စိန့်အီဂနေးရှပ်စ်ရဲ့ ပြောင်းလဲခြင်းကစတင်ပြီး နှစ်ပေါင်း (၅၀၀) အထိမ်းအမှတ်အကြောင်း  ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မိန့်ကြားချက်

ကမ္ဘာကြီးကို ပြောင်းလဲပစ်တဲ့ အမြောက်ကျည်ဆန်

စိန့်အီဂနေးရှပ်စ်ရဲ့ ပြောင်းလဲခြင်းကစတင်ပြီး နှစ်ပေါင်း (၅၀၀) အထိမ်းအမှတ်အကြောင်း  ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ မိန့်ကြားချက်

 

ကမ္ဘာကြီးကို ပြောင်းလဲပစ်တဲ့ အမြောက်ကျည်ဆန်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀)တုန်းက အမြောက်ကျည်ဆန် ထိမှန်လို့ ဒဏ်ရာရခဲ့တဲ့ စိန့်အီဂနေးရှပ်စ်ဟာ ရဟန္တာရဲ့ ဘဝသာမကဘဲ တစ်ကမ္ဘာ့လုံးကိုပါ ပြောင်းလဲခဲ့တယ် လို့ မိန့်ကြားခဲ့ပါတယ်။ ဂျက်ဇွစ်အသင်းဂိုဏ်းကနေ ပထမဦးဆုံး ပုပ်ရဟန်းမင်းအဖြစ် အရွေးခံခဲ့ရတဲ့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်က မေလ (၂၃)ရက်နေ့၊ ဗီဒီယို မိန့်ခွန်းပြောကြားရာမှာ စိန့်အီဂနေးရှပ်စ်ရဲ့ ပြောင်းလဲခဲ့ခြင်းရဲ့ နှစ်ပေါင်း (၅၀၀)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အကြောင်း မိန့်ကြားသွားခဲ့ပါတယ်။ 

"လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀)တုန်းက ဗန်ဘလိုနာစစ်ပွဲမှာ စိန့်အီဂနေးရှပ်စ်ရဲ့လောကအိပ်မက်တွေကို ချက်ချင်းပဲ ဖျက်ဆီးခံခဲ့ပါတယ်။ အဲဒီမှာ စိန့်အီဂနေးရှပ်စ်ကို ဒဏ်ရာရစေခဲ့တဲ့ အမြောက်ကျည်ဆန်ဟာ ရဟန္တာရဲ့ ဘဝတင်မကဘဲ တစ်ကမ္ဘာလုံးကိုပါး ပြောင်းလဲစေခဲ့တယ်။" ဟု အရှင်သူမြတ်က မိန့ကြားခဲ့ပါတယ်။ တကယ် သေးငယ်တဲ့အရာတွေဟာလည်း အရေးကြီး နေတတ်ပါတယ်။ စိန့်အီဂနေးရှပ်စ်ကို ထိမှန်ခဲ့တဲ့ အမြောက်ကျည်ဆန်ဟာ သူ့ဘ၀ရဲ့ အိပ်မက်တွေကို ဆုံးရှုံး စေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘုရားသခင်ဆီမှာ သူ့အတွက် ပိုပြီးကြီးမားတဲ့ အိပ်မက် ရှိခဲ့ပါတယ်။ ”

ပုပ်ရဟန်းမင်းကြီးရဲ့သတင်းစကားကို ဂျက်ဇွစ်အသင်းဂိုဏ်းရဲ့ အကြီးအကဲဘုန်းတော်ကြီး အော်တူရိုစိုးဇာအပြင် ကမ္ဘာတစ်လွှားက သက်သေခံ ဝေမျှသူများနဲ့အတူ "စိန့်အီဂနေးရှပ်စ်နဲ့အတူ ဘုရားဖူးများ" ခေါင်းစဥ်၊ ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းပဌနာပွဲ အစီအစဥ်နဲ့ လေလှိုင်းမှာ တိုက်ရိုက် ထုတ်လွှင့် ခဲ့ပါတယ်။ ဂျက်ဇွစ်အ သင်းဂိုဏ်းကို တည်ထောင်ခဲ့တဲ့ စိန့်အီဂနေးရှပ်စ်ရဲ့ ငယ်စဥ်က ထင်ရှားကျော်ကြားတဲ့ စစ်သူရဲကောင်း ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၅၂၁ ခုနှစ်မေလ ၂၀ ရက်၊ စပိန်နိုင်ငံမြောက်ပိုင်း ဗန်ဘလိုနာမြို့ကို ခုခံကာကွယ်နေချိန် အမြောက်ကျည်ဆန်က သူ့ရဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့လို့ သူ့ရဲ့စစ်မှုထမ်းတာကို အဆုံးသတ် လိုက်ရတယ်။ 

စိန့်အီဂနေးရှပ်စ်ဟာ ခွဲစိတ်ကုသမှု ခံယူပြီး ပြန်လည်နာလန်ထူနေချိန်မှာ ဝိညာဉ်ရေး ဆန်းသစ်မှုကို ခံစားခဲ့ရပါတယ်။ သူဟာ လမ်းပြန်လျှောက် နိုင်တဲ့အခါ သန့်ရှင်းတဲ့နယ်မြေလို့ လူသိများတဲ့ ယေရုဇလင်မြို့ကို ဘုရားဖူး သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မွန်ဆာရက်မြို့လေးက ဘင်နဒစ်ကျောင်းကိုသွားပြီး သူ့ရဲ့ အပြစ်တွေကို ဝန်ချဆပ်ဖြေခဲ့ပြီး သူ့ရဲ့ စစ်သူရဲကောင်း ဝတ်စုံနဲ့ စစ်တိုက်ဓားမြောင် အရှည်ကို ကညာစင် မယ်တော်သခင်မ အုတ်ဂူရှေ့မှာ ပူဇော်အပ်နှံခဲ့ပြီး အဲဒီအစား သူတောင်းစား အဝတ်ကို ကောက်ဝတ် ခဲ့ပါတယ်။ 

အဲဒီနောက် ၁၅၂၂ မတ်လ ၂၅ ရက်နေ့မှာ မန်ရစ်ဇာမြို့ကလေးကို သွားပြီး (၁၁)လ ကြာအောင် သဘာဝ ဂူလေးတစ်ခုမှာ နေထိုင်ပြီး တရားကျင့်ကြံ ခဲ့ပါတယ်။ အဲဒီနေရာမှာပဲ သူတွေ့ကြုံရတဲ့ ဝိညာဉ်ရေး အာရုံပွင့်လာမှု (ဝိညာဥ်ရေး သိမြင်နားလည်မှု)ကနေ အီဂနေးရှမ်း ဝိညာဥ်ရေးကျင့်စဥ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဝိညာဉ်ရေးကျင့်စဥ် လမ်းညွှန်စာအုပ် "The Spiritual Exercises of St. Ignatius of Loyola" ကို ရေးသားခဲ့ပါတယ်။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က "စိန့်အီဂနေးရှပ်စ်အတွက် ဘုရားသခင်ရဲ့ အိပ်မက်ဟာ အီဂနေးရှပ်စ်အကြောင်းတည်း မဟုတ်ပါဘူး။ အဲဒါက လူတွေရဲ့ ဝိညာဉ်ကို ကူညီခြင်း အကြောင်းပဲ ဖြစ်ပါတယ်။ အဲဒါဟာ ဆင်းရဲ နှိမ့်ချတဲ့ သခင်ယေဇူးနဲ့အတူ လိုက်ပါရင် ကယ်တင်ခြင်းပေးဖို့၊ ကမ္ဘာတစ်ဝန်းလုံးကို သွားရောက်ပြီး အစေခံဖို့ အိပ်မက် ဖြစ်ပါတယ်။ စိန့်အီဂနေးရှပ်စ်ရဲ့ ဗန်ဘလိုနာမြို့မှာ စတင်ပြောင်းလဲခဲ့ခြင်း ဖြစ်ပေးမဲ့လည်း အဲဒီမှာတင် အဆုံးမသတ်ဘူး၊ မပြီးဆုံးသွား ခဲ့ပါဘူး။ စိန့်အီဂနေးရှပ်စ်ရဲ့ ဘဝတစ်လျှောက်လုံးမှာ နေ့နေ့ညည သခင်ယေဇူးကို ဗဟိုပြုကာ ပြောင်းလဲမှု အထပ်ထပ် ဖြတ်ကျော် ခဲ့ရပါတယ်။” လို့ မိန့်ကြားခဲ့ပါတယ်။ 

စိန့်အီဂနေးရှပ်စ်ရဲ့ နှစ်ပေါင်း (၅၀၀)ပြည့် အထိမ်းအမှတ်ကို မေလ ၂၀ ရက်နေ့မှာ ဗန်ဘလိုနာ ဘုရားရှိခိုးကျောင်း တော်ကြီးမှာ မစ္ဆားတရားတော်မြတ်ကို ဒေသခံ ဂိုဏ်းချုပ်ဆရာတော်ကြီး ဖရန့်စစ်ပရက်စ်ဂွန်ဇာလပ်စ်က ပူဇော်ပြီး ဘုန်းတော်ကြီး စိုးဇာက သြဝါဒမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ နောက်ထပ် မီးမောင်းထိုး ကျင်းပရမယ့်ပွဲကတော့ လာမယ့်နှစ် ၂၀၂၂ခုနှစ်၊ မတ်လ ၁၂ရက်နေ့ဟာ စိန့်အီဂနေးရှပ်စ်ကို ရဟန္တာအဖြစ် တင်မြှောက်ခံရခြင်း နှစ်ပေါင်း (၄၀၀)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲကို ရောမမြို့ရှိ ဂျေစူးဘုရားကျောင်းတော်ကြီးမှာ မစ္ဆားတရား ဟောကြား ကျင်းပမှာ ဖြစ်ပါတယ်။ စိန့်အီဂနေးရှပ်စ်နှစ်အဖြစ် သတ်မှတ်တာ တစ်နှစ်တိတိဖြစ်တာကြောင့် လာမယ့်နှစ် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ဂျက်ဇွစ်အသင်းဂိုဏ်းကို တည်ထောင်သူ စိန့်အီဂနေးရှပ်စ်ပွဲနေ့မှာ စိန့်အီဂနေးရှပ်စ်နှစ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ 

ပုပ်ရဟန်းမင်းကြီးရဲ့ ဗီဒီယို သတင်းစကားမှာ အခုလို ဆက်လက်မိန့်ကြား ခဲ့ပါတယ်။ စိန့်အီဂနေးရှပ်စ်ကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲစေတဲ့ ကျင့်စဥ်ကို ဒီစန့်မန့် "discernment" လို့ လူသိများပါတယ်။ 

ဒီစန့်မန့်ကျင့်ကြုံတဲ့ အစပိုင်းမှာ အမြဲတမ်း အောင်မြင်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လမ်းကြောင်းမှန်ပေါ် အရောက်သွားနိုင်ဖို့ သံလိုက်အိမ်မြှောင်နဲ့ လမ်းကြောင်း ရှာရသလို လမ်ကြောင်းကလည်း အလှည့်အပြောင်းတွေ အများကြီး ရှိတတ်ပါတယ်။ မိမိကိုယ်ကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ လမ်းညွှန်ပြသမှုကို အမြဲတမ်း ခံယူလိုက်လျှောက်ခြင်းအားဖြင့် သခင်ယေဇူးဆီကို ပို့ဆောင် ပေးပါတယ်။ အခြားလူတွေဟာလည်း ဘုရားသခင်ရဲ့ အလိုတော်ကို သိနားလည် နိုင်စေဖို့ “နိမိတ်လက္ခဏာများ” ဖြစ်ပါတယ်။ အဲဒါကြောင့် အခြားသူတွေရဲ့ စကားကိုလည်း သေချာနားထောင်ပါ။ အခြေအနေ အမှန်ကို ခန့်မှန်းဖတ်မှတ်ပါ။ ကျွန်ုပ်တို့ဟာ အခြားသူတွေအတွက် လမ်းပြဆိုင်းဘုတ်တွေ ဖြစ်ကြပြီး ကျွန်ုပ်တို့ကနေ ဘုရားသခင်ရဲ့ လမ်းတော်ကို ပြပေးနေကြပါတယ်။ ပြောင်းလဲမှုအတွက် တွေ့ဆုံနွေးဆွေးခြင်းနဲ့ လုပ်ဆောင် ရပါတယ်။ အခြားလူတွေနဲ့၊ ဘုရားသခင်နဲ့သာမက ကမ္ဘာကြီးနဲ့ပါ တွေ့ဆုံဆွေးနွေး ဖို့လိုအပ်ပါတယ်။ 

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “အီဂနေးရှမ်း ဝိညာဉ်ရေး ကျင့်စဥ်ကို လေ့လာ အားထားပြီး လိုက်ကျင့်သူတိုင်း အီဂနေးရှမ်း မိသားစု တစ်စုအဖြစ် အတူတကွ ခရီးပြုကြဖို့ အကျွန်ုပ် ဆုတောင်းပါတယ်။ ပြီးတော့ ဘုရားသခင်က စိန့်အီဂနေးရှပ်စ်ကို ပေးခဲ့တဲ့ ဒီဝိညာဉ်ရေး ကြွယ်ဝမှုကို အခြားသူများစွာက ရှာဖွေတွေ့ရှိ နိုင်ကြဖို့လည်း ဆုတောင်းပေး ပါတယ်” လို့ မိန့်ကြားခဲ့ပါတယ်။

“ဒီစိန့်အီဂနေးရှပ်စ်နှစ်မှာ သင့်တို့အားလုံး ကမ္ဘာတစ်ဝှမ်း သွားရောက်နိုင်ဖို့ စစ်မှန်တဲ့ လှုံ့ဆော်ချက် ရရှိပိုင်ဆိုင်နိုင်ပြီး သခင်ခရစ်တော်၌ အရာရာကို အသစ်သောသဘောနဲ့ မြင်တွေ့နိုင်ကြပါစေလို့ အကျွန်ုပ်ရဲ့ နှလုံးသားကနေ ကောင်းကြီး ပေးလိုက်ပါတယ်။ မိမိကိုယ်ကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကနေ လှုံ့ဆော် ကူညီပေး ခွင့်ပြုကြပါ။ ဘယ်သူမှ တစ်ယောက်တည်း အကယ်မခံရပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း တစ်ခုလုံးအနေနဲ့ ကယ်တင်ခံရမယ်။ ဒါမှမဟုတ်ရင်တော့ ကယ်တင်ခြင်း မခံကြရပါဘူး။ ဘယ်သူကမှ အခြားနည်းလမ်းတွေကို မပြပေးနိုင်ပါဘူး။ သခင်ယေဇူး တစ်ပါးတည်းသာ ကျွန်ုပ်တို့အား လမ်းပြပေး နိုင်ပါတယ်။ ဒီလမ်းကြောင်းကို ကျွန်ုပ်တို့ ရှာတွေ့နိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီပေး ပေးကြဖို့လည်း လိုအပ်ပါတယ်။"

 

ဘာသာပြန်- ထန်းဟာ, SJ

Source:https://bit.ly/3bZ5rLz

(May 24, 2021)

Add new comment

1 + 3 =