စိန့်ဂျိုးဇက် သီလရှင်များ မြန်မာပြည်သို့ ရောက်ရှိခြင်း (၁၇၅) နှစ်ပြည့်ဂျူဗလီကျင်းပခြင်း

စိန့်ဂျိုးဇက် သီလရှင်များ မြန်မာပြည်သို့ ရောက်ရှိခြင်း (၁၇၅) နှစ်ပြည့်ဂျူဗလီကျင်းပခြင်း

***********************************************************************

စိန့်ဂျိုးဇက် သီလရှင်များ မြန်မာပြည်သို့ ရောက်ရှိခြင်း (၁၇၅) နှစ်ပြည့် ဂျူဗလီကျေးဇူးတင်အဖွင့် မစ္ဆားကို (၂၆.၂.၂၀၂၂) ရက်နေ့ ၊ နံနက် (၁၀း၀၀)နာရီ အချိန်က မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ စိန့်ဂျိုးဇက် သီလရှင်ကျောင်းတွင် ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းဦးဆောင်ပြီး ရဟန်းတော် (၃) ပါး၊ အနယ်နယ် အရပ်ရပ်မှ စိန့်ဂျိုးဇက် သီလရှင်များနှင့် စိန့်ဂျိုးဇက် ကျောင်းသူများ ပါဝင် တက်ရောက်ခဲ့ပါသည်။

မစ္ဆားတရားမစတင်တင်မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်တကွ သာသနာ့ခေါင်းဆောင်များမှ ပေးပို့လာသော ဂျူဗလီသဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီးနောက် မစ္ဆားတရားတော်မြတ်ကို ပူဇော်ကျင်းပခဲ့ပါသည်။

မစ္ဆားတရားတော်မြတ်အတွင်း၌ ဆရာတော်ကြီး မာကုတင်ဝင်း မှ  ဩဝါဒ တရားရေအေး တိုက်ကျွေးရာတွင် ‘ဂျူဗလီကျင်းပရခြင်းသည် ဘုရားပြင်ဆင်ပေးတဲ့ ပွဲတော်မြတ်ဖြစ်တဲ့အတွက် ဝမ်းမြောက်ကြရပါတယ်။ (၁၇၅) နှစ် ဆိုတဲ့ အချိန်ဟာ ကျွန်ုပ်တို့အားလုံး စိတ်ကူးတောင်မှန်းလို့မရတဲ့ နှစ်ဖြစ်တယ်။ ဘယ်လောက်ပဲကြာကြာ ဂျူဗလီပွဲကျင်းပခြင်းဟာ နောက်ကို ပြန်လှည့်ကြည့်ခြင်းပဲဖြစ်တယ်။ (၁၇၅) နှစ်နောက်ကို လှည့်ကြည့်ရမယ်ဆိုရင် ဘုရားကျေးဇူးအများကြီး ရှိတဲ့အထဲမှ သာသနာပြုကြီးတွေရဲ့ ကျေးဇူးတွေဟာ ထပ်ကြပ်မကွာပါလာတယ်။ တွေးကြည့်ရင် ယခုခေတ်အချိန်အခါမှာတောင် နိုင်ငံခြားကနေ သာသနာပြုတွေလာရင်မလွယ်တဲ့ကိစ္စ ၊ ထိုစဉ်က မြန်မာပြည်ဆိုဘယ်လိုနေမလဲ မြင်ယောင်သာ ကြည့်ပေတော့ ၊ မီးဆိုတာလဲမရှိ ၊ အစားကလဲ ဘယ်လိုမှမတူနိုင်တာကို မိမိတို့ တိုင်းပြည်ကိုလာပြီး ဘုရားရဲ့ တရားကိုပေးမယ်။ ဒီလူတွေကို ကယ်တင်ခြင်း သုခရောက်အောင် ခရစ်တော်ဘုရားကို သိအောင် အသက်စွန့်ပြီးလာခဲ့ကြတာ။ သာသနာပြုတွေရဲ့ ပေးဆပ်ခြင်းတွေ ၊ သူတို့တွေရဲ့ နှိမ့်ချခြင်းတွေ ၊ သူတို့တွေရဲ့စိန်ခေါ်မှုတွေ ၊ သူတို့ရဲ့ သာသနာပြုဆိုတဲ့ စိတ်ထားကတော့ကျနော်တို့ တွေ ဒီကနေ့ ဂျူဗလီကျင်းပရင်း နဲ့ ပွေ့ပိုက်ကြရမှာဖြစ်ပါတယ်။ ရှင်ပေတရု ရေးထားတဲ့ ပထမစောင်မှာဆိုရင်လည်း ‘’ ၄း၁၄ မှာဆိုရင် လည်း ‘’ သင်တို့သည် ခရစ်တော်၏ နာမတော်ကြောင့် ထိခိုက်စော်ကားခြင်းခံကြရလျှင် မင်္ဂလာရှိကြ၏။ ‘’ တဲ့ ။ အမှန်ပဲ သာသနာပြုတွေအဆက်ဆက်က ဒီနေ့ တဲ့အထိ နေ့ရာဒေသအသီးသီးမှာ သာသနာပြုနေကြတဲ့ သာသနာပြုအားလုံးအတွက်ဖြစ်ပါတယ်။ ခရစ်တော်ဘုရားနာမတော်အတွက်ကြောင့် ထိခိုက်စော်ကားခံရတဲ့သူတို့အားလုံးဟာ မင်္ဂလာရှိပါတယ် ။ သူတို့တွေက သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ အသံကိုနားထားပြီး လိုက်ခဲ့ကြလို့ သူတို့ဟာ မင်္ဂလာရှိနေကြတာဖြစ်တယ်။ (၁၇၅) နှစ် နောက်သို့ လှည့်လိုက်တဲ့အခါ မှာ အတိုချုပ်အားဖြင့် ကျွန်ုပ်တို့ ရှေးဦးစွာ တရားမှတ်နိုင်ပါတယ်။ ဒီနေ့ ဂျူဗလီပွဲအစပြု ကျင်းပနေကြတဲ့ ကျွန်ုပ်တို့တတွေအားလုံး ‘’ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ရှိ၏။ “ သခင်ခရစ်တော်ဘုရားနှင့်အတူ စိတ်ထဲကနေ ဂျူဗလီနှစ် တစ်နှစ်လုံး ရွတ်ကြရအောင် ။ ‘’ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ ရှိ၏ ။ “ ဝိညာဉ်တော်ဘုရားရဲ့ အသံကိုနားထောင်ပြီး ထက်မြတ်တဲ့ သာသနာပြုတွေ၊ ပေးဆပ်တဲ့ သာသနာပြုတွေ ၊ အနစ်နာခံတဲ့ သာသနာပြုတွေ ၊ နှိမ့်ချတဲ့ သာသနာပြုတွေ ၊ အနိမ့်ဆုံး အငယ်ဆုံး အလိုအပ်ဆုံးနေရာတွေကို သွားပြီး သာသနာပြုတွေလုပ်ကြရအောင် ။ သခင်ခရစ်တော်ဘုရားရှင်က ငါ့ကို ဆီဖြင့် လိမ့်ကြံတော်မူ၏ ။ ချုပ်နှောင်ခံရသူတို့အား လွတ်ငြိမ်းခွင့်ကိုကြေငြာရန် ခွင့်လွှတ်ခြင်းတွေ ၊ မျက်စိမမြင်သူတို့အား မျက်စိအလင်းကိုပေးရန် ၊ အငယ်ဆုံးကနေစပြီး အမြင့်ဆုံးထိ မျက်စိကန်းနေကြတဲ့ ခေတ်အခါကြီးမှာ Healing ကျနော်တို့ရဲ့ သာသနာပြုခြင်းအားဖြင့် ကုသလိုက်ရအောင်"။ 

ရူပါရုံမြင်သော စိန့်ဂျိုးဇက် သီလရှင် အသင်းသည် မြန်မာပြည်သို့ ပထမဆုံး စတင်ရောက်ရှိလာသည့် အမျိုးသမီးသာသနာပြု အသင်းဖြစ်ပါတယ်။ 

 

"ကျမတို့တွေပုပ်ရဟန်းမင်းကြီးရဲ့ ရည်ရွယ်ချက်အတိုင်း အတူတကွလျှောက်လှမ်းရင်း ဘုရားရဲ့ ဘုန်းဂုဏ်တော်ကိုချီးမွမ်းနေကြတယ်။ ၁၈၄၇ ခုနစ် June 17 မှာ ကျမတို့ SJA သီလရှင်တွေ မော်လမြိုင်မြို့ကိုရောက်ရှိခဲ့ကြတယ်။ အသင်းတာ်ထောင်သူ မိခင်အယ်မလီ က Sister ၆ ပါး ကို ရွေးပီး မြန်မာကိုစေလွတ်ခဲ့ပါတယ်။ အဲ့ဒီ Sr ကြီးတွေ ကြိုးစားအားထုတ်ခဲ့တဲ့မျိုးစေ့လေးဟာ ယနေ့ထက်ထိတိုင်ရှင်သန်နေတာမို့ ဘုရားကိုကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ ကျမတို့ SJA Sr တေရဲ့ ဆက်ကပ်ခြင်းဟာ မေတ္တာတရားလုပ်ငန်းမှန်သမျှကို အစေခံခြင်းအားဖြင့်ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ကို သက်သေခံနေကြပါတယ်။ ဒါကြောင့် ကျမတို့လုပ်ငန်းတေက မိန်းကလေးတွေရဲ့ လိုအပ်ချက်မျိုးစုံကို ကိုယ်ခြေထောက်ပေါ်ကိုရပ်တည်နိုင်ဘို့ ပံ့ပိုးပေးကြတယ် ရှုထောင့်အစုံကနေပညာပေးပါတယ် ဒါက ၁၈၄၇ ကနေစပီးလုပ်ခဲ့တဲ့တမန်တော်လုပ်ငန်းဖြစ်ပါတယ် တချိန်ထဲမှာပဲ သာသနာကြီးရဲ့တောင်းဆိုမှုနဲ့အညီလဲ ပါ၀င်ခဲ့ကြတယ် ပါ၀င်နေကြပါတယ်။ မြန်မာပြည်တခုလုံးမှာ Community 35 ခုရှိပါတယ် ကျောင်းခွဲလေးတေနဲ့ဆို ၄၀ ကျော်ရှိပါတယ် မန်းလေးသာသနာမှာတော့ Community အများဆုံးပေါ့နော်။ ၁၇၅ နှစ်တိုင်တိုင် ကြိုးစားလာခဲ့တဲ့ Sr ကြီးတေရဲ့ ဆက်ကပ်မှုတွေကို ဒီနှစ် ၂၀၂၂ ခုနှစ် ဂျုဗလီနှစ်မှာ မန်းလေးသာသနာကနေ စတင်ကျင်းပနေကြတာဖြစ်ပါတယ်။ ကွယ်လွန်ကုန်သော Sr ကြီး များ သက်ရှိကြိုးပမ်း ဆက်ကပ်လျှက်ရှိသော Sr များအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ အာဗီအေ ကိုလည်းကျေးဇူးတင်ပါတယ်။ SJA sister တေ အသက်ထက်ဆုံး ဆက်ကပ်နိုင်ဘို့ အတွက်လည်း ဆုတောင်းပေးကြပါ။ ဂျူဗလီကောင်းကြီး အားလုံးပေါ်သက်ရောက်ပါစေ" လို့ စိန့်ဂျိုးဇက်အသင်းဂိုဏ်းရဲ့ မြန်မာပြည်အကြီးအကဲဖြစ်သူ စစ္စတာရ်မာရီထရက်စ် ဖေလိန်းယ မှဝေငှပြောကြားခဲ့တာပါ။

 

သမိုင်းအကျဉ်း
ရူပါရုံမြင်သော စိန့်ဂျိုးဇက်သီလရှင်များ မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းးသမိုင်းအကျဉ်းမှာ - (၁၈၄၅) ခုနှစ်၊ အောက်တိုဘာလ(၈) ရက်နေ့တွင် မိခင်အယ်မလီသည် မော်လ်တာ(Melta) တွင် ရောက်ရှိနေချိန်ဖြစ်သည်။ ဝေးလံခေါင်သီလှသော မြန်မာပြည်တွင် သာသနာလုပ်ငန်းအစပြုနိုင်မည့်အစီအစဉ်သည် ဤနေရာတွင် စတင်ခဲ့သည်။ ထိုအချိန်က ကမ္ဘာကြီး၏ ထိုအစိတ်အပိုင်းကို ‘’ အင်ဒီးစ်”ဟု ခေါ်ခဲ့ကြသည်။ အကြောင်းမှာ အိန္ဒယ ဘုရင်ခံက အုပ်ချုပ်သောကြောင့်ပင်ဖြစ်သည်။ တမန်တော်လုပ်ငန်းများအတွက် သီလရှင်များ၏ အကူအညီကို အပူတပြင်းလိုအပ်နေသော Congregation of the Oblates of Virfin Mary (OMV) အသင်းဝင် Fr.Bruno သည် ဆေးကုရန်အတွက် မြန်မာနိုင်ငံမှ အီတလီသို့ ပြန်လာရာ မော်လ်တာတွင် မိခင်အယ်မလီနှင့် သွားရောက်တွေ့ဆုံပြီး သီလရှင်များအား ရပ်ဝေးမြေခြား တိုင်းတစ်ပါးသို့ သာသနာပြုစေလွှတ်ရန် တောင်းဆိုခဲ့သည်။ မိခင်ကြီးသည် ဘုရားရှင်၏ အကြံအ စည်တော်ပိုမို ရှင်းလင်းပြတ်သားလာသည်အထိ စောင့်နေခဲ့ရာ မြန်မာပြည်တာဝန်ခံဆရာတော်ဖြစ်သည့် Msgr. Ceretti (OMV) မှ ရင်ခွင့်မဲ့ကလေးများနှင့် စွန်ပစ်ခံ ကလေးများအား ပြုစုပျိုးထောင်ပေးရန်၊ ဘော်ဒါဆောင်နှင့် နေ့ကျောင်းများ၌ ကလေးများနှင့် အမျိုးသမီးငယ်လေးများအား ပညာသင်ကြားပေးရန်၊ သက်ကြီးရွယ်အိုများအတွက် ရိပ်သာတည်ထောင်ကာ ကြည့်ရှု့ စောင့်ရှောက်ပေးရန်၊ စသည့်လုပ်ငန်းများအတွက် သီလရှင် (၁၀) ပါးကို စေလွှတ်ပေးမည့်အကြောင်း တရားဝင်တောင်းဆိုခဲ့သည်။

အဆိူပါ အက်စ်ဂျေအေအသင်းဂိုဏ်းရဲ့ မိုတို ဆောင်ပုဒ်ကတော့ "သက်စွန့်ကြိုးပမ်းမှုတော်ထမ်း" ဖြစ်ပါတယ်။

 

News by Pinky

Add new comment

1 + 5 =