စီးပွားလုပ်ငန်းရှင်တစုက Relationship တခုရှာနေကြ တဲ့ ကက်သလစ်ဘာသာဝင်တွေအတွက် ဆော့ဖ်ဝဲလ် တစ်ခု ဖန်တီးခဲ့ခြင်း

စီးပွားလုပ်ငန်းရှင်တစုက Relationship တခုရှာနေကြ တဲ့ ကက်သလစ်ဘာသာဝင်တွေအတွက် ဆော့ဖ်ဝဲလ် တစ်ခု ဖန်တီးခဲ့ခြင်း

စီးပွားလုပ်ငန်းရှင်တစုက Relationship တခုရှာနေကြ တဲ့ ကက်သလစ်ဘာသာဝင်တွေအတွက် ဆော့ဖ်ဝဲလ် တစ်ခု ဖန်တီးခဲ့ခြင်း

အထူးသဖြင့် ကက်သလစ်ဘာသာဝင်များအတွက် ချိန်းတွေ့သည့် ဆော့ဖ်ဝဲလ် (app) ကို မက္ကဆီကိုမှ သူငယ်ချင်း ၅ ဦးက ဖန်တီးခဲ့သည်။ ဒီအကြံအစည်တွေဟာ ကပ်ရောဂါ ကာလအတွင်းအတွဲရှာဖွေဖို့ရန် အတွက် သူတို့၏ ကိုယ်ပိုင်ရှာဖွေမှုမှ ဖြစ်လာခြင်းဖြစ်သည်။

"ကိုယ့်မိသားစုတခုအတူတူတည်ဆောက်မယ့် ကြင်ယာဖက်ရှာဖို့အတွက် ကပ်ဘေးကာလမှာ တခြား APP ကိုသုံးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး။ ဒါပေမယ့် အခု app မှာတော့ catholic တွေအတွက်ပဲလုပ်ပေးထားတာဆိုတော့ ကိုယ့်အတွက်ပိုအဆင်ပြေတယ် ကိုယ်သဘောကျတဲ့သူတွေနဲ့ တွေဖို့ ပိုဖြစ်နိုင်တယ်" ပေါ့ဆိုပြီး Lucia Navarro ကဆိုပါတယ်။

လူတွေကို ချိတ်ဆက်ပေးတဲ့အပြင် ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကူညီပေးချင်ပါတယ်။ ဒါကြောင့် အသုံးပြုသူများကို အောင်မြင်တဲ့ ဆက်ဆံရေး တည်ဆောက်နည်းကို သိရှိအောင် ကူညီပေးရန်အတွက် သင်ပေးတဲ့သူလည်း ပါ၀င်ပါသည်။

"အိမ်ထောင်ပြုချင်တဲ့ ကက်သလစ်ဘာသာဝင်တိုင်းအတွက် နံပါတ်တစ် အထောက်အကူပစ္စည်းဖြစ်ချင်ပါတယ်။ ကျွန်ုပ်တို့သည် သူတို့၏ လက်တွဲဖော်ကို သူတို့အဖွဲ့တွင်မရှာဖွေနိုင်သူများကိုသာမက သူတို့၏ ဆက်ဆံရေးကောင်းမွန်စေရန်လည်း ကူညီပေးလိုပါသည်။ ချိန်းတွေ့ခြင်း၊ အိမ်ထောင်ရေး နှင့် လိင်မှုကိစ္စများအကြောင်း ဆွေးနွေးဖို့ သင်ပေးသူတွေပါ ပါဝင်စေလိုပါတယ်ဟု Daniel Mercadoက ဆိုပါသည်။

လူတွေကို မှန်ကန်ပြီး နက်နဲသောချိတ်ဆက်မှုများကို ဖန်တီးရာတွင် ကူညီရန်အတွက် သူတို့၏ ပြီးပြည့်စုံသောလက်တွဲဖော်နှင့် ကိုက်ညီစေမည့် မတူညီသောအချက်အလက်များကို ပေးဆောင်ရန် ဆော့ဖ်ဝဲလ် သုံးစွဲသူများကို တောင်းဆိုပါသည်။ ကလေးဘယ်နှစ်ယောက်လိုချင်လဲ စတဲ့ အနာဂတ်အစီအစဉ်များနှင့်ပတ်သက်သည့် မေးခွန်းများတောင်မှ ရှိပါတယ်။

"Profile တွေကို စာရင်းတခုထားတာ ငါတို့ကမလိုဘူး အဲ့ဒါဆိုလူတွေက တခြားသူတွေကို ပုံကြည့်ပြီး ကြိုက်မကြိုက် ဆုံးဖြတ်လိမ့်မယ်။ ကျွန်ုပ်တို့က လူများအား မတူညီသော အချက်အလက် အမျိုးအစားများဖြင့် ပါ၀င်စေ လိုပါသည်။အသက်အရွယ် နဲ့ ဘယ်နေရာကနေ လာတယ် စတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ၊ ကက်သလစ်ဆိုင်ရာ လှုပ်ရှားမှုများကဲ့သို့ သူတို့၏ ဝိညာဥ်ရေး အချက်အလက်များ ပါဝင်ရမယ်။
သင့်ရဲ့အကြိုက်ဆုံး ရဟန္တာ ကဘယ်သူလဲ၊ သင်ကြိုက်နှစ်သက်တဲ့ ရဟန္တာရဲ့ ကိုးကားချက်၊ ပညာရေးနောက်ခံ သတင်းအချက်အလက်၊ ကလေးဘယ်နှစ်ယောက်လိုချင်လဲ ၊ အပြင်ထွက်ရတာ ကြိုက်တာလား၊ ဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်တွေရှိတာကြိုက်လား စသည့် သတင်းအချက်အလက်ပါဝင်ရမည်" ဟု Veronica Palaciosကဆိုပါတယ်။

ပါတနာတစ်ဦးစီတိုင်းသည် စိတ်ပညာ၊ စျေးကွက်ရှာဖွေရေး၊ ငွေကြေးနှင့် ပညာရေးအပါအဝင် မတူညီသော ပရော်ဖက်ရှင်နယ်နောက်ခံအမျိုးမျိုးမှ လာပါသည်။ သူတို့ရဲ့ ဆော့ဖ်ဝဲလ်ကိုမြောက်နှင့် တောင်အမေရိကမှ သုံးစွဲသူ ၃၀၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ပါတယ်။
သူတို့တွေဟာ ဆော့ဖ်ဝဲလ်မှတဆင့် အတွဲအချင်းချင်းချိတ်ဆက်ကြသည်ဟု ရာချီသော အသုံးပြုသူထံမှကြားသိရပြီး ယခုအခါ ကောင်းမွန်တဲ့ဆက်ဆံရေးမှာ ရှိနေကြတယ်လို့လည်းဆိုပါတယ်။

ဘာသာပြန်- RVA Myanmar

https://bit.ly/3Fsxf72

Add new comment

5 + 0 =