*** စိန်ဗင်းဆင်းအသင်းအကြောင်းမိတ်ဆက်ပေးခြင်းနှင့်သစ်ပင်စိုက်ပျိုးခြင်း ***

*** စိန်ဗင်းဆင်းအသင်းအကြောင်းမိတ်ဆက်ပေးခြင်းနှင့်သစ်ပင်စိုက်ပျိုးခြင်း ***
(29.9.2019) Pyin Oo Lwin

အပြည်ပြည်ဆိုင်ရာ စိန်ဗင်းဆင်းလူငယ်များပွဲတော်အထိမ်းအမှတ်အဖြစ် မန္တလေးသာသနာ လူငယ်များအား စိန်ဗင်းဆင်းအသင်းအကြောင်းမိတ်ဆက်ခြင်းနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ကို ပြင်ဦးလွင်မြို့ စိန်အာလွိုင့်ရှက်အခြေလံရဟန်းဖြစ်သင်ကျောင်း၌ (28.9.2019) ရက်နေ့က လုပ်ဆောင်ခဲ့ရာ
မန္တလေးမြို့ပေါ်ရှိ သာသနာအုပ်စုအသီးသီးမှ လူငယ် (20)ယောက် ့နှင့်အတူ MCYC လူငယ်ဒါရိုက်တာ Rev.Fr.Nay Kyaw Lwin လည်းအတူတကွ ပါဝင်တက်ရောက်ခဲ့ပါသည်။

စိန်ဗင်းဆင်း လူငယ်ဆက်သွယ်ရေးတာဝန်ခံ အိမွန်မြင့်မောင်မှ Christus Vivit နှင့်စပ်လျဉ်း၍ စိန်ဗင်းဆင်းလူငယ်များခေါ်တော်မူခြင်း ကို ဝေမျှခဲ့ပါသည်။
Christus Vivit (Christ Is Alive)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ '' Christ Is Alive'' စာချွန်တော်ထဲတွင် ငယ်ရွယ်သော သခင်ခရစ်တော်နှင့်ထိတွေ့ရန် လူငယ်များကို တိုက်တွန်းထားပါသည်။
စာချွန်တော်၌ '' သခင်ခရစ်တော်သည် ရှင်သန်သည်။ထိုကဲ့သို့လူငယ်များကိုလည်း သခင်ခရစ်တော်သည် ရှင်သန်စေလိုသည်။ '' (CV -1)
ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော်ထဲ၌ လူငယ်မောင်မယ်များသည် အသင်းတော်၏ ပစ္စုပ္ပန်ဖြစ်၍ လူငယ်များ၏ ပါဝင်လုပ်ဆောင်မှုသည် အလွန်အရေးပါကြောင်းများကို '' မအိမွန်မြင့်မောင် မှ အကျယ်အဝင့်ရှင်းလင်းဝေမျှပေးခဲ့ပါသည်။

မနန်းမွန်အေးမှလည်း စိန်ဗင်းဆင်းအကြောင်းကို လူငယ်များအား အကျယ်တဝင့်ရှင်းလင်းပြောပြခဲ့ပါသည်။
ဦးဉာဏ်လင်းဦးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာကို ဝေမျှခဲ့ပါသည်။

ဒေါ်ခင်ညိုအေးမှ စိန်ဗင်းဆင်းအသင်းဝင်များ၏ စိတ်ဓာတ် ၊ Vincentian Spirituality စတဲ့ အကြောင်းများကို လူငယ်များအား အကျယ်တဝင့်ရှင်းလင်းဝေမျှခဲ့ပါသည်။

စိန်ဗင်းဆင်းအကြောင်းများအား ဝေမျှပြီးသည့်နောက်
တက်ရောက်လာသော လူငယ်မေ ာင်မယ်များထဲမှ စိန်ဗင်းဆင်း လူငယ်ဆက်သွယ်ရေးတါဝန်ခံတစ်ဦးကိုရွေးချယ်ခဲ့ရာ မန္တလေးကက်သလစ်သာသနာလုံးဆိုင်ရ ာ လူငယ်ကော်မရှင် အဖွဲ့ဝင်ထဲမှ မပင်ကီအား မန္တလေးသာသနာအုပ်စုကောင်စီ စိန်ဗင်းဆင်းလူငယ် ဆက်သွယ်ရေးတာဝန်အဖြစ်ရွေးချယ်ခဲ့ပါသည်။

ညနေပိုင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် မိုင်နာကျောင်းဝင်းအတွင်း သစ်ပင်များကိုစိုက်ပျိုးခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

 

Zawgyi

*** စိန္ဗင္းဆင္းအသင္းအေၾကာင္းမိတ္ဆက္ေပးျခင္းႏွင့္သစ္ပင္စိုက္ပ်ိဳးျခင္း ***
(29.9.2019) Pyin Oo Lwin

အျပည္ျပည္ဆိုင္ရာ စိန္ဗင္းဆင္းလူငယ္မ်ားပြဲေတာ္အထိမ္းအမွတ္အျဖစ္ မႏၱေလးသာသနာ လူငယ္မ်ားအား စိန္ဗင္းဆင္းအသင္းအေၾကာင္းမိတ္ဆက္ျခင္းႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေ႐ွာက္ျခင္း ကို ျပင္ဦးလြင္ၿမိဳ႕ စိန္အာလြိဳင့္႐ွက္အေျခလံရဟန္းျဖစ္သင္ေက်ာင္း၌ (28.9.2019) ရက္ေန႔က လုပ္ေဆာင္ခ့ဲရာ
မႏၱေလးၿမိဳ႕ေပၚ႐ွိ သာသနာအုပ္စုအသီးသီးမွ လူငယ္ (20)ေယာက္ ့ႏွင့္အတူ MCYC လူငယ္ဒါ႐ိုက္တာ Rev.Fr.Nay Kyaw Lwin လည္းအတူတကြ ပါဝင္တက္ေရာက္ခ့ဲပါသည္။

စိန္ဗင္းဆင္း လူငယ္ဆက္သြယ္ေရးတာဝန္ခံ အိမြန္ျမင့္ေမာင္မွ Christus Vivit ႏွင့္စပ္လ်ဥ္း၍ စိန္ဗင္းဆင္းလူငယ္မ်ားေခၚေတာ္မူျခင္း ကို ေဝမွ်ခ့ဲပါသည္။
Christus Vivit (Christ Is Alive)
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္မွ '' Christ Is Alive'' စာခြၽန္ေတာ္ထဲတြင္ ငယ္ရြယ္ေသာ သခင္ခရစ္ေတာ္ႏွင့္ထိေတြ႔ရန္ လူငယ္မ်ားကို တိုက္တြန္းထားပါသည္။
စာခြၽန္ေတာ္၌ '' သခင္ခရစ္ေတာ္သည္ ႐ွင္သန္သည္။ထိုက့ဲသို႔လူငယ္မ်ားကိုလည္း သခင္ခရစ္ေတာ္သည္ ႐ွင္သန္ေစလိုသည္။ '' (CV -1)
ပုပ္ရဟန္းမင္းႀကီး၏ စာခြၽန္ေတာ္ထဲ၌ လူငယ္ေမာင္မယ္မ်ားသည္ အသင္းေတာ္၏ ပစၥဳပၸန္ျဖစ္၍ လူငယ္မ်ား၏ ပါဝင္လုပ္ေဆာင္မႈသည္ အလြန္အေရးပါေၾကာင္းမ်ားကို '' မအိမြန္ျမင့္ေမာင္ မွ အက်ယ္အဝင့္႐ွင္းလင္းေဝမွ်ေပးခ့ဲပါသည္။

မနန္းမြန္ေအးမွလည္း စိန္ဗင္းဆင္းအေၾကာင္းကို လူငယ္မ်ားအား အက်ယ္တဝင့္႐ွင္းလင္းေျပာျပခ့ဲပါသည္။
ဦးဥာဏ္လင္းဦးမွ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းျခင္းဆိုင္ရာကို ေဝမ်ွခ့ဲပါသည္။

ေဒၚခင္ညိဳေအးမွ စိန္ဗင္းဆင္းအသင္းဝင္မ်ား၏ စိတ္ဓာတ္ ၊ Vincentian Spirituality စတ့ဲ အေၾကာင္းမ်ားကို လူငယ္မ်ားအား အက်ယ္တဝင့္႐ွင္းလင္းေဝမွ်ခ့ဲပါသည္။

စိန္ဗင္းဆင္းအေၾကာင္းမ်ားအား ေဝမွ်ၿပီးသည့္ေနာက္
တက္ေရာက္လာေသာ လူငယ္ေမ ာင္မယ္မ်ားထဲမွ စိန္ဗင္းဆင္း လူငယ္ဆက္သြယ္ေရးတါဝန္ခံတစ္ဦးကိုေရြးခ်ယ္ခ့ဲရာ မႏၱေလးကက္သလစ္သာသနာလံုးဆိုင္ရ ာ လူငယ္ေကာ္မ႐ွင္ အဖြဲ႔ဝင္ထဲမွ မပင္ကီအား မႏၱေလးသာသနာအုပ္စုေကာင္စီ စိန္ဗင္းဆင္းလူငယ္ ဆက္သြယ္ေရးတာဝန္အျဖစ္ေရြးခ်ယ္ခ့ဲပါသည္။

ညေနပိုင္းတြင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေ႐ွာက္သည့္အေနျဖင့္ မိုင္နာေက်ာင္းဝင္းအတြင္း သစ္ပင္မ်ားကိုစိုက္ပ်ိဳးခ့ဲၿပီး အခမ္းအနားကိုေအာင္ျမင္စြာ ၿပီးဆံုးခ့ဲပါသည္။

Add new comment

2 + 17 =