စိန့်သောမတ်စ် ရဟန်းဖြစ်သင်ကျောင်း၌ Facility Quarantine (21) ရက်ပြည့်ပြီးသူများ မိမိတို့နေအိမ်သို့ပြန်ခြင်း ။

စိန့်သောမတ်စ် ရဟန်းဖြစ်သင်ကျောင်း၌ Facility Quarantine (21) ရက်ပြည့်ပြီးသူများ မိမိတို့နေအိမ်သို့ပြန်ခြင်း ။

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန့်သောမတ်စ် ရဟန်းဖြစ်သင်ကျောင်း၌ Facility Quarantine (21) ရက်ပြည့်ပြီးသူများ မိမိတို့နေအိမ်သို့ပြန်ခြင်း ။
(6.7.2020)

ကရုဏာမြန်မာ ( KMSS -MDY ) မန္တလေးနှင့် အစိုးရတို့ ပူးပေါင်း ၍ဖွင့်လှစ်ထားသော စိန့်သောတ်မတ်စ် အခြေခံ ရဟန်းဖြစ်သင်းကျောင်း၌ ထိုင်းနိုင်ငံမှ ပြန်ဝင်လာ ၍ Facility Quarantine (21) ရက် အသွားအလာ ကန့်သတ်ခံယူပြီးသူများ မိမိတို့ နေအိမ်များသို့ ဇူလိုင်လ (၅) ရက် ၊ (၆) ရက်၊နှင့် (၇) ရက်နေ့များတွင် အသီးသီး နေအိမ်သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည် ။
၎င်းတို့သည် စိန့်သောမတ်စ် ရဟန်းဖြစ်သင်ကျောင်းသို့(၁၅.၆.၂၀၂၀) ရက်နေ့များက စတင်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ပါသည် ။ စိန့်သောမတ်စ်ကျောင်းတွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး (51) ဉီးနေထိုင်ခဲ့ပြီး ၎င်းတို့၏ နှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ် နမူရာများယူ၍ စစ်ဆေးရာတွင်လည်း အားလုံး Covid-19 ( Negative ) ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိခဲ့ ဟု သိရှိရပါည် ။ ယခုအခါ ၎င်းတို့သည် (၂၁) ရက်ပြည့်၍ မိမိတို့နေအိမ်များသို့ ပြန်ခွင့်ရခဲ့ပြီး နေအိမ်တွင် (၇) ရက် ထပ်မံ၍ Home Quarantine ဝင်ကြရမည်ဖြစ်သည်။
အဆိုပါ ကွာရန်တင်းစင်တာတွင် အစိုးရမှ တာဝန်ရှိ ကျန်းမာရေး ဝန်ထမ်းများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကက်သလစ် သာသနာမှ လုပ်အားပေးဆက်ကပ်သူများအဖြစ် စိန့်အာလွိုက်ရှက်စ် သီလရှင် အသင်းဂိုဏ်းမှ Sr.Francisca Emanuel (3rd Councillor & Superior of St.Treasa's Convent, Tha Zi ) ၊ မုံရွာမြို့မှ Veronica ထက်ထက်မိုး၊ ရွာတော်မှ Bosco အုပ်စိုးခန့် နှင့် မန္တလေးမှ ​ ကောင်းစည်သူတို့က စေတနာဖြင့် လာရောက်ဆက်ကပ်လုပ်အားပေးခဲ့ကြပါသည် ။

Add new comment

13 + 0 =