စိန့် ဇေးဗီးယား ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ဒေးဗစ် တိုးဝေအောင်နှင့်တွေ့ဆုံခြင်း ။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဘုရားကျောင်းများ၌ သတ်မှတ်လူဦးရေ (၃၀) ဦးဖြင့် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များ စတင်လုပ်ဆောင်ခြင်း ။ (၂၃.၈.၂၀၂၀) '' ကိုယ်တော်က COVID-19 Stay Home ကာလအတွင်းမှာ တခြားသူတွေလို Live လွှင့်ပြီး မစ္ဆားတရား ဟောတာမျိုးတွေ မလုပ်ပေမယ့် ဘာသာသူတွေအိမ်ကို လှည့်လည် ကိုယ်တော်မြတ်ပေးတယ် ။ ကျောင်းကိုလဲ အချိန်မရွေး လာရောက်ကြဖို့ရာလည်း မှာထားတယ် ။ အွန်လိုင်းကနေလွှင့်တဲ့ မစ္ဆားတရားတွေနာယူကြဖို့ရာအတွက် တိုက်တွန်းပေးခဲ့တယ် ။ အခုလို မစ္ဆားဟောခွင့်တွေ ပြန်ရတဲ့အခါမှာလဲ ပျော်လွန်းလို့ အစိုးရရဲ့ ကြေညာချက်ကိုတွေ့တာနဲ့ စီစဉ်စရာ ရှိတာတွေကို အမြန်စီစဉ်ပြီး ဘာသာသူတွေ တစ်ရက်ပဲဖြစ်ဖြစ် မြန်မြန် ဘုရားကျောင်းတက်ခွင့်ရအောင် လူငယ်တွေနဲ့အတူ ညတွင်းချင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ '' စိန့် ဇေးဗီးယား ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ဒေးဗစ် တိုးဝေအောင်က အခုလို ပြောပြခဲ့ပါတယ် ။ စိန့်ဇေးဗီးယား ဘုရားကျောင်းတွင် တနင်္ဂနွေနေ့တိုင်း မစ္ဆားတရား ခြောက်တရားရှိပါသည် ။ နံနက် ခြောက်နာရီ နံနက် ရှစ်နာရီ နံနက် ဆယ်နာရီ ညနေ သုံးနာရီ ညနေ ငါးနာရီ နှင့် ည ခုနှစ်နာရီ တို့တွင် ကဒ်စနစ်ဖြင့် ဘာသာတူများ ပါဝင်တက်ရောက်နိုင်ကြောင်းလည်း သိရှိရပါသည် ။ Interviewer & Edit - Pinky #Localchurchnews #rvapastoralcare #mandalayarchdiocese #stfrancisxavierchurch #covid19 #newnormallife

Add new comment

6 + 0 =