စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် သာမန်လူမှုရေးအဖွဲ့အစည်းမဟုတ် ကမ္ဘာကြီးကို အလှဆင်ပေးနေသော အဖွဲ့အစည်း တစ်ခုဟု ပြည်တော်ကောင်စီဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးပြောကြား

စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် သာမန်လူမှုရေးအဖွဲ့အစည်းမဟုတ် ကမ္ဘာကြီးကို အလှဆင်ပေးနေသော အဖွဲ့အစည်း တစ်ခုဟု ပြည်တော်ကောင်စီဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးပြောကြား

စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် သာမန်လူမှုရေးအဖွဲ့အစည်းမဟုတ် ကမ္ဘာကြီးကို အလှဆင်ပေးနေသော အဖွဲ့အစည်း တစ်ခုဟု ပြည်တော်ကောင်စီဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီးပြောကြား

8.5.2022 (RVA Myanmar)

တောင်ငူ သာသနာ ၊ လိပ်သို မြို့၌ မေလ (၈) ရက်နေ့ ကူညီရိုင်းပင်းမြန်မာ ဖောင်ဒေးရှင်း (စိန့်ဗင်းဆင်းဒီပေါလ် )အသင်း ၏ နှစ်ပတ်လည် အစည်းအဝေးတစ်ခုကို ကျင်းပြပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေး၌ ရန်ကုန်၊ မန္တလေး၊လားရှိုး၊ ဗန်းမော်၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ တောင်ငူ၊ လိပ်သို၊ မြစ်ကြီးနား၊ သာသနာတို့မှ စိန့်ဗင်းဆင်းဒီပေါလ် ဒိုင်အို ကိုယ်စားလှယ်များ ၊ ပြည်တော် ကောင်စီ အဖွဲ့ဝင်များ၊ စိန့်ဗင်းဆင်းလူငယ်ကောင်စီ၊ နှင့် လိပ်သိုသာသနာအုပ်စုမှ စိန့်ဗင်းဆင်းဒီပေါလ် အဖွဲ့ဝင်များနှင့် လူငယ်များ ၊ ပြည်တော်ကောင်စီ ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး ဖာသာရ်စိုးတင့် ၊ တောင်ငူသာသနာ ဝိညာဉ်လမ်းညွှန်ဘုန်းတော် ကြီး ဖာသာရ် စောအားတစ် တို့ ပါဝင်တက်ရောက် ခဲ့ကြပါသည်။

ပြည်တော်ကောင်စီဝိညာဉ် လမ်းညွှန် ဘုန်းတော်ကြီး ဖာသာရ်စိုးတင့် က “ စိန့်ဗင်းဆင်းဒီပေါ်လ် အသင်းဝင်များကို လူမှု‌ရေး ပရဟိတ အဖွဲ့အစည်း တစ်ခု အနေနဲ့ မဟုတ် ဘဲ ကမ္ဘာကြီးကို အလှဆင်နေသော အဖွဲ့ အစည်းတစ်ခုအဖြစ် မြင်ကြောင်း၊ယနေ့ ကမ္ဘာကြီး၌ အချို့သော လူများ၏ အတ္တ ၊ လောဘ၊ မောဟ များကြောင့် ကျွန်ုပ် တို့၏ လှပသော ကမ္ဘာကြီးဟာ အကျည်းတန်နေရကြောင်း၊ ထို အကျည်းတန်နေသောအရာများကို စိန့်ဗင်းဆင်းဒီပေါလ်အသင်း သူ၊ အသင်းသားများက လှပအောင် ဖန်တီးနေကြကြောင်း၊စားစရာမရှိသူများ၊ဝတ်စရာ အဝတ်မရှိသူများ၊ ဖျားနာနေသူများ ၊ ပညာရေးအတွက် ငွေကြေးမတက်နိုင်သူများအတွက် စိန့်ဗင်းဆင်း ဒီပေါလ် အသင်းဟာ ထောက်ပံ့ကူညီပေးနေကြတာဟာ လူမှုရေးသက်သက်မဟုတ်ဘဲ ဘုရားရှင်ကိုယ်တော် တိုင်ဖန်ဆင်းထားတဲ့ လှပတဲ့ ကမ္ဘာကြီးကို ဘုရားရှင်နဲ့အတူတူ ယုံကြည်ချက်နဲ့ လုပ်ဆောင် နေကြတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ကမ္ဘာကြီးကို လှပအောင် ဖန်တီးကြဖို့ တိုက်တွန်းထားကြောင်း၊သခင်ခရစ်တော်က “ ဤလောကကို စီမံအုပ်ချုပ်ကြလော့” ဟု မိန့်မှာခဲ့သည့်အတို်င်း စိန့်ဗင်းဆင်း ဒီပေါလ် အဖွဲ့သား များက ဘုရားရှင်နဲ့အတူတူယုံကြည်ခြင်းဖြင့် ဆက်လက်လှပအောင် ကြိုးစားလုပ်ဆောင ်သွားကြဖို့ရန်အတွက် အားပေးလမ်းညွှန်တိုက်တွန်းခဲ့ပါသည်။

ဆက်လက်ပြီး တောင်ငူ ဂိုဏ်းအုပ်သာသနာ စိန့်ဗင်းဆင်းဒီပေါလ် ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီး ဖာသာရ်စောအားတစ် က အားပေးတိုက်တွန်းစကားများကိုပြောကြားရာ၌လည်း

“ ငှက်ဖြစ်ရင်တောင် ဇာမဏီငှက်၊ ခြေလေးချောင်းသတ္တဝါဖြစ်ရင်တောင် ခြင်္သေ့၊ လူဖြစ်ရင်တော့ စိန့် ဗင်းဆင်းဒီပေါလ် အသင်းဝင်ဘဝရဲ့ လူသားချင်း စာနာလုပ်ငန်းမှာ ပါဝင်ရတာ ပိုမြတ်လှပါတယ်။

သမုဒ္ဒရာကြီးမှာ _ လှမ်းမမြင်နိုင်တဲ့ ကမ်းဆိုတာရှိတယ်။

လူတွေမှာ ငွေ မရှိပေမယ့် ရွှေထက်တန်ဖိုးရှိတဲ့ ဘဝကိုယ်စီ ရှိတယ်။

ဘဝဟာ ခရီးတခု၊ ဘယ်လောက်ပင် ခက်ခဲကြမ်းတမ်းပါစေ ၊ သွားလိုရာ ကိုသွားရတဲ့ ခရီးမှာ လမ်းသာတဲ့သူတွေက လက်တွဲဖေးမရင် ဖြစ်နိုင်ပါတယ်။

လောကမှာနေပြီး ဘာလုပ်ရရင် ပိုကောင်းမလဲလို့ မသိတဲ့သူတွေနဲ့၊ ဒီအခြေအနေရောက်အောင် တွန်းပို့ခံရတဲ့ သူတို့အဖို့ အသက်ရှင်လျက် ပျော် ရွှင်မှုတွေကို မပိုင်ဆိုင်နိုင်ကြဘူး။

အိမ်မက်ဟာ သေသွားရင် လူ့ဘဝက အတောင်ကျိုးလို့ မပျံဝဲနိုင်တဲ့ငှက်လိုပဲ ။

အဆင်မပြေမှုတွေအားလုံး အဆုံးသတ်တဲ့တနေ့မှာ လူ့ဘဝဆိုတာ စတင်တော့တယ်။မြန်မာပြည်သားတွေ ဘဝကိုယ်စီ စနေကြပြီ။

အခုရင်ဆိုင်နေရတဲ့ အခက်အခဲများဟာ သင့်အနာဂတ် ဘဝ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပါဘဲ။

တစ်ခါတစ်ရံ အမှတ်မထင်သော ကောင်းမှု၊ ရက်‌ရောမှုကလေးဟာ လူတစ်ဦးရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ” ဟုဆိုကာ စိန့်ဗင်းဆင်းဒီပေါလ်အသင်းသည် သာသနာလက်အောက်ခံ ကော်မရှင်တစ်ခုထက် ပိုတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင် နေကြတာကို ‌ တွေ့ မြင်ရကြောင်းများကို ပြောကြားခဲ့ပါသည်။

ပြည်တော်ကောင်စီ ဥက္ကဌ ဦးကျော်မင်းနှင့် တက်ရောက် လာသော ဒိုင်အိုဥက္ကဌများနှင့် ကိုယ်စားလှယ်များကလည်း ၎င်းတို့၏ တစ်နှစ်တာ လုပ်ဆောင်ချက်များကို တင်ပြခဲ့ကြပါသည်။

မြန်မာနိုင်ငံရှိ စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့အစည်းအနေဖြင့် ၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်း ချို့တဲ့သူများ၊ အကူအညီလိုအပ်နေသူများ၊ အလုပ်လက်မဲ့များ၊ ကိုဗစ်(၁၉) တတိယလှိုင်းကာလအတွင်း ကိုဗစ် ဝေဒနာရှင်များအတွက် အောက်စီဂျင်ရရှိရေးများတွင်ပါဝင်လုပ်ဆောင် ခဲ့ကြပါသည်။ ပြည်တော်ကောင်စီ အနေဖြင့်လည်း အောက်စီဂျင်အိုးနှင့် အောက်စီဂျင် စက် (၃)လုံးစီ ဝယ်ယူပြီး လိုအပ်သူများအတွက် အခမဲ့ ပြန်လည်ငှားရမ်းပေးခဲ့ကြပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အ‌ခြေအနေအရ လိုအပ်လျှက်ရှိသော သူများအား ဆန်၊တီ၊အဝတ်အထည်၊ ဆေးဝါးထောက်ပံ့မှုများ၊ ချို့တဲ့ကျောင်းသားများအတွက် တက္ကသိုလ် ပညာသင်စရိတ် ထောက်ပံ့မှုများ၊ လုပ်ဆောင်ပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံတွင် သာသနာ (၁၆) ခုရှိပြီး

စိန့်ဗင်းဆင်းဒီပေါလ် အသင်းသည်ဖွဲ့စည်းထားသည့် သာသနာအုပ်စုကောင်စီ (၁၁)ခု ၊ ကွန်ဖရင့်ပေါင်း (၂၂၉)ခု နှင့် လူငယ်ကွန်ဖရင့် (၁၃)ခုရှိပါသည်။

၁၈၈၃ ခုနှစ်က ဖရက်ဒရစ် အိုဇာနာမ် ဆိုသည့် အသက်(၂၀) အရွယ် ဖရက်ဒရစ် အိုဇာနာမ် ဆိုသည့် ကျောင်းသားလေးက ဤအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ထားခဲ့ခြင်းဖြစ်ပါသည်။ ဖရက်ဒရစ်၏ ရည်ရွယ်ချက်မှာ မိမိယုံကြည်ထားသော ခရစ်ယာန်ကောင်းမှု ကုသိုလ်၏ တန်ဘိုးကို သက်သေထူရန်စိန်ခေါ်သည့် အနေဖြင့် အဖိနှိပ်ခံလူတန်းစားနှင့် ဆင်းရဲနွမ်းပါးသူ များအား ကူညီရန် ၎င်း၏ သူငယ်ချင်း မိတ်ဆွေတစ်စုဖြင့် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါသည်။

၁၅၈၁မှ၁၆၆၀ အတွင်း သီတင်းသုံး နေထိုင်ခဲ့သော ရဟန္တာမြတ် စိန့်ဗင်းဆင်းဒီပေါလ်က ဆင်းရဲသားများကို အားကြိုးမာန်တက် ကူညီစောင့်ရှောက်ခဲ့ဖူးသည့် အတွက် ဖရက်ဒရစ် အိုဇာနာမ် ၏ အဖွဲ့အစည်းကို စိန့်ဗင်းဆင်း ဒီပေါလ် အဖွဲ့ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

Newe by -Pinky

#rvamyanmar #rvapastoralcare #rvamyanmarlocalnews #SSVPMYANMAR

Add new comment

10 + 0 =