ဆင်ခြေပေးအပြစ်တင်နေမည့်အစား နွမ်းပါးသူများအတွက် တတ်နိုင်သမျှ လုပ်ဆောင်ကြရန် ရဟန်းမင်းကြီး တိုက် တွန်း

ဆင်ခြေပေးအပြစ်တင်နေမည့်အစား နွမ်းပါးသူများအတွက် တတ်နိုင်သမျှ လုပ်ဆောင်ကြရန် ရဟန်းမင်းကြီး တိုက် တွန်း

ခရစ္စမတ်မတိုင်မှီ နောက်ဆုံးရွတ်ဆိုခြင်းဖြစ်သော အန်ဂျေလူးမေတ္တာ ဆိုနေချိန်တွင် ဗာတီကန် ရင်ပြင်တော်မှနေ၍ အ တူဆိုနေကြသူများနှင့် live မှ ကြည့်ရှုနေသူများကို “ကမ္ဘာ့ကပ်ရောဂါသည် ကျွန်ုပ်တို့အား လုပ်ဆောင်ရမည့်အရာများကို တားမြစ်သလို ဖြစ်နေခြင်းကို အပြစ်တင်မနေဘဲ

ကိုယ့်ထက် ဆင်းရဲနွမ်းပါးသော သူများ အထူးသဖြင့် လူအများ၏ မေ့လျော့ခြင်းခံနေရသူများအတွက် တတ်နိုင်သမျှလုပ်ဆောင်ကြရန်” အ ကြံပြု တိုက်တွန်းခဲ့သည်။

“ခရစ္စမတ်ပွဲတော်ကို စားပွဲ သောက်ပွဲဆန်ဆန် ကျင်းပခြင်းသည် ခရစ္စမတ်၏ စစ်မှန်သော အဓိပ္ပါယ်ကို ကျွန်ုပ်တို့ထံမှ ခိုးယူသွားခဲ့သည်။ ခရစ္စမတ်တွင် အရေးကြီးသောသူမှာ ယေဇူးခရစ်တော်ဖြစ် သည်။ ဗက်သလင်ဟင် နွားစားခွက်ထဲတွင် စစ်မှန်ခြင်း၊ ဆင်းရဲခြင်း နှင့် ချစ်ခြင်းမေ တ္တာတို့ကိုသာ တွေ့ရသည်။

ကျွန်ုပ်တို့၏ နှလုံးသားများကို အမိမယ်တော်၏ ပြစ်မှကင်းစင်သော၊ ဘုရားရှင်ကို ကြိုဆိုနေသော၊ ဘုရားရှင်ကို လက်ခံရန် အဆင်သင့်ဖြစ်နေသော နှလုံးတော်ကဲ့သို့ ဖြစ်ရန် ပြင်ဆင်ကြရမည်ဖြစ်သည်” ဟူ၍ ရဟန်းမင်းကြီး အရှင်သူမြတ်မှ မိန့်မှာခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

Photo courtesy of: AsiaNews

https://bit.ly/2Jbw7xk

Add new comment

1 + 8 =