စိန့်အလွိုက်ရှက်စ် သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ၏ ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း ကာကွယ်ရေး လုပ်ငန်းများ၌ ပါဝင်လှုပ်ရှားမှု။

စိန့်အလွိုက်ရှက်စ် သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ၏ ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း ကာကွယ်ရေး လုပ်ငန်းများ၌ ပါဝင်လှုပ်ရှားမှု။

စိန့်အလွိုက်ရှက်စ် သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ၏ ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း ကာကွယ်ရေး လုပ်ငန်းများ၌ ပါဝင်လှုပ်ရှားမှု။
(၆.၅.၂၀၂၀)
စိန့်အလွိုက်ရှက်စ် သီလရှင်အသင်းဂိုဏ်းမှ သီလရှင်များ၏ ကိုဗစ် (၁၉) ကပ်ရောဂါ ကာလအတွင်း ကာကွယ်ရေး လုပ်ငန်းများ၌ ပါဝင်လှုပ်ရှားမှု။
(၆.၅.၂၀၂၀)
သာစည်မြို့ရှိ စိန့်အလွိုက်စ် ရှက်စ် သီလရှင်များသည် ဧပြီလ (၃၀) ရက်နေ့က ကိုဗစ် (၁၉) ကာလအတွင်း သာစည်မြို့ ၊ အမှတ် (၁)ရပ်ကွက်ရှိ Quarantine Camp နှင့် မြို့ဝင် / ထွက် စစ်ဆေးရေး ဂိတ်များရှိ Volunteer များအသုံးပြုနိုင်ရန် Hand Sanitizer (250) ml (30) ဘူးနှင့် ဆပ်ပြာအဆီ 1L (2) ဘူး စုစုပေါင်း တန်ဖိုးငွေ ( ၉၃၀၀၀) ကျပ်ဖိုးရှိ ပစ္စည်းများကို ဧပြီလ (၃၀) ရက်နေ့က လှူဒါန်းခဲ့ကြောင်းသိရှိရပါသည် ။
၎င်းအပြင် သာစည်ဆေးရုံ ၊ ပေါက်ခေါင်းဆေးရုံ ၊သာစည် ဘာသာတူ နှင့် မန္တလေးသာသနာအတွက် Hand Gel များကို ပေးပို့လှူဒါန်းထားကြောင်း သာစည်မြို့ စိန့်အလွိုက်ရှက်စ် သီလရှင် အသင်းဂိုဏ်းမှ Sr.Francisca Emanuel (3rd Councillor & Superior of St.Treasa's Convent Tha Zi ) မှပြောပြပေးခဲ့ပါသည် ။
ဆက်လက်၍လည်း မြို့နယ်မိခင်နှင့်ကလေး အဖွဲ့တာဝန်ရှိသူများအား လက်သန့်စင်ဆေး ရေပြု လုပ်နည်းကိုသင်ကြားပေးခဲ့ကြောင်း၊ကုန်ကြမ်း ပစ္စည်း(၃)သိန်းကျော်ဖိုး အသုံးပြု၍သင်ကြား ပေးခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရှိရပါသည် ။ ဆက်လက်၍ အထွေထွေ အုပ်ချုပ်ရေးမှုးရုံး၌ မြို့နယ် အုပ်ချုပ်ရေးမှုး၏ ဇနီးအပါအဝင် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့အားလည်း Hand Gel ပြုလုပ်နည်းကို သင်ကြားပေးခဲ့တယ်လို့သိရှိရပါသည်။
ဆက်လက်၍လည်း ပြည်တော်ပြန်များ ကွာရန်တင်း ဝင်သော နေရာများသို့သွား၍ Mask , Hand Gel နှင့် ဆပ်ပြာအဆီများကိုလည်း သွားရောက်လှူဒါန်းရန် အစီအစဉ်ရှိကြောင်း ပြောပြခဲ့ပါသည် ။ သာစည်မြို့နယ်တွင် ကွာရန်တင်း စင်တာ (၃) နေရာရှိတယ်လို့လည်း သိရှိရပါသည်။သာစည်မြို့မှ စိန့်အလွိုက်ရှက်စ် သီလရှင်များသည် သာစည်မြို့နယ် အုပ်ချုပ်ရေးမှုး ၊ သာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များနှင့်ပူပေါင်း၍ ကိုဗစ် (၁၉) ကပ်ရောဂါ ကာကွယ်ရေးအပိုင်းတွင် တတ်အားသရွေ့ ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည် ။
ဆက်လက်၍လည်း စိန့်အလွိုက်ရှက်စ် သီလရှင်အသင်းဂိုဏ်း ပရောဗင့်စ် အတိုင်းအတာအနေနှင့် ပရောဗင်းရှဲလ်လိတ်တွင် ဆင်းရဲသား လက်လုပ်လက်စား မိသားစု (၂၀) ဉီးအား တအိမ်ထောင်လျှင် (၁၀,၀၀၀) ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ ၊ ပဲ၊ကြာဇံ ၊ ကြက်ဉ ၊ ဆပ်ပြာ စသည့် ပစ္စည်းများကို ဝေငှပေးခဲ့ကြောင်း ၊ CRCM အတိုင်းအတာအနေဖြင့် ပြုလုပ်နေသော ကိုဗစ် (၁၉) ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် စိန့်အလွိုက်စ် ရှက်စ် အသင်းဂိုဏ်းအနေဖြင့် သုံးသိန်း (၃၀၀,၀၀၀)ကျပ် ပါထည့်ဝင်လှူဒါန်းခဲ့ကြောင်း ၊ ရန်ကုန် ကွန်မြူနီးတီးမှလည်းရပ်ကွက် အတွင်းရှိ ဆင်းရဲသော မိသားစုများအား မိမိတို့အတိုင်းအတာအလိုက် မီးဖိုသုံး အခြေခံ စားစရာများကို ထောက်ပံ့ပေးခဲ့ကြောင်း ၊ ပြင်ဉီးလွင် ရွှေနှလုံးတော်ကလေးများ ဂေဟာမှလည်း နှာခေါင်းစီးများကို စက်ချုပ် ၊ လက်ချုပ် ဖြင့် ကိုယ်တိုင် ချုပ်လုပ်ကြလျှက် ကလေးများအားလုံးအတွက်နှင့် ပရောဗင်းရှိလ်လိတ် ကွန်မြူးနီးတီးအတွက် ၎င်း ၊ ရပ်ကွက် ရုံးသို့ အခု (၁၀၀) ၊ ပြင်ဉီးလွင် ကိုဗစ် (၁၉) ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးကော်မတီဌာနသို့ အခု (၁၅၀) ၊၎င်းတို့ပတ်ဝန်းကျင်ရှိ ဆင်းရဲသော မိသားစုသို့လည်း လက်လှမ်းမှီသလောက် ဝေငှပေးခဲ့ကြောင်း ၊ အီတလီနိုင်ငံ ၊ ပါဂူဝါမြို့ရှိ ကွန်မြူးနီးတီး တွင် စစ္စတာအေမလီဟောင်မှ တနေ့လျှင် နှာခေါင်းစည်း အခု(၂၀၀) ချုပ်ပြီးဝေငှလျှက်ရှိကြောင်း စသည်ဖြင့် စိန့်အာလွိုက်ရှက် အသင်းဂိုဏ်းမှသီလရှင်များသည် ကိုဗစ် (၁၉) ရောဂါကာကွယ်ရေး လုပ်ငန်းတွင် တတ်အားသရွေ့ကူညီလုပ်ဆောင်ပေးနေကြကြောင်း သိရှိရပါသည်။
ဆက်လက်၍လည်း စိန့်အလွိုက်ရှက်စ် သီလရှင်များ အသင်းဂိုဏ်းသည် တနိုင်ငံလုံးအတိုင်းအတာြဖင့် ဝိညာဉ်ရေးပိုင်းတွင် နေ့စဉ် ကိုးနာရီ ဆက်တိုက် အလှည့်ကျ ကိုယ်တော်မြတ် ဖူးမျှော်ြခင်းကို လုပ်ဆောင်နေကြောင်း ၊ ထိုကဲ့သို့နေ့စဉ် ကိုးနာရီ ဆက်တိုက် ကိုယ်တော်မြတ်ဖူးမျှော်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြီးအား အမြန်ဆုံး ထိန်းချုပ်နိုင်ရန်အတွက် အဓိကထား ဆုတောင်းကြခြင်း ဖြစ်တယ်ဟု ပြောပြခဲ့ပါသည်။
Photo News by – Pinky

#Covid19 #Covid19inMyanmar #rvapastoralcare #Donation

 

 

Add new comment

11 + 2 =