စိန်ဂျော်ကင်းနှင့်စိန်အာနားပွဲကျင်းပခြင်း။

စိန်ဂျော်ကင်းနှင့်စိန်အာနားပွဲကျင်းပခြင်း။

စိန်ဂျော်ကင်းနှင့်စိန်အာနားပွဲကျင်းပခြင်း။
27.7.2019
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ မြောက်ကိုင်းရွာရှိ စိန်ဂျော်ကင်း နှင့် စိန်အာနား ဘုရားကျောင်းပွဲတော် ကို (27.7.2019 )ရက်​​နေ့ နံနက်​ (8:00)က မစ္ဆားတရားဖြင့်​ ကျင်းပခဲ့ပါသည်။
ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ မစ္ဆားတရားတော်မြတ်ကို ဦးဆောင်ခဲ့ပြီး ဘုန်းတော်ကြီး (24) ပါး ပါဝင်ခဲ့ပါသည်။
ရပ်နီးရပ်ဝေးမှ သီလရှင်များ ၊ ကိုရင်များနှင့် ဓမ္မမိတ်ဆွေများလည်း ပါဝင်ပူဇော်ခဲ့ကြပါသည်။
ဆရာတော်ကြီးမှ သြဝါဒ တရားရေအေးတိုက်ကျွေးရာ၌ ဒီကနေ့ ဟာ အမိမယ်​​တော်မာရီယားရဲ့ ဖခင်နှင့် မိခင်ဖြစ်သော စိန်ဂျော်ကင်းနှင့် စိန်အာနားရဲ့ ပွဲနေ့ကို မိဘများပွဲနေ့အဖြစ်သတ်မှတ်ပြီး ကျင်းပကြကြောင်း၊ ကျွန်ုပ်တို့ ရဟန်း ၊သီလရှင်၊ ဆရာ ၊မိဘများဟာ အရှေ့ကနေ လမ်းကောင်းပြသပေးဖို့လိုကြောင်း၊ ကောင်းမွန်တဲ့ အမွေများလက်ဆင့်ကမ်း ပေးထားနိုင်ခဲ့ရန်လိုအပ်ကြောင်း၊ လူတစ်ယောက် လောကထဲကို စတင်ဝင်ရောက်လာချိန်မှာ ဝမ်းပမ်းတသာဖြင့် ကြိုဆိုကြလေ့ရှိကြောင်း၊ ထို့အတူ သေဆုံးတဲ့အချိန်မှာလည်း ဝမ်းသာစရာကောင်းတဲ့ အဖြစ်မျိုးနဲ့ မဟုတ်ဘဲ သေဆုံးချိန်မှာလဲ ကျန်ခဲ့သူတွေက ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မျိးဖြင့် ကျန်ခဲ့ကာ လူ့သားအကျိုးပြုတဲ့ ၊ အများအကျိုးပြုတဲ့ သူတယောက် အဖြစ် အသက်ရှင်နေထိုင်ကြရန် လိုအပ်ကြောင်းများကို သြဝါဒ တရားရေအေး တိုက်ကျွေးခဲ့ပါသည်။
အဲ့ဒီနောက်မစ္ဆားတရားကို ဆက်လက်ပူဇော်ခဲ့ပါသည်။ မစ္ဆားတရားအပြီးတွင် ကျောင်းထိုင်ဘုန်းတော်ကြီးများကျေးဇူးတင်စကားကိုမြွတ်ကြားခဲ့ပါသည်။
ထို့နောက် မြောက်ကိုင်းမှ ဆရာတော်ဘုရားအား လက်ဆောင်ချီးမြှင့်ခြင်းကိုလုပ်ဆောင်ခဲ့ပါသည်။
အဲ့ဒီနောက် ကြွရောက်လာသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး ဆင်အကဖြင့် ဖျော်ဖြေကာ စိန်ဂျော်ကင်း နှင့် စိန်အာနား ဘုရားကျောင်းပွဲတော်နေ့ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
News By- Pinky

Add new comment

13 + 4 =