စံပြုထိုက်သော ရဟန်းမင်းကြီးဖရန်စစ်

စံပြုထိုက်သော ရဟန်းမင်းကြီးဖရန်စစ်

ရဟန်းမင်းကြီးဖရန်စစ်သည် ပြင်သစ်နိုင်ငံ၊ Marseille မြို့မှပြန်ရောက်သည်နှင့်ခရီးပန်းသည်ဟုအ ကြောင်းပြခြင်းမရှိ၊ တနင်္ဂနွေနေ့မွန်းတည့်ချိန်၌ရွတ်ဆိုပူဇော်သော ‘အန်ဂျေလူး’ မေတ္တာကိုမပျက်ကွက်ပဲ ခါတိုင်းကဲ့သို့ စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးလူအုပ်ကြီးနှင့်အတူရွတ်ဆိုပူဇော်ခဲ့ပါသည်။

အန်ဂျေလူးဆုတောင်းမေတ္တာသည် ခမည်းတော်ဘုရား၏လူသားကယ်တင်ခြင်းလုပ်ငန်းစဉ်၌ ခရစ္စတူးသခင်၏လူ့အဖြစ်ယူတော်မူခြင်း၌ အမိမယ်တော်ပါ၀င်စေရန်ရွေးချယ်ခံရကြောင်း သိကြားတမန်ချုပ်ဂါဘရီအဲလ်မှအမိန့်တော်ပြန်ဆိုခဲ့သည့်ဗျာဒိတ်စကားအားဆုတောင်းမေတ္တာအသွင်ပြောင်းလဲရွတ်ဆိုစေသောဧ၀ံဂေလိကျမ်းမှနှုတ်တော်ထွက်စကားဖြစ်သည်။

ဤအန်ဂျေလူးဆုတောင်းမေတ္တာကို အမိမယ်တော်အား သိကြားတမန်ချုပ်ကဲ့သို့ဂုဏ်ပြုနှုတ်ဆက်ရန်၊ ယေဇူးသခင်၏လူ့အဖြစ်ယူတော်မူခြင်းသတင်းကောင်းကိုကြားသိရ၍ ကမ္ဘာသူကမ္ဘာသားများမျှော်လင့်ခဲ့သော ၀မ်းမြောက်ဖွယ်ကယ်တင်ခြင်းသတင်းကောင်းကိုပြန်လည်အမှတ်ရလာစေရန် ထပ်မံကြေညာစေခြင်းဖြစ်သည်။

အမိကက်သလစ်သာသနာတော်ကြီးသည် အန်ဂျေလူးဆုတောင်းမေတ္တာကို တစ်နေ့ (၃) ကြိမ်ရွတ် ဆိုပူဇော်ရန် တိုက်တွန်းနိုးဆော်ပါသည်။

တိုက်တွန်းနိုးဆော်ရာ၌ ဘုရားကျောင်းများမှခေါင်းလောင်းများကိုလည်း မနက်၊ မွန်းတည့်၊ ညနေ (၃) ကြိမ်ထိုး၍နိုးဆော်လေ့ရှိသည်။ သို့သော် ယခုအခါ ဘုရားကျောင်းခေါင်း လောင်းစင်များကား ‘ဘာလဲလ်’ ရဲတိုက်ကဲ့သို့ မိုးထိလုလုဆောက်လုပ်ကြသော်လည်း အန်ဂျေလူးခေါင်း လောင်းကိုပုံမှန်ထိုးရန်ကား အခြေအနေအရသော်လည်ကောင်း၊ သာသနာပိုင်ဆရာတော်ကြီးများ၊ ကျောင်းထိုင်များမှ အားပေးတိုက်တွန်းခြင်း အားနည်း၍သော်လည်းကောင်း ထိုအစဉ်အလာကောင်းသည် တစ်စတစ်စမှေးမှိန်ဖျော့တော့လာနေသလို အချို့နေရာများ၌မျိုးဆက်သစ်လူငယ်များ၊ ကလေးများ အန်ဂျေလူးခေါင်းကိုလုံး၀ပင်မသိတော့။ အန်ဂျေလူးခေါင်းလောင်းထိုးနည်းကိုလည်းမသိတော့သည်အထိဖြစ်လာနေသည်။

အန်ဂျေလူးမေတ္တာကို တစ်နေ့တာ၌ (၃) ကြိမ်ရွတ်ဆိုပူဇော်ခြင်းဖြင့် ယေဇူးသခင်၏လူ့အဖြစ်ယူတော်မူခြင်းသတင်းကောင်းကိုပြန်လည်ဆင်ခြင်၍၀မ်းမြောက်စေရန်၊ ထိုယေဇူးသခင်၏လူ့အဖြစ်ယူတော်မူသောနက်နဲသည့်အဖြစ်တော်၌ မယ်တော်၏ ယုံကြည်ခြင်း၊ နှိမ့်ချခြင်းကြီးမားခြင်း၊ ဘုရားအလိုကိုဦးထိပ်ပန်ဆင်ခြင်းကိုပုံတုယူစေရန်ဖြစ်သည်။ ထို့အတူ ဘုရားရှေ့၌ မျက်နှာရချီးမြောက်ခံရသောမယ်တော်အားနှုတ်ဆက်ဂုဏ်ပြု၍ ကျွန်ုပ်တို့အဖို့မယ် တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုလည်းတောင်းခံခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/VMIJ

Add new comment

1 + 0 =