ဆင်းရဲသားညီအကိုမောင်နှမများကို မတူမတန်ဆက်ဆံခြင်းမျိုးမပြုရ

ဆင်းရဲသားညီအကိုမောင်နှမများကို မတူမတန်ဆက်ဆံခြင်းမျိုးမပြုရ

ဆင်းရဲသားညီအကိုမောင်နှမများကို မတူမတန်ဆက်ဆံခြင်းမျိုးမပြုရ
ဒီဇင်ဘာလ ၁၃၊ ၂၀၁၉

ဂရုဏာရှင်ယေဇူးကို ကိုးစားသည့်ပြင်သစ်နိုင်ငံမှ ဘုရားဖူးခရီးသည်အဖွဲ့ကို ရဟန်းမင်းကြီးမှလက်ခံတွေ့ဆုံခဲ့ပြီး ဘုရားရှင်သည်လူတိုင်းအား သနားကြင်နာမှုပြသကူညီနေကြာင်း၊ ထို့အတွက်ကြောင့်မိမိပတ်ဝန်းကျင်ရှိ ဆင်းရဲသားညီအကိုမောင်နှမများကို မတူမတန်ဆက်ဆံခြင်းမျိုးကို ရှောင်ကြဉ်ကြဖို့ သတိပေးပြောကြားခဲ့ပါသည်။

ယင်းဘုရားဖူးအဖွဲ့သည် မသန်စွမ်းသူများ၊ ထောင်သားများ၊ ကျန်းမာရေးချို့တဲ့သူများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဆင်းရဲသားများကိုကူညီပေးနေသော သာသနာပိုင်အဖွဲ့အစည်းတခုလည်းဖြစ်ပါသည်။

ရဟန်းမင်းကြီးမှ ဆက်လက်ပြီး ဘုရားရှင်၏ချစ်ခြင်းမေတ္တာတော်သည် မေတ္တာငတ်မွတ်နေသူများ၊ အပြစ်ထဲ၌နစ်မွန်းနေသူများ ကိုကူညီကယ်တင်ရန် ကြွလာခြင်းဖြစ်ပြီး၊ သခင်ခရစ်တော်၌လူသားအဖြစ် လာရောက်ပြသခြင်းဖြစ်ကြောင်း သခင်ခရစ်တော် သည်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခွဲခြားဆက်ဆံမှုမရှိခဲ့သလို၊
ခရစ်တော်၏နောက်လိုက် ကျွန်ုပ်တို့ခရစ်ယာန်များသည်လည်း ချစ်ခြင်းမေတ္တာ၊ ရိုသေလေးစားခြင်း၊ အသိအမှတ်ပြုပေးခြင်း၊ နားလည်ပေးခြင်း စသည့်အရာများဖြင့် သခင်ခရစ်တော်၏နောက်လိုက်များဖြစ်ကြောင်း သက်သေပြကြဖို့နှင့်၊ ခရစ်တော်၏နောက်လိုက်ခရစ်ယာန်များအနေနှင့် ဆင်းရဲသားညီအကိုမောင်နှမများကို မတူမတန်ဆက်ဆံခြင်းမျိုးမပြုလုပ်ကြဖို့ နှိမ့်ချခြင်းတရားများဖြင့်သာ ဘုရားရှင်၏မေတ္တာတော်ကို ရောင်ပြန်ဟပ်စေကြဖို့ သတိပေးပြောကြားခဲ့ပါသည်။
https://bit.ly/2rBMLxv
#rvamyanmarservice

Add new comment

9 + 9 =