ဆင်းရဲခြင်းပပျောက်ရေးအားလုံးဝိုင်းဝန်းကြိုးပမ်းရမည့်တာဝန်ရှိကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ဆင်းရဲခြင်းပပျောက်ရေးအားလုံးဝိုင်းဝန်းကြိုးပမ်းရမည့်တာဝန်ရှိကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ဆင်းရဲခြင်းပပျောက်ရေးအားလုံးဝိုင်းဝန်းကြိုးပမ်းရမည့်တာဝန်ရှိကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ကမ္ဘာ့ဆင်းရဲသားများနေ့ကို စွန့်ဉီးစတင်ခဲ့သူဖြစ်ပါတယ်။ ထိုနေ့ဟာ ပုံမှန်မှာတော့ နိုဝင်ဘာလ မှာကျင်းပတာဖြစ်ပေမယ့် အရှင်သူမြတ်က ကြိုတင် ပြင်ဆင်မှုများကို စတင်စေလိုကြောင်း

ဒါ့ကြောင့်ထိုနေ့အတွက် ပုပ်ဖရန်စစ်ပြင်ဆင်ထားတဲ့ အထူးမဂ်လာသတင်းစကားကို ဗာတီကန်က ထုတ်ပြန်ပြီးဖြစ်ကြောင်း

ထိုမဂ်လာသတင်းစကားထဲမှာ ဆင်းရဲခြင်းကို ကျွန်ုပ်တို့ မြင်နေကြတဲ့ ရှုထောင့်တွေကနေ ပြောင်းလဲမြင်နိုင်ဘို့ ပုပ်ဖရန်စစ်က ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း၊ ဆင်းရဲသားများဟာ လူမှုအသိုင်းအဝိုင်းရဲ့ ပြင်ပကလူတွေမဟုတ်ကြကြောင်း၊ သူတို့တွေရဲ့ ဒုက္ခတွေ အခြေအနေတွေကို ကျွန်ုပ်တို့ မျှဝေခံစားပေးကြရမယ့် ညီအစ်ကိုမောင်နှမများပင်ဖြစ်ကြောင်း

ဧဝံဂေလိသတင်းကောင်းပျံ့ပွားရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီ၏ ဉက္ကဌ ဂိုဏ်းချုပ်ဆရာတော်ကြီး ABP. RINO FISICHELLA က “ကျွန်ုပ်တို့တွေ ဆင်းရဲခြင်းကို ကြုံဖူးပါမှ ဒါကို နက်နက်နဲနဲ နားလည်နိုင်ကြပါမယ်။ ဒါကြောင့် ဆင်းရဲခြင်းအကြောင်း ကို နားမလည်ပါပဲနဲ့ ဆင်းရဲသားကို စကားပြောဆိုခြင်းဟာ အချည်းအနှီးဖြစ်ပါတယ်” လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဆင်းရဲခြင်း ပြဿနာကို ဖြေရှင်းနိုင်မည့်နည်းလမ်းတွေ အထူးသဖြင့် ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးကာလအတွင်းမှာ  ကြိုတင် အစီအစဉ်များချမှတ်ပြင်ဆင်ထားကြဘို့ အစိုးရများနှင့်အဖွဲ့အစည်းများအား တောင်းဆိုထားပါတယ်။

ကမ္ဘာ့ဆင်းရဲသားများနေ့ဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာကျရောက်တာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဆင်းရဲနွမ်းပါးသူများနဲ့အတူ မစ္ဆားတရားပူဇော်ကျင်းပမှာဖြစ်ပြီး ကိုဗစ် အခြေအနေအရ ကြည့်ပြီး အဆင်ပြေပါက ၎င်းတို့နဲ့အတူ နေ့လည်စာကို ဘုန်းပေးသုံးဆောင်သွားမှာဖြစ်ပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Crux Now

https://bit.ly/2SswWXq

Add new comment

1 + 0 =