Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိန့်ထရေဇားမြို့သို့ လာရောက်ရန် အာဗီလာမြို့တော် ၏မြို့ တော်၀န်နှင့် ဆရာတော်၏ ဖိတ်ကြားချက်အား ရဟန်း မင်းကြီးအရှင်သူမြတ်မှ ငြင်းဆိုခဲ့
စိန့်ထရေဇားမြို့သို့ လာရောက်ရန် အာဗီလာမြို့တော် ၏မြို့ တော်၀န်နှင့် ဆရာတော်၏ ဖိတ်ကြားချက်အား ရဟန်း မင်းကြီးအရှင်သူမြတ်မှ ငြင်းဆိုခဲ့
လာမည့် (၂၀၂၂)တွင် စပိန်လူမျိုး ရဟန္တာလေးဦးဖြစ်သော အာဗီလာမြို့မှ စိန်ထရေဇား၊ လိုရိုလာမြို့မှ အီညာစီဦး၊ စိန်ဖရန်စစ်ဇေးဗီးယား နှင့် လာဗရာဒေါမြို့မှ စိန်အီစီဒိုတို့၏ ရဟန္တာအဖြစ်တင် မြှောက်ခြင်း နှစ်(၄၀၀)ပြည့်ပွဲ ကျင်းပမည်ဖြစ်သည်။ ထို့ ကြောင့် အာဗီလာမြို့မှ ဆရာ တော်က ရဟန်းမင်းကြီးအရှင်သူမြတ်အား ပွဲတော်သို့ လာရောက်ရန် ရောမမြို့သို့ လာရောက်ပြီး ဖိတ်ကြားခဲ့သည်။
ကမ္ဘာအနှံ့အပြား ဖြစ်ပွားနေသော ကပ်ရောဂါဖြစ်နေခြင်းကတစ်ကြောင်း၊ ဆင်းရဲနွမ်း ပါးသော နိုင်ငံများ နှင့် အငယ်ဆုံးသောသူများကိုသာ ဦးစား ပေးလေ့ရှိခြင်းကြောင့်လည်း ကောင်း ယခုဖိတ်ကြားခြင်းကို လက်ခံရန် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်အတွက် အခက်တွေ့ခဲ့သည်။
ယခုအချိန်ထိ ပုပ်ရဟန်းမင်း ကြီးအရှင်သူမြတ် အတည်ပြုထားသော ခရီးစဉ်မှာ လာမည့် (၂၀၂၁) မတ်လတွင် အီရတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်တစ်ခုသာ ရှိသေးသည်။
ဘာသာပြန်-Bro.Patrick Aye Shine Aung
Photo courtesy of: Rome Reports/Youtube
Add new comment