စိန့်ဂျွန်ပေါလ် (၂) ၏ယဉ်ကျေးမှုအမွေအနှစ်များစောင့်ရှောက်ထိန်းသိမ်းသောဌာနအတွက် ရဟန်းမင်းကြီးဖရန်စစ်၏ဆုမွန်ကောင်း

စိန့်ဂျွန်ပေါလ် (၂) ၏ယဉ်ကျေးမှုအမွေအနှစ်များစောင့်ရှောက်ထိန်းသိမ်းသောဌာနအတွက် ရဟန်းမင်းကြီးဖရန်စစ်၏ဆုမွန်ကောင်း

စိန့်ဂျွန်ပေါလ် (၂) ၏ယဉ်ကျေးမှုအမွေအနှစ်များစောင့်ရှောက်ထိန်းသိမ်းသောဌာနအတွက် ရဟန်းမင်းကြီးဖရန်စစ်၏ဆုမွန်ကောင်း

စိန့်ဂျွန်ပေါလ် (၂) ၏ရာပြည့်မွေးနေ့ပွဲကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်အန်ဂျေလီကွန်မ် (Pontifical Angelicum University) ၌စိန့် ဂျွန်ပေါလ် (၂) ၏ယဉ်ကျေးမူအမွေများထိန်းသိမ်းရေးဌာန ၏တာ၀န်ခံထံသို့ဆုမွန်ကောင်းတောင်းသောသဝဏ်လွှာကိုပေးပို့ခဲ့သည်။ ထိုတ က္ကသိုလ်သည်အီတလီ နိုင်ငံ၊ ရောမမြို့၌တည်ရှိသည်။ စိန့်သောမတ်စ်အကွီစ်နပ့်စ်တက္ကသိုလ်ဟုလည်းလူသိများသည်။ တစ် ချိန်၌ရဟန်းမင်း ကြီးဖြစ်လာမည့်စိန့်ဂျွန်ပေါလ် (၂) သည်အဆိုပါတက္ကသိုလ်တွင် (၁၉၄၆ မှ ၁၉၄၈) အ ထိပညာသင်ကြားခဲ့သည်။ ယခုဖွင့်လှစ်သောဌာနအသစ် သည်ပိုလန်ဖောင်ဒေးရှင်းဖြစ်သော Futura Luventa နှင့် Saint Nicholas အဖွဲ့၏ပံ့ပိုးမူလည်းပါသည်။

ဤဌာနသည်ဉာဏ်ကွန့်မြူးရာနေရနှင့်ဗိသုကာပညာရှင်သန်ရာနေရာ

ဤဌာနကိုအမှတ်ရသည့်အနေဖြင့်ရဟန်းမင်းကြီးဖရန်စစ်ကပြီးခဲ့သောတနင်္လာနေ့ကတက္ကသိုလ်၏ကျောင်းအုပ်ထံသဝဏ်လွှာတစ်စောင်ရေးသားပေးပို့လိုက်ပြီး၊ ဆုတောင်းမေတ္တာပို့သထားသည်။ ထို သဝဏ်လွှာ၌ဤဌာနသည်ဉာဏ်ရည်သွေးသောဌာန၊ အလွန်အခရာကျသောထု ဆစ်ပုံဖော်သည့်နေရာ ဖြစ်ပါသည်။ ပိုလန်နိုင်ငံသားရဟန်းမင်းကြီးသည် ဘုရားသခင်နှင့်လူသား၊ ဘုရားသခင်၏ဖန်ဆင်းခြင်း လုပ်ငန်းများတို့ကို ချစ်တော်မူသောကြောင့်အလွန်ဆင်ခြင်မြော်မြင်တတ်သောစိတ်ကူးစိတ်သန်းများ ဖြင့်အမိသာသနာတော်ကြီးအားအလွန်ကြွယ်၀သောအမွေအ နှစ်ကိုချန်ထားပေးခဲ့သည်။

လူသားထုကိုနက်ရှိုင်းစွာတန်ဖိုးထားသည်။

စိန့်ဂျွန်ပေါလ် (၂) သည်လူသားတစ်ဦးစီ၏ဝေဒနာကိုလည်းကောင်း၊ သမိုင်းအဖြစ်အပျက်များ ကိုသော်လည်းကောင်းသန့်ရှင်းသော ၀ိညာဉ်တော်၏အလင်းတော်အောက်၌တန်ဖိုးရှိစွာခံယူအနက် ပြန်ဆိုပေးတတ်သည်။ ဤခံစားချက်သည်သူ့အားလူသားတို့အ ကြောင်းနှင့်လူ့ ယဉ်ကျေးမူ၏ဇစ်မြစ်ကို လေးနက်စွာဆင်ခြင်မိစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ယဉ်ကျေးမူသည်ဧဝံဂေလိသတင်းကောင်းကြေငြာသူများအ တွက်မရှောင်လွှဲနိုင်သောမှီငြမ်းစရာလိုအပ်ချက်ဖြစ်သည်။
စိန့်ဂျွန်ပေါလ် (၂) သည်သူ၏ဒုတိယစာချွန်တော်ဖြစ်သည့် Redemptor Hominis ထဲ၌ ‘သာသ နာပြုခြင်းအမူသည်သာသနာနယ် ရှိ လူသားတို့၏နှလုံးသားထဲ၌စွဲမြဲနေသောခံစားချက်ဖြင့်အစပျိုးရသည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့၏ဘ၀၌ကြုံတွေ့ရသောအခက်အခဲ၊ ပြ သာနာများကိုထိုခံယူချက် များဖြင့်ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ ကျွန်ုပ်တို့အနေဖြင့်ရေရှည်ကြည့်သောသာသနာဖြစ်လိုလျှင်ဤ ချဉ်းကပ်နည်း ကိုအစဉ်အသက်သွင်းထားရမည်။ ရှိပြီးသားအရာများကိုထိန်းသိမ်းထားရုံမျှကျေနပ်မနေသင့်။ ကျွန်ုပ်တို့၏တာ၀န်ဖြစ်သောသာသနာပြုခြင်းကို သစ္စာရှိစွာဖြည့်ဆည်းလုပ်ကိုင်ရမည်။

စိန်ခေါ်နေသောယနေ့ခေတ်ယဉ်ကျေးမူကိုအနက်ပြန်ဆိုခြင်း

စိန့်ဂျွန်ပေါလ် (၂) ယဉ်ကျေးမူဌာနသည် တက္ကသိုလ်ကျောင်းကြီး၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တက္ကသိုလ်ကျောင်းတော်ကြီးသည် ပညာရေးအဆောက်အအုံကြီးဖြစ်ပြီး၊ ကမာတစ်ဝှမ်းလုံးမှ ပရော ဖက်ဆာများ၊ ကျောင်းသူကျောင်းသားများဖြင့်တည်ဆောက်ထားသည်။ ထို့ကြောင့်စိန်ခေါ်နေသောယ နေ့ခေတ်ယဉ်ကျေးမူအကြောင်းကိုလေ့လာသုံးသပ်ရန်အလွန်သင့်မြတ်သည်။ ဒိုမိနိကန်အသင်း၏အစဉ် အလာ သည်တက္ကသိုလ်ကျောင်းတော်ကြီးကိုထိန်းကျောင်းပေး့လျှက်ရှိရာ ယခုဤလုပ်ငန်းအသစ်ကို လည်းကြိုဆိုလက်ခံမည်မှာသေချာပါသည်။ ဤ သို့ဖြင့်အမှန်တရားအတွက်ရဲစွမ်းသတိ၊ လွတ်လပ်ခြင်း စိတ်၊ ဉာဏ်ပညာ၏ရိုးသားမူကိုထုတ်ဖော်ပြသရန်အခွင့်အခါဖြစ်သည်။
ရဟန်းမင်းကြီး၏သဝဏ်လွှာနိဂုံးပိုင်း၌ရဟန်းမင်းကြီးက ဤစိန့်ဂျွန်ပေါလ် (၂) ယဉ်ကျေးမူဌာန အထမြောက်အောင်မြင်စေရန်၊ အဓွန့် ရှည်တည်တံ့ရန်ပါ၀င်လုပ်ဆောင်ခဲ့ကြ၊ လုပ်ဆောင်ကြမည့်သူများ အပေါ်ဘုရားသခင်၏ကောင်းကြီးတော်သက်ရောက် ခံစားရစေရန်ဆုတောင်း မေတ္တာပိုသပေးခဲ့သည်။

ဘာသာပြန်ဆိုသူ ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/2ZfA6ib

Add new comment

9 + 3 =