စိန့်ပီတာကလဲဗားသည် လူပေါင်း (၃၀၀၀၀၀) ကိုအဘယ်သို့ပြောင်းလဲနိုင်ခဲ့သနည်း>

ဧ၀ံဂေလိတရားတော်နှင့်ထပ်တူကျသောသာသနာပြုနည်း (သို့) စိန့်ပီတာကလဲဗားသည် လူပေါင်း (၃၀၀၀၀၀) ကိုအဘယ်သို့ပြောင်းလဲနိုင်ခဲ့သနည်း>

အမိသာသနာတော်ကြီးသည် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့၌ စိန့်ပီတာကလဲဗား၏ပွဲနေ့ကိုအမှတ်ရကျင်းပလေ့ရှိသည်။ ဤရဟန္တာသည် အလွန်ထူးခြားသူဖြစ်သည်။

သူသည် လူပေါင်း (၃) သိန်းကိုပြောင်းလဲနိုင်ခဲ့သူဖြစ်သည်။ ဤသို့ပြုလုပ်ရာ၌ အတင်း အဓမ္မဖက်ခြင်း၊ မက်လုံးပေးသိမ်းသွင်းခြင်းမျိုးကိုလုံး၀မပြုလုပ်ခဲ့။ မကျင့်သုံးခဲ့။ တစ်ဦးစီအားဂရုစိုက်ပြုစုပျိုးထောင်သည့်နည်းကိုသာအသုံးပြုခဲ့သည်။

စိန့်ပီတာကလဲဗားသည် (၁၇) ရာစုက ဂျက်ဆွီစ်အသင်း၀င်ရဟန်းတစ်ပါးဖြစ်ပြီး စပိန်နိုင်ငံမှဖြစ် သည်။ သူ၏ဘ၀တူညီအစ်ကိုရဟန်းတစ်ပါးဖြစ်သော စိန့် Alphonsus Rodriguez ၏အားပေးမှုဖြင့်စပိန် ၏ကိုလိုနီနယ်၌သာသနာပြုရန်စွန့်စားခဲ့သည်။ ထိုနေရာသို့ရောက်ရှိသွားပြီးနောက် ဖြစ်ပျက်နေမှုကိုကိုယ်တိုင်မြင်တွေ့ကြုံကြိုက်လိုက်ရသောအခါ သူလွန်စွာထိတ်လန့်စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်
ဆိုသော် လူသားများကိုစျေးဖြတ်၍ကျွန်စျေးကွက်ဖောက်ရောင်းနေကြသောကြောင့်ဖြစ် သည်။

ထိုဒေသ၌ အခြားသောဂျက်ဆွီစ်ဘုန်းတော်ကြီးတစ်ပါးသည် အဆိုပါကျွန်အဖြစ်သွပ်သွင်းခံထားရ သောသူများ၏၀ိညာဉ်ရေး ၀တ္တရားများကိုဖြည့်ဆည်းပေးနေခဲ့သည်။

ပီတာကလဲဗာကထိုမျှဖြင့်မတင်းတိမ် နိုင်တော့ဘဲ ခြေလှမ်းကိုထပ်မံဆန့်ထုတ်လိုက်သည်။ သူသည်ကျွန်အဖြစ်ရောင်းစားခံထားရသူတို့၏ဆေးကြောခြင်းမျှသာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၏လိုအပ်ချက်များကိုလည်းဖြည့်ဆည်းပေးရန်အားထုတ်ခဲ့သည်။ ကျွန်တို့အားထိန်းသိမ်းထားသောသဘေင်္ာပေါ်ထိတက်သွား၍၄င်းတို့အားစတင်စောင့်ရှောက်မှုပေးပါတော့သည်။

သူရေးသားခဲ့သောစာတစ်စောင်၌ သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာအကြောင်းရေး သားထားသည်မှာ ‘ကျွန်ုပ်တို့၏၀တ်ရုံများကိုဘေးတွင်ချထားရသည်။ လူသွားလူလာဘေးကင်းရန်လျှောက်လမ်းဆောက်ရန်ပစ္စည်းများကိုရှာဖွေသယ်ယူရသည်။ ဤသို့ဖြင့်ပြုစုစောင့်ရှောက်ရန်လိုအပ်သောလူနာများအားသယ်ယူရာ၌ လွယ်ကူမြန်ဆန်ပြီး ဘေးလည်းကင်းသည်။ လူနာများကိုနှစ်ဖွဲ့ခွဲလိုက်သည်။ တစ်ဖွဲ့ကိုကားကျွန်ုပ်၏ညီအစ်ကိုတစ်ပါးကစကားပြန်နှင့်လူနာများကိုလိုက်ကြည့်သည်။ ကျွန်ုပ်ကားအခြားတစ်ဖွဲ့ကိုစောင့်ရှောက်ရသည်။ ထိုနေရာ၌ လူမဲ (၂) ဦးသေလုမျောပါးဖြစ်နေသည်။ အေးပင်အေးနေပြီ။ သွေးခုန်နှုန်းများလည်းမခုန်တော့သလောက်ပင်အားအင်ဖျော့တော့နေသည်။ မီးသွေးများကိုရအောင်ရှာကြံပြီး မီးမွေးကာထိုသေလုမျောပါးလူ နာများ၏အလယ်တွင်ဖိုထားပေး သည်။ မီးဖိုထဲသို့အမွေးခဲများကိုပစ်ထည့်ပေးသည်။ ဤအမွေးခဲများကိုပိုက် ဆံအိတ်နှစ်လုံးအပြည့်ရှိသည်။ ကျွန်ုပ်တို့၏၀တ်ရုံများကိုလည်းခြုံစောင်အဖြစ်ခြုံပေးရသည်။ သူတို့၌ခြုံစရာတ္ထိဖြစ်နေကြရှာသည်။

ကျွန်ပိုင်ရှင်အားတောင်းဆိုမည်ဆိုပါလျှင်လည်း စကားသာရှိပြီးအရာရောက်မည်မထင်။ ၄င်းတို့အားအငွေ့ဖြင့်ကုသနည်းကိုအသုံးပြုခဲ့သည်။ မီး၏အနွေးဓာတ်ဖြင့်သေလုမျောပါးဖြစ်နေသူနှစ်ဦးသည် အသက်မျော့မျော့လေးပြန်ရှင်လာသည်။ မျက်စိများပြန်ဖွင့်နိုင်သည့်အားများရရှိလာပြီး ၄င်းတို့အား ပြုစုနေသောကျွန်ုပ်တို့ကိုတွေ့လိုက်ရသောအခါ ဖော်မပြနိုင်သည့်ခံစားချက်မျိုးကိုမြင့်တွေ့လိုက်ရသည်’ ဟုရေးသားထားသည်။

စိန့်ပီတာကလဲဗားအနေဖြင့် ကျွန်အဖြစ်ရောင်းစားခံထားရသောလူသားများအား တိရစ္ဆာန်ကဲ့သို့မဟုတ်။ လူသားစစ်ကဲ့သို့ဆက်ဆံစေချင်သည်။ သူ့အနေဖြင့် ကျွန်ပိုင်ရှင်များငြိုငြင်မည်ကိုမမှု။ ယေဇူးခရစ္စတူးသခင်၏ဧ၀ံဂေလိတရားကိုလက်တွေ့ကျကျရှင်သန်ဖော်ဆောင်ရန်စိတ်အားထက်သန်လွန်းနေသည်။ သူသည်အထက်ကစာထဲ၌ပင် ဆက်လက်၍ရေးသားထားသည်မှာ

‘ကျွန်ုပ်တို့သည် ကျွန်အဖြစ်ရောင်းစားခံ ထားရသောသူများအား အပြောဖြင့်မဟုတ်ဘဲ အပြုအမူဖြင့်ထိတွေ့ခံစားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သောစကားများပြောခြင်းမှလွဲ၍ အခြားမည်သည့်စကားများပြောစေကာမှုအကျိုးရှိမည်မထင်ပေ။ ကျွန်ုပ်တို့သည် ၄င်းတို့ဘေး၌ထိုင်ချလိုက်သည်။ ဒူးလည်းထောက်ကြသည်။ သူတို့၏ပေရေနံစော်ပြီး လူရုပ်ပင်မပေါက်တော့သည့်မျက်နှာများ၊ ခန္ဓာကိုယ်များကိုဆေးကြောပေး။ သူစိမ်းမဆန်စေရန်အရင်းနှီးဆုံး ဖြစ်အောင်ပြောဆိုပြုမူသည်။ နံစော်ညစ်ပတ်နေသောသူတို့အခြေအနေကြောင့် ရွံ့ရှာသည့်ပုံ၊ မလိုလားသောအပြုအမှု၊ မျက်နှာဟန်ထားများလည်းမပြမိရန်သတိထားခဲ့ရသည်’ ဟုလည်းရေးသားထားသည်။

ထိုမျှသောကြင်နာမှုဖြင့် လူနာတစ်ဦးစီအား ဂရုစိုက်ပြုစုစောင့်ရှောက်ခဲ့သောကြောင့် လူပေါင်း (၃၀၀၀၀၀) ခန့်ကိုဘာသာတူဖြစ်လာနိုင်စေခဲ့သည်မှာအံ့အားသင့်စရာအကြောင်းမရှိပေ။ သူပြုစုခဲ့ကြသော သူများက ပီတာကလဲဗားသည် ၄င်းတို့အားကောင်းစေချင်သည်။ ကောင်းသောအရာကိုသာပေးသည်။ မကောင်းလျှင်မပေးဟုခံယူယုံကြည်ထားကြ၍ လှိုက်လှိုက်လှဲလှဲခံယူကြသည်။

ဤသူတို့သည် ပီတာကလဲဗား ကိုယုံကြည်အားကိုးသည်မှာ သူ၏တော်တတ်ခြင်းကြောင့်မဟုတ်။ သူတို့အားပြသသည့် ကြီးမားလှသောမေတ္တာတရားကြောင့်ဖြစ် သည်။ ပီတာကလဲ‌ဗား၏သာသနာပြုနည်သည် ဧ၀ံဂေလိတရားအနစ်ကိုဖော်ပြရန်အ ကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ခဲ့သည်။

စိန့်ပီတာကလဲဗားသည် ကျွန်ုပ်တို့အားလည်းသတိပေးနေသည်မှာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့၏အပြုအမှု၌ဖော်ထုတ်ပြသရမည်ဟုဖြစ်ပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/ViSk

Add new comment

13 + 7 =