စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်အသင်းဂိုဏ်း ပွဲနေ့

စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်အသင်းဂိုဏ်း ပွဲနေ့

စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်အသင်းဂိုဏ်း ပွဲနေ့မစ္ဆားတရားအား အင်းစိန် စိန်ပီတာစိန်ပေါလ်ဘုရားကျောင်း၌ နံနက် (6:00)က ကျင်းပပြုလုပ်ခဲ့ပါသည်။
မစ္ဆားတရားတော်မြတ်အား အင်းစိန်လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Blasius မှ ဦးဆောင်၍ Fr.Myint Soe မှသြဝါဒတရားရေအေးတိုက်ကျွေးခဲ့ပါသည်။
သြဝါဒတရားရေအေးတိုက်ကျွေးရာ၌ သာသနာပြုများသည် သာသနာပြုလုပ်ငန်းများအားလုပ်ဆောင်သည့်အခါ အမြဲရွှင်လန်းဝမ်းမြောက်ခြင်း ၊ ပြုံးပျော်ခြင်းများဖြင့် အမှုတော်မြတ်ကိုထမ်းဆောင်ကြဖို့ရန်အတွက် အားပေးတိုက်တွန်းခဲ့ပါသည်။
မစ္ဆားတရားတော်မြတ်သို့ ရန်ကုန်သာသနာအတွင်းရှိ စိန်ဖရန်စစ်ဇေးဗီးအသင်းဂိုဏ်းမှ သီလရှင်များအားလုံး ပါဝင်တက်ရောက်ကာ ကတိသစ္စာကို ပြန်လည်ရွတ်ဆိုခဲ့ကြပါသည်။

Photos News - Pinky

Add new comment

2 + 0 =