စိန့်ဖောစတီးနာ၏ပွဲနေ့ကိုအမိသာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်း၌ထည့်သွင်း

စိန့်ဖောစတီးနာ၏ပွဲနေ့ကိုအမိသာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်း၌ထည့်သွင်း

စိန့်ဖောစတီးနာ၏ပွဲနေ့ကိုအမိသာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်း၌ထည့်သွင်း

စိန့်မာရီးယာဖောစတီးနာသည်ပိုလန်လူမျိုးဖြစ်ပြီး၊ သီလရှင်တစ်ပါးဖြစ်သည်။ သူသည်ကရုဏာ ရှင်ယေဇူး အားသဒွါကြည်ညိုရန်ရူပါရုံ ပေးခြင်းခံရသောရဟန္တာတစ်ပါးဖြစ်သည်။ သူ၏ပွဲကိုအောက် တိုဘာလ (၅) ရက်နေ့တွင်နှစ်စဉ်ကျင်းပလေ့ရှိသည်။ ရဟန်းမင်းကြီး၏လက် အောက်ရှိ၀တ် ပြုခြင်းနှင့်ဆိုင်သောရုံးတော်မှယမန်နေ့ (မေလ ၁၈) ကကြေငြာချက်တစ်ခုကိုထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်ကားစိန့်မာရိယာ ဖောစတီးနာ၏ပွဲနေ့ကိုအမိသာသနာတော်ကြီး၏၀တ်ပြုခြင်းတစ်နှစ် တာ၏ပြက္ခဒိန်တွင်ထည့်သွင်းကျင်းပရန်ဖြစ်သည်။

မေ (၁၈) သည်ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) ၏ရာပြည့်မွေးနေ့နှင့်လည်းတိုက်ဆိုင်ခဲ့သည်။ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည် စိန့်ဖောစတီးနာကို (၂၀၀၀) ခုနှစ်၌ရဟန္တာအဖြစ်တင် မြောက်ခဲ့သည်။ သူ၏ပွဲသည်အမိသာသနာတော်ကြီး၏ပွဲတော်လေးမျိုးလေးစား (တနင်္ဂနွေကဲ့သို့ကျင်း ပသောပွဲ၊ တနင်္ဂနွေလောက်မခမ်းနားသောပွဲ၊ မကျင်းပ၍မရသောပွဲ၊ ဒေသအခြေအနေအပေါ်မူတည်၍ ကျင်းပ၍လည်းရ၊ မကျင်းပ၍လည်းရသောပွဲ) အနက်ဒေသအပေါ်မူတည်၍ ကျင်းပ၍လည်းရသကဲ့သို့၊ မကျင်းပ၍လည်းရသောပွဲတော်အမျိုးအစားတွင်ပါ၀င်သည်။

ကြေငြာချက်ကားအောက်ပါအတိုင်းဖြစ်သည်။

ကိုယ်တော်၏ကရုဏာတော်သည်လည်းမိမိကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်သို့သားစဉ်မြေး ဆက်သက်ရောက်လေ၏။ (ရှင်လု ကာ ၁း၅၀) ဤသည်ကားအမိမယ်တော်၏ ‘မာညှီးဖီကပ်’ ဆု တောင်းဖြစ်သည်။ လူသားအားလုံးအတွက် ဘုရားသခင်၏ကယ်တင်ခြင်းလုပ် ငန်းတော်ကိုဆင်ခြင်၍ စိန်ဖောစတီးနာသည်ကောင်းကင်မှရူပါရုံကိုခံယူခဲ့ရသည်။ ထိုရူပါရုံထဲတွင် အလွန်သနားကြင်နာတတ် သောခမည်းတော် ဘုရား၏မျက်နှာတော်ကိုယေဇူးခရစ္ဆတူး၌ဖူးတွေ့ခဲ့ရပြီး၊ သူသည်ယေဇူးခရစ္ဆတူး သခင်၏ကရုဏာတော်ကိုကြေငြာသူဖြစ်လာခဲ့သည်။

စိန့်ဖောစတီးနာအား (၁၉၀၅) ခုနှစ်၊ ပိုလန်နိုင်ငံတွင်မွေးဖွားခဲ့ပြီး၊ (၁၉၃၈) ခုနှစ်တွင်ပျံလွန်သွား ခဲ့သည်။ သူ၏တိုတောင်းသော လောကအသက်တာ၌စိန့်ဖောစတီးနာသည် သနားခြင်း၏မယ်တော်သီ လရှင်တစ်ပါးအဖြစ်ဆက်ကပ်ရှင်သန်ခဲ့သည်။ သူတော်စင်ဘ၀ကိုခံယူပြီး နောက် ဝိညာဉ်ရေးကျင့်စဉ် များကိုပြင်းပြင်းထန်ထန်ကြိုးစားခဲ့သည်။ သူ၏နေ့စဉ်၀ိညာဉ်ရေးမှတမ်း၌ယေဇူးသခင်နှင့်ဆုံဆည်းခဲ့ ပုံနှင့်အများ အတွက်ယေဇူးသခင်သည်သူ့အားအဘယ်သို့မသုံးပြုခဲ့ပုံကိုရေးသားတားသည်။ ချစ်ခြင်းနှင့် သနားကြင်နာခြင်းဖြစ်သောယေဇူးသခင်အားနာ ခံခဲ့ သည်။ လူတို့၏နိမ့်ကျသောအခြေအနေသည်ယေဇူး သခင်၏နှလုံးတော်မှစီးထွက်လာသောကောင်းကြီးကိုနှိုင်းယှဉ်မရပေ။ ယေဇူးသခင်၏နှလုံးတော်မှမ ပြတ်တမ်းသွန်းလောင်းလျှက်ရှိသည်။ နောက်ပိုင်း၌သူသည်ကရုဏာရှင်ယေဇူးအားသဒွါကြည်ညိုသော အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီး၊ တကမ္ဘာလုံးသို့ပျံ့နှံ့အောင်လုပ်ဆောင်ခဲ့သည်။ ကရုဏာရှင်ယေဇူးအားသဒ္ဓါ ကြည်ညိုသောအဖွဲ့အစည်းသည်ကမ္ဘာတစ်၀န်းသို့ပျံ့ပွားသွားပြီး၊ ဘုန်းတော်ကြီးများ၊ ဘာသာတူ များပါမကျန်ပါ၀င်လာကြသည်။ 

ထိုကြောင့်ရဟန်းမင်းကြီးဖရန်စစ်ကဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာတူများ၏ တောင်းဆိုချက်အရစိန့်မာ ရိယာဖောစတီးနာ အားအမိသာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်းပြ က္ခဒိန်၌ထည့်သွင်းပေးရန်သဘောတူညီခဲ့သည်။ ထို့ကြောင့်ယခုနှစ်မှစ၍သူ၏ပွဲနေ့ကို အောက်တိုဘာ လ (၅) ရက်နေ့တွင်တရား၀င်ကျင်းပရန်ထည့်သွင်းခဲ့သည်။

ဘာသာပြန်ဆိုသူ ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2z8hxSg

#october3 #saints #stFaustina #popejohnpaulII
#LiturgicalCalender #Rituals

Add new comment

9 + 0 =