စိန့်ပီတာရင်ပြင်၌ခရစ္စမတ်သစ်ပင်စိုက်ထူတော့မည်

စိန့်ပီတာရင်ပြင်၌ခရစ္စမတ်သစ်ပင်စိုက်ထူတော့မည်

ဗာတီကန်ရှိစိန့်ပီတာရင်ပြင်၌ နှစ်စဉ်နှစ်တိုင်းဧရာမခရစ္စမတ်သစ်ပင်ကြီးကိုစိုက်ထူလေ့ရှိသည်။ ထိုခရစ္စမတ်သစ်ပင်ကိုစိုက်ထူသည့်အစဉ်အလာကို (၁၉၈၂) ခုနှစ်ကစတင်ခဲ့သည်။ ယခုနှစ် (၂၀၂၃) ၏ခရစ္စမတ်သစ်ပင်ကို ဒီဇင်ဘာ (၉) ရက်နေ့၌စတင်၍မီးများဖြင့်အလှဆင်ပြင်တော့မည်ဖြစ်သည်ဟုဆိုခဲ့သည်။

ခရစ္စမတ်ရောက်လာလျှင် ခရစ္စမတ်သစ်ပင်ကိုစိုက်ထူကြသည်။ သို့သော် ခရစ္စမတ်သစ်ပင်၏ သမိုင်းကိုကားသိသူများရှိသကဲ့သို့မသိသူများလည်းရှိကြပေမည်။ သမိုင်းကြောင်းကိုပြန်ဖွေရှာကြည့်လျှင် (၁၂) ရာစုသို့ပြန်သွားရမည်ဖြစ်သည်။ သို့သော် ဗာတီကန်အနေဖြင့် (၂၀) ရာစုမှသာ ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်၏ အလယ်ဗဟိုတွင် ခရစ္စမတ်သစ်ပင်ကိုစတင်စိုက်ထူသည့်အလေ့အထကိုပြုလုပ်လာခဲ့သည်။ ထို့ အတူ အမှန်တကယ်မိသားစုအိမ်အရွယ်အစားရှိသည့်သူငယ်တော်အိမ်ကိုလည်းတည်ဆောက်သရုပ်ဖော်၍ သူငယ် တော်၏မွေးဖွားခြင်း၊ သန့်ရှင်းသောအိမ်ထောင်စု၏ပုံရိပ်ကိုမျက်၀ါးထင်ထင်ဖော်ပြလာခဲ့သည်။

ယခုနှစ်၏ခရစ္စမတ်သစ်ပင်သည် လွန်စွာလှပသည့်အပြင် နှစ်လိုဖွယ်ကြည့်ကောင်းလှပါ သည်။ ရောင်စုံမီးများ၊ အလှချိပ်ဆွဲသောပန်းများတပ်ဆင်ပြီးလျှင်ပို၍ပင်ရူချင်စရာဖြစ်လာပေမည်။ ခရစ္စမတ်သစ်ပင်အားမီးထွန်ညှိခြင်းအစီအစဉ်ကို ဒီဇင်ဘာ (၉) ရက်နေ့ညနေပိုင်း ဒေသစံတော်ချိန် (၅) နာရီတွင် ကျင်းပမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ ဤလုပ်ငန်းစဉ်များအားလုံးကို ဗာတီကန်မှသက်ဆိုင်ရာ၀န်ထမ်းများကသတိကြီးစွာဖြင့်လုပ်ဆောင်မည်ဖြစ် သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/33sVq

Add new comment

1 + 12 =