စိမ့်မြေများအား အစိုးရမှ လွှဲပြောင်းယူခြင်းအပေါ် သီရိလင်္ကာ ကက်သလစ် အသင်းတော်မှ ဆန့်ကျင်

စိမ့်မြေများအား အစိုးရမှ လွှဲပြောင်းယူခြင်းအပေါ် သီရိလင်္ကာ ကက်သလစ် အသင်းတော်မှ ဆန့်ကျင်

စိမ့်မြေများအား အစိုးရမှ လွှဲပြောင်းယူခြင်းအပေါ် သီရိလင်္ကာ ကက်သလစ် အသင်းတော်မှ ဆန့်ကျင်

 

သီရိလင်္ကာ  နိုင်ငံ Muthurajawela စိမ့်မြေဒေသအား အစိုးရမှ ရှာဖွေသိမ်းယူမှုပေါ်  သီရိလင်္ကာ ကက်သလစ် အသင်းတော်မှ ဆန့်ကျင်လိုက်ပါတယ်။ အထက်ပါလုပ်ရပ်သည် ဒေသခံများ၏ စားဝတ်နေရေးနှုင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနိုင်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း

အောက်တိုဘာ ၇ ရက်နေ့က   သီရိလင်္ကာ  အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ Muthurajawela စိမ့်မြေဒေသကို အနောက်ပိုင်းခရိုင် အာဏာပိုင်များက လွှဲပြောင်းယူမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း

ကိုလုမ်ဘို ဂိုဏ်းချုပ်ဆရာတော်ကြီး  Cardinal Malcolm Ranjith က အထက်ပါကိစ္စရပ်သည် ဒေသခံပြည်သူများနှင့် ဘာသာရေးနေရာ များစွာအား နစ်နာထိခိုက်နိုင်သည့်အတွက် တရားရုံးချူပ်ထံ တောင်းခံလွှာတင်ပို့ခဲ့ကြောင်း

တနင်္ဂနွေ  မှာတော့ ကိုလုမ်ဘို ကက်သလစ်ဂိုဏ်းချုပ်သာသနာက ဒီအကြောင်းနှင့်ပတ်သက်ပြီး အသိပညာပေးစာစောင်များဖြင့် ရှင်းပြကာဖြန့်ဝေခဲ့တယ်လို့ဆိုပါတယ်။

အင်္ဂါနေ့   မှာလည်း ဘုန်းတော်ကြီးများ သီလရှင်များတို့ က အစိုးရ၏လုပ်ရပ်အတွက် ပြည်သူများ အထူးသဖြင့် ဒေသခံ တံငါသည်များနှင့် အမျိုးသမီးများအား ထိခိုက်နိုင်သည်ဟု ဆိုကာ လမ်းပေါ်ထွက် ဆန္ဓပြခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ ၂၀၁၉ ခုနှစ်က အီစတာ တနဂ်နွေနေ့မှာ အကြမ်းဖက် ဗုံးဖောက်ခွဲမှုကြောင့် ထိခိုက်ခဲ့ကြရတဲ့ မိသားစုများအတွက် တရားမျှတမှုအတွက်လည်း ဆန္ဒပြရာမှာ တပါတည်း ထုတ်ဖော်တောင်းဆိုခဲ့ကြတာပါ။

သီရိလင်္ကာ အစိုးရကတော့ ၎င်းအနေနဲ့ ဒါဟာ Muthurajawela ဒေသကို ကာကွယ်ပေးလို၍ဖြစ်ကြောင်း နှင့် လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက်ဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of LiCAS.news

https://bit.ly/3ktuydv

Add new comment

8 + 4 =