
ဖိလိပိုင်နိုင်ငံက ကက်သလစ် သီလရှင်နှစ်ပါးဟာ ပုပ်ရဟန်းမင်းကြီး ကြေညာထားတဲ့ "Year of St Joseph" စိန့်ဂျိုးဇက်နှစ် (၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ အထိ) ကို ဂုဏ်ပြုတဲ့ အနေနဲ့ မယ်တော်အိပ်ပျော်နေချိန်မှာ သခင်ယေဇူးကို ထိန်းပေးနေတဲ့ စိန့်ဂျိုးဇက် (သံဇူးဇယ်)ပုံကို လှပတဲ့ ပန်းချီလက်စွမ်းပြ ရေးဆွဲထားပါတယ်။
သီလရှင်ရဲ့ဖေ့စ်ဘုတ်မှာ ဒီလိုရေးထားပါတယ်...
"သင်ရဲ့စိတ်ဝိညာဉ်ကို ဘုရားသခင့်မေတ္တာတော်နဲ့အရောင်ခြယ်သပါ။
ဖေဖေဂျိုးဇက်အတွက် ကျွန်မရဲ့ ရိုးရှင်းတဲ့ လက်ဆောင် တော်မြတ်
စိန့်ဂျိုးဇက်ဟာ ကျွန်မ အကြိုက်ဆုံး သူတော်စင်တွေထဲက တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ စိန့်ဂျိုးဇက်ဟာ ကျွန်မ သီလရှင်ဖြစ်လာဖို့ ခေါ်တော်မူခြင်းကို ကူညီခဲ့တာကြောင့် သူ့ရဲ့ ရုပ်ပုံကို သူငယ်တော် ယေဇူး၊ ကညာစင် မယ်တော်သခင်မနဲ့အတူ (သန့်ရှင်းသောမိသားစု) ပန်းချီဆွဲခွင့်ရလို့ ကျွန်မတကယ်ပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။"
Add new comment