စိန့်ပီတာဘာစီးလီကားဘုရားကျောင်းတော်ကြီး၌ ဘာသာတူများမပါဘဲပူဇော်သောမစ္ဆားတရားပူဇော်ခြင်းကိုခွင့်ပြုတော့မည်မဟုတ်။

စိန့်ပီတာဘာစီးလီကားဘုရားကျောင်းတော်ကြီး၌ ဘာသာတူများမပါဘဲပူဇော်သောမစ္ဆားတရားပူဇော်ခြင်းကိုခွင့်ပြုတော့မည်မဟုတ်။

စိန့်ပီတာဘာစီးလီကားဘုရားကျောင်းတော်ကြီး၌ ဘာသာတူများမပါဘဲပူဇော်သောမစ္ဆားတရားပူဇော်ခြင်းကိုခွင့်ပြုတော့မည်မဟုတ်။

         မတ်လ (၂၂) နေ့မှစ၍ ဘာသာသူများမပါပဲ မစ္ဆားတရားပူဇော်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဗာတီကန်ရုံးတော်မှ ကြေငြာချက်တစောင်ထွက်ပေါ်လာခဲ့ပါသည်။   ထိုကြေငြာချက်ကား စိန့်ပီတာဘာစီးလီကာဘုရားကျောင်းတော်ကြီးအတွင်း၌ ဘာသာတူများမပါဘဲ ဘုန်းတော်ကြီးတစ်ပါးတည်းသာ မစ္ဆားတရား ပူဇော်ခြင်းကိုခွင့်ပြုတော်မည်မဟုတ်ကြောင်း အသိပေးသောကြေငြာချက်ဖြစ်သည်။

         ဘုရားကျောင်းတော်ကြီးအတွင်း၏ ဘေးဘက်၀ဲယာ၌မစ္ဆားပလ္လင်ငယ်များရှိကြသည်။ ဘုရားကျောင်းအတွင်း၌ ပင်မမိစ္ဆားပလ္လင်တစ်ခုတည်းသာရှိသည်။ ကျန်ပလ္လင်များမှာဘေးပလ္ဘင်များဖြစ်ကြသည်။  ထိုပင် မမစ္ဆားပလ္လင်၌ မစ္ဆားပူဇော်နေ၍ဖြစ်စေ၊ သို့မဟုတ် သတ်မှတ်ထားသောဘုရား၀တ်ပြုချိန်မဟုတ်၍ဖြစ်စေ၊ သို့မဟုတ်ဘာသာတူများမပါဘဲရဟန်းတော်တစ်ပါးတည်းသာပူဇော်၍ဖြစ်စေထိုအခြေအနေမျိုး၌ ဘေး၌ရှိမစ္ဆားပလ္လင်၌မစ္ဆားပူဇော်ခွင့်ပြုခဲ့သည်။ သို့သော် (၂၀၂၀) ခုနှစ်၌မူ ကိုးဗစ်ကူး စက်ရောဂါကြောင့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ လူစုလူ‌ေ၀းမဖြစ်ပေါ်စေရန် ဘေး၌ရှိမစ္ဆားပလ္လင်များ၌လည်း မစ္ဆားပူဇော်ခွင့်ပြုထားခဲ့ သည်။ ယခုလည်း ထိုကူးစက်ရောဂါကာကွယ်ရေးကိုရှေ့ရူ၍ဤ၀တ်ပြုခြင်းဆိုင်ရာသတ်မှတ်ချက်အသစ်ကိုထုတ်ပြန်ရခြင်းဖြစ်သည်။ ဤထုတ်ပြန် ချက်သည်အတည်ဖြစ်ရမည်။   

          ကြေငြာချက်၌ ‘၀ါတွင်းကာလသည် ဘုရားသခင်၏နှုတ်တော်ထွက်စကားနှင့်မစ္ဆားတရားပူဇော်ခြင်းကိုအာရုံပြုရမည့်အချိန်ဖြစ်သည်။ ယခုကဲ့သို့ပြုပြင်ပြောင်းလဲလိုက်ရခြင်းမှာ စိန့်ပီတာဘုရားတော်ကြီးအတွင်း၌ မစ္ဆားများပူဇော်ရာတွင်အာရုံစူးစိုက်နိုင်စေရန်နှင့်၀တ်ပြုကြည်ညိုမူ၌ ရိုသေကိုင်းရှိုင်းမူပိုမိုရှိစေရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။  စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ ဘေးဘက်၀ဲယာမစ္ဆားပလ္လင် (၄၅) ခုရှိပြီး၊ ဘုရား ကျောင်းဆောင်ငယ် (၁၁) ဆောင်ရှိပါသည်။ ဤမစ္ဆားပလ္လင်များနှင့်ဘုရားကျောင်းဆောင်ငယ်များအားလုံးကိုနေ့စဉ်မစ္ဆားပူဇော်လျှက်ရှိပါသည်။ ထို မစ္ဆားပလ္လင်များ၌မစ္ဆားပူဇော်သောရဟန်းတော်အများပိုင်းမှာ ဗာတီကန်၌အမူတော်ထမ်းဆောင်နေကြသူများဖြစ်ကြသည်။ မစ္ဆားတရားတိုင်းသည် လူကြပ်သိပ်နေလေ့မရှိပေ။ တစ်ခါတစ်ရံ၌မူ ရဟန်းတော်တစ်ပါးတည်းသာမစ္ဆားပူဇော်ရသည့်အခြေအနေမျိုးလည်းရှိနေတတ်သည်။ သီးသန့်ပူဇော် သောမစ္ဆားတရားအစီအစဉ်များစီစဉ်ထားပြီးဖြစ်သည်။

         ဘုရားကျောင်းတော်ကြီးအတွင်း၌  နံနက် (၉း၀၀) နာရီမှမွန်း တည့်ချိန်အထိမစ္ဆားဖြစ်ပါသည်။ အဆိုပါမစ္ဆားတရားကိုပူဇော်ရာတွင် ပင်မပလ္လင်၌မူအီတလီဘာသာစကားဖြင့်ပူဇော်သည်။ နံနက် (၈း၃၀) နာရီအချိန်၌ လည်းအီတလီဘာသာစကားဖြင့်မစ္ဆားတစ်ပါးရှိပါသေးသည်။ ထိုမစ္ဆားတရားကိုကား ကိုယ်တော်မြတ်ကျောင်းဆောင်တွင်ပူဇော်ပါသည်။ ထိုမစ္ဆား တရားပူဇော်ပြီးသည်နှင့် ကိုယ်တော်မြတ်ကိုတစ်နေ့လုံးထုတ်ထားကာ ဘုရားဖူးများတစ်နေ့လုံးကိုယ်တော်မြတ်ဖူးမြှော်နိုင်သည်။ ညနေတိုင်း (၅း၀၀) နာရီ၌မူ လာတင်းဘာသာဖြင့်မစ္ဆားပူဇော်ခြင်းလည်းရှိသည်။     

          တနဂ်နွေနေ့များ၌မူ စိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း၌ မစ္ဆားတရား (၅) ပါးရှိပြီး၊ ထိုမစ္ဆားတရားများကို အီတလီ၊ လာတင်းဘာ သာများဖြင့်ပူဇော်လေ့ရှိသည်။ ယခုလမ်းညွှန်ချက်အသစ်ကြောင့် ကိုးဗစ်ကူးစက် ရောဂါကြောင့် ယခင်သီးသန့်မစ္ဆားပူဇော်ခဲ့ကြသောရဟန်းတော် များ ယခုအခါပူးပေါင်းမစ္ဆား (concelebration) တရားပူဇော်နိုင်မည်ဖြစ်သည်။ ထိုသို့ပူဇော်နိုင်ရန်မှာ နံနက် (၇း၀၀) နှင့် (၈း၀၀) နာရီတွင် ကွာယာသမားများ၏ ဘုရားကျောင်း၌လည်းကောင်း၊ နံနက် (၇း၃၀) နှင့် (၉း၀၀) အချိန်များတွင် ပင်မ မစ္ဆားပလ္လင်၌လည်းကောင်းပူဇော်နိုင်ပါ သည်။ ယခုဖော်ပြခဲ့သောမစ္ဆားအချိန်များသည် ကိုးဗစ်ကူးစက်ရောဂါမဖြစ်ပွားမီကပင်ရေးဆွဲထားသောအစီအစဉ်များဖြစ်သည်။ သို့သော်တနဂ်နွေ နေ့များ၌မူအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။ မူဘာစီးလီကာဘုရားကျောင်းတော်ကြီးအတွင်း ဓာတ်တော်မွေတော်များဌာပနာထားသောရ ဟန္တာတို့၏ပွဲနေ့ကိုအမိသာသနာတော်ကြီးက အမှတ်ရကျင်းပသောနေ့များ၌မူ ထိုဓာတ်တော်ဌာပနာထားသည့်ပလ္လင်ရှိရာ၌အနည်းဆုံးမစ္ဆားတစ် ပါးကိုအဆိုပါရဟန္တာအားအမှတ်ရဂုဏ်ပြုသည့်အနေဖြင့်ပူဇော်လေ့ရှိသည်။ ဤသို့မစ္တားပူဇော်တိုင်းအနည်းဆုံးကျမ်းစာဖတ်ရူပူဇော်ပေးသူ၊  သီချင်း သီဆိုသူရှိရမည်ဖြစ်သည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Luxerendering/Shutterstock.

http://bit.ly/314muWx

Add new comment

3 + 17 =