စိန့်ဂျိမ်းဘုရားကျောင်းမှ ဘာသာတူများစုပေါင်းလုပ်ဆောင်သော '' လိုရင်ယူ ၊ပိုရင်လှူ''

စိန့်ဂျိမ်းဘုရားကျောင်းမှ ဘာသာတူများစုပေါင်းလုပ်ဆောင်သော '' လိုရင်ယူ ၊ပိုရင်လှူ''

စိန့်ဂျိမ်းဘုရားကျောင်းမှ ဘာသာတူများစုပေါင်းလုပ်ဆောင်သော '' လိုရင်ယူ ၊ပိုရင်လှူ''

(12.4.2021) ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့နယ်ရှိ စိန့်ဂျိမ်းဘုရားကျောင်းမှ ေကျာင်းထိုင်ဘုန်းတော်ကြ​ီး၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ဘာသာတူများမှမတည်ကာ " လိုရင်ယူ၊ ပိုရင်လှူ'' ဆိုသည့် အလှူတစ်ခုကို ဧပြီလ (11) ရက်နေ့မှစတင်ကာလုပ်ဆောင်ခဲ့သည်ဟုသိရပါသည်။ အဆိုပါ ''လိုရင်ယူ၊ပိုရင်လှူ '' အလှူကို ဧပြီလ (13) ရက်​ေန့ထိ သုံးရက်တာ လှူဒါန်းသွားမှာဖြစ်တယ်လို့လည်းသိရပါသည်။ ဧပြီလ (၁၁)ရက်နေ့တွင် ငါး၊ဆန်၊ဆီ၊ ကြက်သွန် ၊ ဧပြီလ (၁၂)ရက်နေ့တွင် ကြက်သား၊ဆန်၊ဆီ၊ကြက်သွန် ၊ ဧပြီလ (၁၃)ရက်နေ့တွင် ကြက်ဥ၊ ဆန်၊ဆီ၊ကြက်သွန်တို့ကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါသည်။ ယခုလို ''လိုရင်ယူ ၊ပိုရင်လှူ'' အစီအစဉ်ကို လုပ်ဆောင်ဖြစ်ပုံမှာ '' အခြားနေရာတွေမှာလုပ်နေကြတာကိုလည်း ဘုန်းဘုန်းတွေ့တယ်လေ ၊နောက် ကိုယ့်နားပတ်ဝန်းကျင်မှာလည်း အခက်အခဲရှိနေတဲ့သူတွေ အဆင်မပြေတဲ့သူတွေအများကြီးရှိနေတယ်ဆိုတော့ အဲ့လိုလေးလုပ်မယ်ဆိုပြီး ဘာသာတူတွေနဲ့ပြောကြည့်တဲ့အခါ ဘာသာတူတွေကလဲကောင်းပါတယ် ဘုန်းဘုန်း လုပ်ကြမယ်ဆိုပြီး ဒီအလှူကို လုပ်ဆောင်ဖြစ်တာပါ '' ဟု St.James မှ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. David က RVA ကို ပြောပြခဲ့ပါသည်။ အဆိုပါ '' လိုရင်ယူ၊ပိုရင်လှူ '' အလှူကို ဒေါပုံမြို့နယ်ရှိ St.James ဘုရားကျောင်းပတ်ဝန်းကျင်ရှိ လိုအပ်သူ မည်သူမဆို လာရောက်ယူဆောင်နိုင်တယ်လို့လည်းသိရပါသည်။

#လိုရင်ယူပိုရင်လှူ #RVAMyanmar #rvapastoralcare #StJamesCatholicChurchYangon

Add new comment

15 + 4 =