စိန့်ဗင်းဆင့် မီးတောင်ပေါက် ကွဲမှုကြောင့် ကက်သလစ်များဆုတောင်းမေတ္တာတောင်းခံ

စိန့်ဗင်းဆင့် မီးတောင်ပေါက် ကွဲမှုကြောင့် ကက်သလစ်များဆုတောင်းမေတ္တာတောင်းခံ

စိန့်ဗင်းဆင့် မီးတောင်ပေါက် ကွဲမှုကြောင့် ကက်သလစ်များဆုတောင်းမေတ္တာတောင်းခံ

အမေရိကား၊ ကာရေးဘီးယန်း အရှေ့ပိုင်းရှိ မီးတောင်ကြီးတခုဖြစ်သော စိန့်ဗင်းဆင့် မီးတောင်ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်းများစွာဟာ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး၊ ဆုတောင်းပေးကြပါရန် ကက်သလစ်ဘာသာဝင်များက တောင်ခံထားပါတယ်။

သောကြာနေ့နံနက် ၈:၄၁ နာရီ မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ ကျွန်းတခုလုံးချော်ရည်ပြာများဖြင့် ဖုံးလွှမ်းသွားကြောင်း၊ ၁၉၇၉ တွင် တကြိမ်ပေါက်ကွဲခဲ့ပြီး ၁၉၀၂ ခုနှစ် ပေါက်ကွဲမှုတွင် လူပေါင်း ၁၆၀၀ လောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဆက်လက်ဆုတောင်းပေးကြပါရန်ကိုလည်း Kingstown ဂိုဏ်းအုပ်သာသနာမှ ၎င်းတို့ ၏ဖေ့စ်ဘုခ် စာမျက်နှာတွင် ဆုတောင်းမေတ္တာအလျှု နှင့်အတူ အခြားအရေးပေါ်အကူ အညီများကိုလည်း တောင်းခံခဲ့ပါတယ်။

ချော်ရည်ပြာများကြောင့် ခရီး သွားလာမှုတွင်အခက်အခဲရှိ နေပြီး ဒီပြာများကြောင့် အ သက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများလည်းရှိနိုင်တယ်လို့ဆို ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: Al Jazeera

https://bit.ly/2PULyxa

Add new comment

3 + 14 =