စိန့်ပီတာနှင့်စိန့်ပေါလ်တို့ကဲ့သို့ ယေဇူးသခင်အားသွားလေရာပင့်ဆောင်သွားပါဟုပုပ်ဖရန်စစ် မြွက်ကြား

စိန့်ပီတာနှင့်စိန့်ပေါလ်တို့ကဲ့သို့ ယေဇူးသခင်အားသွားလေရာပင့်ဆောင်သွားပါဟုပုပ်ဖရန်စစ် မြွက်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏ပွဲနေ့မစ္ဆားအား ဂိုဏ်းချုပ်ဆရာတော်အဖြစ်အသစ်ခန့်အပ်ခံရသောကမ္ဘာတစ်၀ှမ်းမှဂိုဏ်းချုပ်ဆရာတော်ကြီးများဖြင့်စီတန်းလျှက်ကျင်းပခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်အသစ် (၃၀) ကျော်ကိုခန့်အပ်ခဲ့သည်။ ခန့်အပ်ခဲ့သည့်အချိန်မှာ ယခင်နှစ်ကဖြစ်ပြီး ယခုမှကိုးဗစ်ကပ်ဆိုးဆိုင်ရာဥပဒေလုံး၀လျော့ချပြီးမှသာ ဂိုဏ်းချုပ်ဆရာတော်တို့၏စလွယ်ကိုလာရောက်ခံယူကြခြင်းဖြစ်သည်။

မစ္ဆားတ ရားအတွင်း ‘Seises’ စပိန်‌ကောင်လေးကွာယာအဖွဲ့နှင့်ရဟန်းမင်းကြီးများ၏ဘုရားကျောင်းဟုလူသိများသော ‘စစ္စတင်းဘုရားကျောင်းဆောင်ငယ်’၏ကွာယာအဖွဲ့နှင့် ‘Coro Guida’ တို့ကမစ္ဆားတရားအတွင်းဓမ္မသီချင်းသီဆိုပူဇော်ခဲ့ကြသည်။

ဩ၀ါဒအတွင်း၌ ရဟန်းမင်းကြီးက စိန့်ပီတာ၏ ‘အသင့်ရှိပါသည်’ ဟူသောစကားကိုပြောဆိုပြီးနောက်သူသည် ယေဇူးသခင်၏နောက်သို့ချက်ချင်းဦးလည်မသုန်သစ္စာရှိစွာလိုက်ခဲ့ကြောင်း၊ မည်သည့်အာမ ခံချက်ကိုမျှမတောင်းခံခဲ့ကြောင်း၊ စိန့်ပေါလ်နှင့်စပ်လျင်း၍ သူအကျင့်ပြောင်းလဲခဲ့ကြောင်း၊ စိန့်ပေါလ်သည် ဧ၀ံဂေလိတရားတော်ကြေညာဟောပြောရာတွင် သာသနာတော်ကြီးအတွက်စံထားရသောသူဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

မစ္ဆားတရားတော်မြတ်ပူဇော်ခြင်း၌ ယူကရိန်းနိုင်ငံသံအမတ်များ၏ဇနီးအချို့လည်းပါ၀င်ပူဇော်ခဲ့ကြသည်။ မစ္ဆားတရားအဆုံးသတ်၌ ရဟန်းမင်းကြီးဖရန်စစ်က ဩသိုဒေါစ့်ဘာသာရေးခေါင်းဆောင် Bartholomew မှစေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့အားကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JFr2t2

Add new comment

3 + 6 =