အတုယူရမဲ့ မူ ဖြစ်ပါတယ်။ ဆားရဲ့ အဓိပ္ပာယ်ဟာ စိတ်ရှည်ခြင်း ခွန်အားသတ္တိတို့နဲ့ တနေ့တာဆီတိုင်းကို လန်းဆန်းစွာနဲ့ စတင်ကာ အခြားသူများအကြား နှီးနှောဖလှယ် စကားစမြည်ပြောဘို့ ဖြစ်ပါတယ်။ အလင်းရဲ့ အဓိပ္ပာယ်ဟာ အမှောင်ထုကို ဖြိုခွင်းပြီးကျွန်ုပ်တို့ကိုမြင်စေဘို့ဖြစ်တယ် ဒါ့ကြောင့် အများကြားမှာ သခင်ခရစ်တော်ရဲ့ အလင်းကိုထွန်းလင်းစေဘို့နဲ့ ၄င်းရဲ့ သတင်းကောင်းကို သယ်ဆောင်ပေးဘို့က ခရစ်ယာန်တိုင်းရဲ့ တာ၀န်၀တ္တရားပဲဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ၊ မတရားမှုတွေ ဖိနှိပ်မှုတွေကို ကျော်လွှားပြီး အသင်းတော်ကြီးက ၄င်းရဲ့ သာသနာပြုလုပ်ငန်း စဉ်ဖြစ်တဲ့ အစေခံခြင်းနဲ့ သတင်းကောင်းဝေငှခြင်း ကို စွန့်ပယ် မထားနိုင်ပါဘူးလို့ အရှင်သူမြတ်က တနင်္ဂနွေနေ့ ၄င်း၏ လူထုပရိတ်သတ်နှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ မြွက်ကြားခဲ့ပါသည်။

By Sr Lucia Thandar Aung,SJA
Source: Vatican News

https://www.vaticannews.va/en/pope/news/2020-02/pope-francis-angelus-disciple-mission-dispel-darkness.html

Add new comment

11 + 2 =