စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင်ကျောင်း၌ စိန်သောမတ်စ် အကွ်ိုင့်နက် ပွဲကျင်းပ

စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင်ကျောင်း၌ စိန်သောမတ်စ် အကွ်ိုင့်နက် ပွဲကျင်းပ

စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင်ကျောင်း၌ စိန်သောမတ်စ် အကွ်ိုင့်နက် ပွဲကျင်းပ

စိန်သောမတ်စ် အကွိုင့်နက် ပွဲနေ့ မစ္ဆားတရားတော်မြတ်ကို မန္တလေး ကက်သလစ် ဂို်ဏ်းချုပ်သာသနာရှိ စိန်သောမတ်စ် အခြေခံ ရဟန်းဖြစ်သင်ကျောင်းတွင် ဇန်နဝါရီလ (၂၈)ရက် နံနက်(၆း၃၀) နာရီက မစ္ဆားတရားပူဇော်၍ ကျင်းပခဲ့ပါသည်။
အခြေခံ ရဟန်းဖြစ်သင်ကျောင်း၏ နာမည်အား စိန်သောမတ်စ် အကွိုင့်နက် အဖြစ် နာမည်ပေးဖြစ်ခဲ့ပုံကို မစ္ဆားတရားအတွင်း သြဝါဒ၌ “ ရဟန်းဖြစ်သင် ကျောင်းသား များဟာ စိန်သောမတ်စ် အကွိုင့််နက် ကဲ့သို့ ဉာဏ်ပညာရှိ ၊ ပညာတတ်ပြီး ဘုန်းကြီး ဖြစ်တဲ့အခါမှာလည်း လူတော် လူကောင်းများ ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ အခြေခံရဟန်းဖြစ်သင် ကျောင်းအား“ စိန်သောမတ်စ် အကွိုင့်နက် ” ပွဲနေ့ကို ယူ၍ စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင် ကျောင်းဟု ပေးခဲ့ခြင်းဖြစ်တယ်ဟု ထိုစဉ်အခါက ကျောင်းအုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ Fr.George Khin Mg Htwe မှ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး Fr.George မှ သြဝါဒ မြွတ်ကြားရာ၌လည်း “ ရဟန်းဖြစ် သင်ကျောင်း ဆိုတာ ရဟန်းကို ရဟန်းတစ်ပါးနဲ့ တူအောင် ထုဆစ် ပေးတဲ့နေရာဖြစ်တယ်။ ရဟန်း ဖြစ်သင်ကျောင်းဟာ အင်မတန် အရေးကြီးတဲ့နေရာ ဖြစ်တယ်။ ကာယံကံရှင် တွေသာမက ဘာသာတူများကလည်း ဘေးနားမှလည်း ပံ့ပိုးဖို့ လိုအပ်တယ် ” ဟုလည်း သြဝါဒ တရားရေအေး တိုက်ကျွေးခဲ့ပါသည်။
စိန်သောမတ်စ် အကွိုင့်နက် ပွဲနေ့ မစ္ဆားတရားသို့ ၎င်းကျောင်း၌ ကျောင်းအုပ် အဖြစ်တာဝန် ထမ်းဆောင်ခဲ့သော ဘုန်းတော်ကြီးများနှင့် အတူ ဘုန်းတော်ကြီး (၁၂) ပါး ပါ၀င်ကာ မစ္ဆားတရားတော်ကို ပူဇော်ကျင်းပခဲ့ပါသည်။
စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင်ကျောင်းတွင် စုစုပေါင်း ကျောင်းသား (၁၈) ဦးရှိိပြီး ကျောင်းအုပ် ဘုန်းတော်ကြီး မှာ Fr.Peter Sein Hlaing Oo , စည်းကမ်းထိန်းသိမ်းရေး Fr. Dominic Toe Wai Aung , ၀ိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး Fr.Edmond Nay Kyaw Lwin တို့ဖြစ်ပါသည်။
Photos & News - Pinky

 

Zawgyi

စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင်ကျောင်း၌ စိန်သောမတ်စ် အကွိုင့်နက် ပွဲကျင်းပ

စိန်သောမတ်စ် အကွိုင့်နက် ပွဲနေ့ မစ္ဆားတရားတော်မြတ်ကို မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာရှိ စိန်သောမတ်စ် အခြေခံ ရဟန်းဖြစ်သင်ကျောင်းတွင် ဇန်န၀ါရီလ (၂၈)ရက် နံနက်(၆း၃၀) နာရီက မစ္ဆားတရားပူဇော်၍ ကျင်းပခဲ့ပါသည်။
အခြေခံ ရဟန်းဖြစ်သင်ကျောင်း၏ နာမည်အား စိန်သောမတ်စ် အကွိုင့်နက် အဖြစ် နာမည်ပေးဖြစ်ခဲ့ပုံကို မစ္ဆားတရားအတွင်း သြ၀ါဒ၌ “ ရဟန်းဖြစ်သင် ကျောင်းသား များဟာ စိန်သောမတ်စ် အကွိုင့်နက် ကဲ့သို့ ဥာဏ်ပညာရှိ ၊ ပညာတတ်ပြီး ဘုန်းကြီး ဖြစ်တဲ့အခါမှာလည်း လူတော် လူကောင်းများ ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ အခြေခံရဟန်းဖြစ်သင် ကျောင်းအား“ စိန်သောမတ်စ် အကွိုင့်နက် ” ပွဲနေ့ကို ယူ၍ စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင် ကျောင်းဟု ပေးခဲ့ခြင်းဖြစ်တယ်ဟု ထိုစဉ်အခါက ကျောင်းအုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ Fr.George Khin Mg Htwe မှ ပြောကြားခဲ့ပါသည်။
စိန်သောမတ်စ် အခြေခံရဟန်းဖြစ်သင်ကျောင်းတွင် စုစုပေါင်း ကျောင်းသား (၁၈) ဦးရှိပြီး ကျောင်းအုပ် ဘုန်းတော်ကြီး မှာ Fr.Peter Sein Hlaing Oo , စည်းကမ်းထိန်းသိမ်းရေး Fr. Dominic Toe Wai Aung , ၀ိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး Fr.Edmond Nay Kyaw Lwin တို့ဖြစ်ပါသည်။
Photos & News - Pinky

Add new comment

10 + 3 =