စိန့်ဂျိုးဇက်သီလရှင်များ မှ မြောက်နွားခြံကုန်းရပ်ကွက်မီးဘေးသင့်သူများအတွက် လိုအပ်သည်များ သွားရောက်လှူဒါန်းခြင်း ။

စိန့်ဂျိုးဇက်သီလရှင်များ မှ မြောက်နွားခြံကုန်းရပ်ကွက်မီးဘေးသင့်သူများအတွက် လိုအပ်သည်များ သွားရောက်လှူဒါန်းခြင်း ။

RVA Myanmar

(14.4.2021)

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ် ၊ ဥပုသ်တော်ရပ် အကွက် ၊ အနောက် ၃လမ်း ၇၃ လမ်းနှင့် ၇၆ လမ်းကြား မြောက်နွားခြံကုန်းတွင် ဧပြီလ (၁၃) ရက်နေ့ သင်္ကြန်အကြိုနေ့ မနက် (၄) နာရီအချိန်ခန့်က မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၂၉) အိမ် ၊ အိမ်ထောင်စု (၄၀) စု ၊ လူဦးရေ (၁၈၁) ဦး မီးဘေးသင့်ခဲ့ပါသည်။

အဆိုပါ မီးဘေးသင့် ပြည်သူများသို့ (၁၄.၄.၂၀၂၁) ရက်နေ့ နံနက်ပိုင်းက ၊ မန္တလေး စိန့်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များက အလှူရှင်များမှ လှူဒါန်းလာသော အလှူများကိုထပ်ပေါင်းဖြည့်၍ ဆန်၊ဆီ၊ခေါက်ဆွဲ ၊ ဘီစကစ် ၊ ကြက်သွန် ၊ ငါးသေတ္တာ ၊ ဓာတ်ဆား ၊ ဆပ်ပြာ ၊ အဝတ်အစား ၊ တို့ကို အိမ်ထောင်စု (၄၀) ဦးစာ လှူုဒါန်းခဲ့ပါသည်။

မီးဘေးသင့် ပြည်သူတစ်ဦးက ‘’ ဘာပစ္စည်းမှကို ယူချိန်မရလိုက်ပါဘူး။ အကုန်ပါ သွား တယ်။ ဒါတောင် မိုးတွေရွာထားလို့ မီးကူးသက်သာတာ။ အားလုံး အစက နေပြန်စ ကြရ မှာပါ။ဘယ်တတ်နိုင်ပါ့မလည်းဟု “ မီးဘေးသင့် အသက်(၇၀) ဝန်းကျင် အဘွားတစ်ဦးက ပြောပြခဲ့ပါသည်။

အသက် (၁၅) နှစ်အရွယ် လူငယ်လေးတစ်ဦးမှလည်း “ ဒါသားတို့အိမ်လေ ၊ ကြည့်ပါ အုံး ဗျာ အကုန်ပါသွားတာ ။ ဘယ်သူ့ဘယ်သူမှ ကူညီချိန်မရလိုက်ဘူး ။ ဘေးအိမ်က ဦးလေး ကြီးဆို အပြင်ထွက်ဖို့ အချိန်မရလို့ ရေကန်ထဲ ခုန်ဆင်းပြီး နေရတာ ။ မီးငြိမ်းမှ ထွက်လာ လို့ရတယ်။ ကံကောင်းလို့ပေါ့ဗျာ “ ဟု ပြောပြခဲ့ပါသည်။

“ မီးစလောင်တဲ့ အိမ် အနောက်ဘက် အပေါ်ထပ် သွပ်မိုးပေါ်သို့ ပစ္စည်းတစ်ခု ကျလာပြီး ဘုန်းကနဲ အသံမြည်သွားပြီး နီရဲသွားကြောင်း ၊ သွပ်မိုးအောက်မှ ထုပ်တန်းပြတ်သွားပြီး မီးခိုးမှိုင်းမရှိဘဲ မီးလောင်စေတဲ့ ပစ္စည်းတစ်ခုခု အပေါ်က ကျလာတာ ဖြစ်နိုင်ကြောင်း ၊မီးပေါ့ဆမှုကြောင့် လောင်တာ မဖြစ်နိုင်ဘဲ သံသယဖြစ်စရာ မီးလောင်မှုဖြစ်ကြောင်း ၊ မီးလောင်နေတာကို ငြိမ်းလေ မီးတောက်ပိုတောက်လေဖြစ်သည်မှာလည်း အံ့ဩစရာ ကောင်းကြောင်း “ မီးလောင်ရာနေရာသို့ သွားရောက်ကြည့်ရှုစဉ် မီးလောင်ကွင်းအနီး၌ ရှိနေသည့် သူများက မီးလောင်ရသည့်အကြောင်းကို ပြောပြခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ မီးဘေးသင့် ကယ်ဆယ်ရေးစခန်းရှိ အစ္စလာမ်ဘာသာဝင်မီးဘေးသင့်သူ များထံ သို့ စိန့်ဂျိုးဇက် ကက်သလစ်ခရစ်ယာန် သီလရှင်များက မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်း တိုက်မှ ဗုဒ္ဓဘုန်းတော်ကြီးများနှင့်အတူ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ မီးဘေး သင့်ပြည်သူများအားမန္တလေးမှဒေသခံပြည်သူများကလိုအပ်သည်များလာရောက်ထောက်ပံ့လှူဒါန်းပေးလျှက်ရှိနေကြပြီးယခုလက်တလောအတွက်အဆင်ပြေသော်လည်း မီးဘေးသင့်ပြည်သူများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုလုပ်ဆောင်ပေးရန်လိုအပ်လျှက်ရှိနေတယ်လို့ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

မီးဘေးသင့်ပြည်သူများကို (73B လမ်း - (၄) လမ်း ၊ အကွက် ၃၄ ၊ လမ်းလယ်ဓမ္မာရုံ ) တွင် ကယ်ဆယ်ရေးစခန်းဖွင့်ပေးထားပါသည်။ နေ့ခင်းဘက်တနေကုန် လမ်းလယ်ဓမ္မာရုံတွင် နေထိုင်ကြပြီး ညဘက်အိပ်ချိန်တွင် နီးစပ်ရာ ဆွေးမျိုးသားခြင်းများအိမ်တွင် သွားရောက် အိပ်ရပြီး တချို့လည်း အိမ်ငှားပြီး နေလျှက်ရှိသည်ဟု သိရပါသည်။

Photos News by – Pinky

#RVAMyanmar #rvapastoralcare #MyanmarChurchMedia #မန္တလေးနွားခြံကုန်းမီးဘေးသင့်ကယ်ဆယ်ရေး

#SaveMyanmar #Donation

Add new comment

4 + 6 =