စိန့်အီဂနေးရှပ်(စ်) ၏ အကျင့်ပြောင်းလဲခြင်းနှစ်(၅၀၀) ပြည့်အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပခဲ့

စိန့်အီဂနေးရှပ်(စ်) ၏ အကျင့်ပြောင်းလဲခြင်းနှစ်(၅၀၀) ပြည့်အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပခဲ့

စိန့်အီဂနေးရှပ်(စ်) ၏ အကျင့်ပြောင်းလဲခြင်းနှစ်(၅၀၀) ပြည့်အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပခဲ့

ယေဇူး၏အသင်းဂိုဏ်းကို တည်ထောင်သူ  စိန့်အီဂနေးရှပ်(စ်) ၏ အကျင့်ပြောင်းလဲခြင်းနှစ်(၅၀၀) ပြည့်အထိမ်းအမှတ်ပန်းချီပြိုင်ပွဲတစ်ခု ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ၃၀.၇.၂၀၂၂ ရက်နေ့က ဆုရရှိခဲ့သူစာရင်းကို ကြေညာခဲ့ပါသည်။

ပြိုင်ပွဲခေါင်းစဉ်မှာ “ လိုယိုလာမြို့မှ စိန့်အီဂနေးရှပ်(စ်)အပေါ် ကလေးများနှင့် လူငယ်များ၏ အမြင် “   “ St. Ignatius of Loyola seen by Children and Young People “ ဟူ၍ဖြစ်ပါသည်။

အဆိုပါ ပန်းချီပြိုင်ပွဲအား ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာပြုကလေးသူငယ်များအသင်းနှင့် ယေဇူး၏အသင်းဂိုဏ်း(သို့) ဂျေးဇွတ်အသင်းဂိုဏ်းမှ ရဟန်းတော်များ ပူးပေါင်း၍ ယေဇူး၏အသင်းဂိုဏ်းကို တည်ထောင်သူ စိန့်အီဂနေးရှပ်(စ်) ၏ အကျင့်ပြောင်းလဲခြင်းနှစ်(၅၀၀) ပြည့်အထိမ်းအမှတ်အနေဖြင့် ပန်းချီပြိုင်ပွဲ ကို ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်ကလေးငယ်များသည် အသက်(၆)နှစ် ထိ တစ်တန်း၊ခုနှနှစ်မှရှစ်နှစ်အထိ တစ်တန်း၊ ကိုးနှစ်မှ ဆယ်နှစ်ထိ တစ်တန်း၊ ဆယ့်တစ်နှစ်မှဆယ့်သုံးနှစ်ထိတစ်တန်း၊ ဆယ့်လေးနှစ်မှဆယ့်ငါးနှစ်ထိတစ်တန်း၊ စသဖြင့် အသက်အရွယ်အလိုက်  အတန်းငါးတန်းခွဲ၍  ပြိုင်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။

အသက်(၆)နှစ်အရွယ်အတန်းတွင် ပထဆုရရှိခဲ့သူမှာ Epiphany Church မှ Claire Hghee , ဒုတိယဆုကိုရရှိသွားသူမှာ St.Mary’s Cathedral မှ Elia Phyo တို့ဖြစ်ပါသည်။

အသက် ခုနှနှစ်မှ ရှစ်နှစ်အတန်းတွင် ပထမဆုရရှိခဲ့သူမှာ St. Theresa Church မှ Lucia Eaint Khit Maw Oo , ဒုတိယဆုကိုရရှိခဲ့သူမှာ St.Gabriel  Church  မှ Angeline Lin Latt Yadi , တတိယဆုကို ရရှိခဲ့သူမှာ Ss. Peter and Paul Church မှ John Chit Sitt Aung, တို့ဖြစ်ပါသည်။

အသက် ကိုးနှစ်မှ ဆယ်နှစ်အတန်းတွင် ပထမဆုရရှိခဲ့သူမှာ St. Gabriel Church မှ Win Twel Tar Oo, ဒုတိယဆုကိုရရှိခဲ့သူမှာ St.Mary’s Cathedral မှ Genina Fatima, တတိယဆုကို ရရှိခဲ့သူမှာ Epiphany Church မှ George Ye Yint နှင့် Justa Su Yamone Thaw တို့ဖြစ်ပါသည်။

အသက် (၁၁-၁၃)နှစ်အထိအတန်းတွင် ပထမဆုရရှိခဲ့သူမှာ St. Francis Xavier Church ThanLynn မှ Rosita Thoon Thiri Kyaw နှင့်  St. Joseph Church သင်္ဃန်းကျွန်းမှ ဂျက်ကလင်း၊ ဒုတိယဆုကိုရရှိခဲ့သူမှာ Ss.Peter and Paul Church မှ Fatima Faustina နှင့် Infant Jesus Church မှ Jacinta ၊ တတိယဆုကို ရရှိခဲ့သူမှာ

St. Lazarus Church မှ Peter Sitt Thet Maung နှင့် St. Sebastian Church (ဝါးရုံဆိပ်)မှ John Peterတို့ဖြစ်ပါသည်။ အထူးဆုကို ရရှိသွားသူမှာ Fatima Church (မြေနီကုန်း)မှ Felicia Sein Lae Myint Moဖြစ်ပါသည်။

ဆက်လက်၍ အသက် (၁၄-၁၅)အထိ အတန်းတွင် ပထမဆုရရှိခဲ့သူမှာ Ss. Peter and Paul မှ Bosco ခန့်လူသစ်၊ ဒုတိယဆုကိုရရှိခဲ့သူများမှာ St. Lazarus Church မှ mary Jean Shwe Nay Chi နှင့် Ss. Peter and Paul Church မှ Theresa နန့်ယွန်းဝတီခန့် ၊ တတိယဆုကို ရရှိခဲ့သူမှာ Holy Family (ဖိုးကံပေး) မှ Francis Min Zin Oo နှင့် Holy Innocent Church မှ Moses David တို့က  ဆုအသီးသီးရရှိခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲပြုလုပ်ပေးရခြင်း၏  ရည်ရွယ်ချက်မှာ ကလေးငယ်များအနေဖြင့် “  စိန့်အီဂနေးရှပ်(စ်)၏ ဘဝလုပ်ဆောင်မှုများကိုဖော်ပြရန်၊စိန့်အစ်ကနေရှပ်စ်၏ပြောင်းလဲခြင်းနှစ်(၅၀၀)ပြည့်အထိမ်းအမှတ်ဖြစ်စေရန်၊စိန့်အစ်ဂနေးရှပ်စ်ရေးသားသည့်စာအုပ်ဖြစ်သောSpiritualExercise‘ကိုပိုမိုဂရုပြုလေ့လာစေရန်၊စိန့်အစ်ဂနေးရှပ်စ်၏ကြွယ်ဝသောဝိညာဉ်ရေးဆိုင်ရာအမွေအနှစ်များကိုလူငယ်များနှင့်ကလေးများပိုမိုရှာဖွေသိရှိနိုင်စေရန်၊စိန့် အစ်ဂနေးရှပ်စ်၏အမြင်၊အတွေးအခေါ်များကို ပိုမိုသိရှိလာစေရန်၊ ရဟန္တာများသည် ယနေ့ခေတ်ကာလ၏ လမ်းပြအလင်းရောင်ဖြစ်ကြောင်းပြသရန် “ စသည့်ရည်ရွယ်များဖြင့် ပန်းချီပြိုင်ပွဲအား ကျင်းပခဲ့ ကြခြင်းဖြစ်ကြောင်း ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာပြုကလေးသူငယ်များအသင်း ဉက္ကဌ ဒေါ်ပြုံးပြုံးအောင်က RVA ကိုပြောပြခဲ့ပါသည်။

ဇွန်လ(၁၈) ရက်နေ့ကရန်ကုန်မြို့ ၊ စိန့်မေရီကက်သီဒြယ်၌ ပန်းချီပြိုင်ပွဲကျင်းပခဲ့ကြခြင်းဖြစ်သည်။ ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာအုပ်စုအသီးသီးမှ ပြိုင်ပွဲဝင်ကလေးငယ်ဦးရေ ( ၁၆၁ ) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ (၂၁) ဦး ဆုရရှိခဲ့ခြင်းဖြစ်သည်။

ဆုရရှိခဲ့သူ(21) ဦးအား ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာပြုကလေးသူငယ်များအသင်းမှ ဆုချီးမြှင့်ပေးသွား မည်ဖြစ်ပြီး ဆုရရှိခဲ့သူ (21)ဦး ၏ ပန်းချီများကို ပိုလန်နိုင်ငံသို့ ထပ်မံပေးပို့ကာ  နိုင်ငံတကာမှ ကလေးငယ်များနှင့်အတူ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

News by – Pinky

 

 

 

Add new comment

15 + 3 =