စိန့်ဂျိုးဇက်သီလရှင်များ၏ နှစ်ပတ်လည် သင်တန်းနှင့်ဉပုသ် အောင်မြင်စွာပြီးစီး

စိန့်ဂျိုးဇက်သီလရှင်များ၏ နှစ်ပတ်လည် သင်တန်းနှင့်ဉပုသ် အောင်မြင်စွာပြီးစီး

SJA သီလရှင်များရဲ့ ၂၀၂၃ ခုနှစ်အတွက် သမ္မာကျမ်းစာသင်တန်းနှင့် ဉပုသ်သီလစောင့်တည်ခြင်း ဒုတိယအသုတ် ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ကလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ ကလေးမြို့မှာ မတ်လ ၃ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

သမ္မာကျမ်းစာသင်တန်းကို ဟားခါးကက်သလစ်ဂိုဏ်းအုပ်သာသနာမှ Rev.Fr.Augustine Thang Zawm Ghung နဲ့ ဉပုသ်တရားရေအေးပေးသူကတော့ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ မွန်ဆီညော် Rev. Fr. Peter Sein Hlaing Oo တို့ ဖြစ်ကြပါတယ်။

SJA သီလရှင်အပါး ၃၀ နီးပါး ပါ၀င်ခဲ့တဲ့ ဒီ နှစ်ပတ်လည် သမ္မာကျမ်းစာသင်တန်းနဲ့ ဉပုသ်စောင့်တဲ့နေရာလေးကတော့ စိန့်မေရီကာသီဒြယ် ကျောင်း၀င်းအတွင်းက SJA ကျောင်းမှာဖြစ်ပါတယ်။ ယခုလို စု​ေ၀းတိုင်းမှာ ကျောင်းထိုင်ဘုန်းတော်ကြီးရဲ့ နှိုးဆော် မှုနဲ့ ကျောင်းထိုင်အပါအ၀င် ဘာသာ၀င်များ ဟာ မိမိတို့ တတ်နိုင်တာလေးတွေ လာရောက်လှူဒါန်းထဲ့၀င်ကြသလို ဆွမ်းချက်ပို့သူ တွေနဲ့လည်း အမြဲ
ပြည့်နေပါတယ်။

"အူမတောင့်မှသီလစောင့်"ဆိုတဲ့ စကားလို သီလရှင်များရဲ့ လောကီ အစာအတွက် မပူပင်ရလေအောင် ဘုရားကစီမံပေးရုံမက၊ လောကုတ္တရာ ၀ိညာဉ္အစာအဖြစ် သမ္မာကျမ်းစာကို၎င်း၊ ဉပုသ်စောင့်ခြင်းဖြင့်၎င်း၊ အထူးတလည်ဖြည့်ဆည်းပေးခြင်းကလည်း စစ္စတာရ်များ အတွက်တကယ့်
၀ိညာဉ္အဟာရ ဖြစ်စေပါတယ်။

သမ္မာကျမ်းစာသင်တန်းမှာဆိုရင် Historical Books အကြောင်းကို ဖာသာရ်ဩဂုတ်စတင်းက အကျယ်တ၀ံ့ ရှင်းလင်း​ေ၀မျှပေးခဲ့ပြီး အဖွဲ့လိုက် ဆွေးနွေးတင်ပြခြင်းတွေနဲ့ စစ္စတာရ်များအားပိုမိုသဘောပေါက်နားလည်စေကာ ကယ်တင်ခြင်းသမိုင်းကို ပိုမိုမြည်းစမ်းလေ့လာလိုစိတ်တိုးပွားစေပါတယ်။

သမ္မာကျမ်းစာသင်တန်းနဲ့ပတ်သက်ပြီး Sr. Josephine Lum Yang က“Historical book ကိုသင်ရခြင်းအားဖြင့် Israel လူမျိုးတွေကို ဘုရားက ကျွန်ဘဝကနေကယ်ပေးတယ်။ဘုရားကိုယုံကြည်အားကိုးပြီးတိုက်ပွဲဝင်ကြတဲ့အခါမှာလည်းအောင်မြင်မှုကိုပေးတယ်။ဘုရားရွေးချယ်ခန့်အပ်တဲ့သူတိုင်းကဘုရားကိုသနားခံတဲ့အခါအစာရှောင်ဆုတောင်းပြီးတိုက်ပွဲဝင်ကြတဲ့အခါမှာအောင်မြင်မှုကိုရကြတယ်။ဘုရားလူမျိုးတွေရဲ့ယုံကြည်ခြင်းနဲ့ဘုရားရဲ့သနားကရုဏာကိုသိမြင်ခံစားရပါတယ်။” လို့ဆိုပါတယ်။

၀ိညာဉ္လမ်းညွှန် ဘုန်းဘုန်းကလည်း မစ္ဆားတရားနဲ့ ဉပုသ်တရားပို့ချ ​ေ၀မျှခြင်းကိုသာ ဉီးဆောင်ပေးခဲ့တာမဟုတ်၊ မိမိရဲ့ကိုယ်ပိုင် နားချိန်ကိုပင် ပဓာန မထားပဲ၊ အာပတ်ဖြေခြင်းစက္ကရမင်တူးကိုသော်၎င်း၊ လွတ်လပ်စွာဖြင့်ဆွေးနွေးတိုင်ပင်၊ အကြံပြုလမ်းညွှန်ပေးခြင်းများအတွက်အချိန်ပေးခြင်း၊ ၀ါတွင်းကာလဖြစ်သည့်အလျောက်၊ ဒုက္ခစရိယာလမ်းအတူတကွ လျှောက်လှမ်းကာဆုတောင်းခြင်း၊ တစ်နာရီ၀တ်ပြုကိုးကွယ်ခြင်းနှင့်ကိုယ်တော်မြတ်ကောင်းကြီးတို့အား နေ့စဉ္ ဉီးဆောင်ပေးခြင်းများသည်လည်း ဉပုသ်သည် ညီအမများကို ဘုရားရှင်နှင့် ပိုမိုပေါင်းစပ်နိုင်အောင် ကူညီပေးတဲ့ အချက်များပဲဖြစ်ပါတယ်။

ဉပုသ်နဲ့ပတ်သက်ပြီး Sr.Rose Mary Kyu Kyu Aung က "ကျမတို့ဟာ တမန်တော်လုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ နေ့ရက်အများကြီးရှိခဲ့ကြတယ်။ ဒီအချိန်မှာ၀ိညာဉ္ ခွန်အားဖြည့်ဘို့ လိုအပ်တဲ့အတွက်ကြောင့် ဒီဉပုသ်စောင့်ခြင်း ၆ ရက်တာ ကို ၀ိညာဉ္ အားဆေးတွေသောက်နေရတယ်လို့ခံယူမိတယ်။ ဒီလို ၀ိညာဉ္၌အားဖြည့်ပြီး နောက် ကျမတို့ဟာ ဘုရားသခင်နောက်လိုက်အသက်တာမှာ ဘုရားပေးတဲ့ တာ၀န်ကိုယ်စီကို စွမ်းစွမ်းတမံ ပြန်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ကြမှာပဲလို့ ကျမယုံကြည်တယ်" လို့ဆိုပါတယ်။

၆ ရက်တာပြုလုပ်ခဲ့တဲ့ ဉပုသ်အတွင်းမှာ သုံးပါးသစ္စာခံ သီလသည်များခံယူရတဲ့ ကတိသစ္စာ ၃ ပါးကို ကာနွန်ဉပဒေ တို့ဖြင့် ဆက်နွှယ်ကာ တရားပေးလမ်းညွှန်ခဲ့ခြင်းဟာ အမှန်တကယ် အကျိုးရှိလှတယ်လို့
စစ္စတာရ်များကခံစားကြရပါတယ်။

၎င်းအပြင်အဖွဲ့အစည်းနဲ့ နေထိုင်ခြင်း Community Life ကိုလည်း ကျမ်းချက်များဖြင့်သာမကပဲ " Unity does not come automatically. It was the fruit of combat against selfishness, self-love and pride. It was the fruit of self-sacrifices and respect for others." ( St.Emilie de Vialar) ကဲ့သို့သော အသင်းဂိုဏ်းတည်ထောင်သူ မိခင်အယ်မလီရဲ့ အမှာစကားများကိုပါ ကိုးကား​ေ၀မျှ ခဲ့တာကိုလည်း မှတ်သားနာယူရပါတယ်။

"ကျမအနေနဲ့ကတော့ ဒီဉပုသ်မှာ ရရှိတာလေး​ေ၀မျှချင်ပါတယ်။ လူသားရဲ့ အားနည်းချက်ကို အသုံးချကာ နတ်ဆိုးရဲ့နှောက်ယှက်ခြင်းကိုခံရတဲ့ အချိန်တိုင်း ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲ ဆိုတာကို ပိုပြီးသတိပြုမိလာတဲ့အပြင် ကိုယ်ရရှိထားတဲ့ ခေါ်တော်မူခြင်းကို လမ်းလွဲစေတဲ့ အရာတွေကို သခင်ယေဇူးက နတ်ဆိုး ကိုအောင်နိုင်သလိုရင်ဆိုင်နိုင်ဖို့ ခွန်အားတွေရတယ် လို့ Sr.Assumpta Mang Buah က ဆိုပါတယ်။

မတ်လ ၁၈ ရက်နေ့ နံနက်မှာတော့ ဉပုသ်ထွက်မစ္ဆားတရားတော်မြတ်ကို စိန့်မေရီကာသီဒြယ်၌ ပြုလုပ်ခဲ့ကြပြီး ကတိသစ္စာပြန်လည်ပြုလုပ်ခြင်းဖြင့် နှစ်ပတ်လည်ဉပုသ်ကို အဆုံးသတ်ခဲ့ကြပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
၁၈ ၊ ၃ ၊ ၂၀၂၃

 

Add new comment

3 + 3 =