စိန်ထရေဇားသီလရှင် ဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ Divine Mercy Centre ၌ ကျင်းပ

စိန်ထရေဇားသီလရှင် ဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ Divine Mercy Centre ၌ ကျင်းပ

(May 7, 2024)

စိန်ထရေဇားသီလရှင် အသင်းဂိုဏ်း၏ အကြီးအကဲ Sr. Assumpta Wong (SJA) ၏ သီလှရှင်၀ါတော် (၆၅) နှစ်ပြည့်ပွဲ မစ္ဆားတရားတော်မြတ်ကို ကလေးသာသာနာပိုင်ဆရာတော်ကြီး Bishop Felix Lian Khen Thang အမှုးပြုကာ ရဟန်း(၂)ပါး၊ သီလရှင် (၄၀) ပါးတို့နှင့်အတူ Divine Mercy Centre ၌ မေလ ၇ ရက်နေ့ ၌ကျင်းပခဲ့ကြသည်။

မစ္ဆားတရားတွင် Fr.Joseph Zo Mung မှ စစ္စတာရ်ကြီးရဲ့ ဝါတော် (၆၅) နှစ်ဆိုတာ ဘုရားရဲ့ကျေးဇူးတော် သက်သက်ဖြစ်ကြောင်း ၊ စစ္စတာရ်ကြီးသည် အလွန်ရိုသေလေးစားထိုက် သူဖြစ်ပြီးအတုယူ‌စရာကောင်းကြောင်း၊ စစ္စတာရ်ကြီး၏ ဦး‌‌ေဆာင်မှုဖြင့်စိန့်ထရေဇားသီလရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်းတို့ကိုပြောကြားခဲ့ပါသည်။

မစ္ဆားတရားအတွင်း Aspirants၀င်လိုသူအဆင့် မှ Postulants သို့တက်လှမ်းသည့် သီလရှင်လောင်း (၁၂ ) ပါးကို Divine Office ခေါ် ပရိတ်မေတ္တာစာအုပ် များပေးအပ်ခဲ့ပါသည်။

Divine Mercy Center သည် သာသနာပိုင်မြေ ဖြစ်ကာ အခုလက်ရှိတွင် စစ္စတာရ်ကြီး Sr. Assumpta Wong နှင့်အတူ စိန့်ထရေဇား လမ်းစဉ္သွယ် သီလရှင် (၆) ပါး၊ သီလရှင်လောင်း (၁၂) ပါးတို့နေထိုင်ကြပါသည်။

သတင်း ။ ။ Veronica,RVA Tedim
ဓာတ်ပုံ ။ ။ RVA Tedim

#RVAZomiChinService
#KalayDiocese
#rva #anniversary

Add new comment

1 + 6 =