စိန်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ် တွင်ထားရှိမည့် စောင့်ကြည့်လူနာများအား နေ့စဉ်အစာရေစာနှင့် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အလှူရှင်များဖိတ်ခေါ်ခြင်း ။

စိန်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ် တွင်ထားရှိမည့် စောင့်ကြည့်လူနာများအား နေ့စဉ်အစာရေစာနှင့် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အလှူရှင်များဖိတ်ခေါ်ခြင်း ။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ် တွင်ထားရှိမည့် စောင့်ကြည့်လူနာများအား နေ့စဉ်အစာရေစာနှင့် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အလှူရှင်များဖိတ်ခေါ်ခြင်း ။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဂျိုးဇက် ရဟန်းဖြစ်တက္ကသိုလ်အား လူဉီးရေ (၁၃၀) ဉီးဆန့်သည့် စောင့်ကြည့်လူနာများ ထားနိုင်ရေးအတွက် သက်ဆိုင်ရာမှ စီမံအသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည် ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ကိုရိုနာဗိုင်းရပ်စ် ဘေးအန္တရာယ်ကာကွယ် ကူညီရေးအသင်းမှ အဆိုပါ ခွင့်ပြုချက်ဖြင့် အဆောက်အဉီးများတွင် ကုတင် ၊ အိပ်ယာ ၊ စားပွဲများ ၊ ရေချိုးခန်း ၊ သန့်စင်ခန်း ၊ ရေ ၊မီး များလည်း အသင့်စီစဉ်ထားရှိပြီး ဖြစ်ကြောင်းသိရှိရပါသည် ။

ယခုအခါ ရဟန်းဖြစ်တက္ကသိုလ်အနေဖြင့် နေရာထိုင်ခင်းနှင့် လိုအပ်သော ပစ္စည်းများကို အဆင်သင့်ပြုလုပ်ထားပြီးဖြစ်သော်လည်း စောင့်ကြည့် လူနာများအတွက် နေ့စဉ် အစာရေစာနှင့် အခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလိုသည့်အတွက် မိဘပြည်သူများလည်း မိမိတို့တတ်နိုင်သလောက် သဒ္ဓါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းဖို့ရန် ဖိတ်ခေါ်ထားတာကိုတွေ့ရှိရပြီး ဆက်သွယ် လှူဒါန်းလာသော အလှူရှင်များကိုလည်းကျေးဇူးတင်ကာ ဆက်လက်၍ ပါဝင်လှူဒါန်းကြရန် ဖိတ်ခေါ်အပ်ပါသည်။

မိဘပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းကာ ကုသိုလ် ယူနိင်ကြောင်း သတင်းကောင်းပါအပ်ပါသည် ။

KBZ Account no.25630225600254901 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်ရန်၊
ဖါသာရ်ရေမွန်ဝေလင်းထွန်း
09761611204
.................................
ဖါသာရ်ဂျွန်လွမ်းမိုးနိုင်
09886740842

Add new comment

12 + 8 =