စိန့်ဂျိုးဇက်၏ တိတ်ဆိတ်နေခြင်းသည်လည်း ‘အသင့်ရှိပါသည်’ ဟုဆိုနေခြင်းဖြစ်သည်ဟု ရဟန်းမင်းကြီးဘက်နေဒစ် (၁၆) (ငြိမ်း) မိန့်ကြား

စိန့်ဂျိုးဇက်၏ တိတ်ဆိတ်နေခြင်းသည်လည်း ‘အသင့်ရှိပါသည်’ ဟုဆိုနေခြင်းဖြစ်သည်ဟု ရဟန်းမင်းကြီးဘက်နေဒစ် (၁၆) (ငြိမ်း) မိန့်ကြား

စိန့်ဂျိုးဇက်၏ တိတ်ဆိတ်နေခြင်းသည်လည်း ‘အသင့်ရှိပါသည်’ ဟုဆိုနေခြင်းဖြစ်သည်ဟု ရဟန်းမင်းကြီးဘက်နေဒစ် (၁၆) (ငြိမ်း) မိန့်ကြား

            ဧ၀ံဂေလိကျမ်းစာတော်မြတ်၌ စိန့်ဂျိုးဇက်၏ ‘တိတ်ဆိတ်ခြင်း’ သည်လည်း ဘုရားသခင်အား ‘အသင့်ရှိပါသည်’ ဟုပြန် လည်ဖြေကြားခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) က ဧပြီလ (၁) ရက်နေ့ထုတ်၊ ဂျာမန်သတင်းစာ  ‘Tagespost’ ၏တွေ့ဆုံမေးမြန်းခန်းတွင်ပြန်လည်ဖြေကြားခဲ့သည်ကိုဖော်ပြထားသည်။ မေးမြန်းရခြင်းမှာ ယခုနှစ်သည် ‘စိန့်ဂျိုးဇက်’ နှစ်လည်းဖြစ်သည်။ ရဟန်းမင်းကြီးဘေနေဒစ်၏ဆေးကြောခြင်းအမည်မှာလည်း ‘ဂျိုးဇက်’ ဖြစ်၍တိုက်ဆိုင်နေသောကြောင့် လည်းဖြစ်ပါသည်။ စိန့်ဂျိုးဇက်၏ ‘တိတ်ဆိတ်ခြင်း’ သည် ဘုရားသခင်၏အမိန့်တော်ကို ‘အသင့်ရှိပါသည်’ ဟုဖြေကြားခြင်းဖြစ် ကြောင်း၊ ထို့ကြောင့်မယ်တော်နှင့်ယေဇူးသခင်ကို သူ၏ဘ၀နှင့်အမျှစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။        

            စိန့်ဂျိုးဇက်၏နှစ်၌ ရဟန်းမင်းကြီးငြိမ်းသည် ခရစ္စတူး၏အထိန်းတော်ဖခင်၏သက်တော်စဉ်ကိုထောက်ရူထားသည်။ ရဟန်းမင်းကြီးငြိမ်းသည် ရဟန်းမင်းကြီးဖရန်စစ်ထုတ်‌ဝေခဲ့သော ‘Patris Corde’ စာချွန်တော်ကိုချီးမွှမ်းထားသည်။ ဤစာ ချွန်တော်သည် ‘စိန့်‌ဂျိုးဇက်’ ၏ဘ၀ဖြစ်စဉ်ကိုဖော်ကျူးထားသည်။ အလွန်ရိုးရှင်းသောစာစောင်ဖြစ်ပြီး၊ လိုရင်းကိုထိထိမိမိဖော်ပြ ထားသည်။ သို့သော်အလွန်နက်နဲသောအတွေးများပါ၀င်သည်။ စိန့်ဂျိုးဇက်သည် သန့်ရှင်းသောအိမ်ထောင်စုအတွက်အဘယ်မျှပေး ဆက်အနစ်နာခံထားသည်ကို ဧ၀ဂေလိကျမ်း၌ဖော်ပြထားသော ‘တိတ်ဆိတ်ခြင်း’ မှသိနိုင်သည်။ သူ၏ ‘ဆိတ်ဆိတ်နေခြင်း’ သည် လည်းသူ‌ေ၀မျှလိုသောသတင်းစကားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောအိမ်ထောင်စု၏ အရေးပေါင်းအားလုံးကို ဦးဆောင်ဖြေရှင်းပေးပေးခဲ့သည်။      

The mystery of Joseph, associated with that of Nazareth

နာဇရက်မြို့နှင့်ဆက်စပ်၍စိန့်ဂျိုးဇက်၏နက်နဲသောအချက်

          ပရောအီဇယ၏ကျမ်းလာ ‘ဂျက်ဆေ’ ၏ပင်စည်နှင့်ပတ်သက်၍ ဂျိုးဇက်ကိုညွှန်းဆိုသည်။ ဓမ္မဟောင်းကျမ်းမှ ‘ဤသေနေသောသစ်ပင်’ သည် အဖူး၊ အညွှန့်မထွက်တော့သည့် မြှုံနေသောအပင်အဖြစ် ပရောဖက်ကဆိုလိုသည်။ သို့ သော် ‘မက်ဆီးယာ’ (ကယ်တင်ရှင်) တည်းဟူသောအကိုင်းဖြာထွက်လာရမည်။ ကက်သလစ်သာသနာတော်ကြီးအတွက် မှာမူ ကညာစင်မာရိယာ၏၀မ်းတော်မှ ခရစ္စတူးမွေးဖွားသန့်စင်ခြင်းနှင့်ဂျိုးဇက်၏ဖခင်ဗီဇကိုပရောဖက်ဉာဏ်နှင့်ကြို တင်ဟောထားခြင်းဖြစ်သည်ဟုယုံကြည်လက်ခံသည်။  

            အစဉ်အလာအရ အကိုင်းကို ခရစ္စတူး၏မယ်တော်နှင့်ဆက်စပ်နေစေရန် ‘နှင်းဆီ’ ဖြင့်ပုံဖော်လေ့ရှိသည်။ ရဟန်း မင်းကြီးငြိမ်းအနေဖြင့် ကျမ်းစာတော်၏ရည်ညွှန်းချက်ကား ‘စပါးအညှောက်’ ကိုဆိုလိုသည်ဟုဆိုပါသည်။ အဘယ် ကြောင့်ဆိုသော် ဤကျမ်းချက်သည် နာဇရက်မြို့နှင့်ဆက်စပ်နိုင်သောတစ်ခုတည်းသောကျမ်းချက်ဖြစ်သည်။

            ဤသို့ဆိုရခြင်းကို ရဟန်းမင်းကြီးငြိမ်းကအောက်ပါအတိုင်း မြို့၏အမည်နာမနှင့်စပ်လျင်း၍ရှင်းပြထားပါသည်။ ယေဇူးသခင်ကြီးပြင်းခဲ့သော ‘နာဇရက်’ မြို့၏အခေါ်အ‌ေ၀ါ်သည် ဘာဘီလုံလူမျိုးတို့၏စကား ‘nezer’ မှဆင်းသက် လာဖွယ်ရှိသည်။ ‘nezer’ ၏အနက်ကား ‘ဆန်’ ဟုဆိုလိုသည်။ ဤအချက်သည်ဖြစ်နိုင်ချေမျှသာဟုဆိုသော်လည်း ဂျိုး ဇက်နှင့်မာရိယာတို့နေထိုင်ခဲ့သောရွာသည် ဂျက်ဆေ၏မိသားစုသစ်ပင်နှင့်ဆက်နွယ်မူရှိနေပါသည်။

            သို့သော် ယေဇူးသခင်မွေးဖွားကြီးပြင်းခဲ့ပြီး၊ ဒေသနာတရားဟောကြားခဲ့သော ‘သန့်ရှင်းသောဌာန’ တော်သို့ဘု ရားဖူးသွားသောအခါ ဂျိုးဇက်နှင့်ပတ်သက်၍ဖော်ပြထားမူအလွန်နည်းပါးနေသည်။ အကယ်၍ဖြစ်နိုင်လျှင် ဂျိုးဇက်၏ သက်တော်စဉ်ကိုလည်းဖြစ်နိုင်လျှင် ယခုထက်မကဖော်ပြနိုင်လျှင်ပိုကောင်းကြောင်း၊ ဥပမာအားဖြင့် ယေဇူးသခင်ကြီး ပြင်းခဲ့ပြီး၊ ဒေသနာဟောကြားခဲ့သောဒေသများသို့သွားဖူးသည့်အခါ၌ ယေဇူးသခင်၏တရား၀င်ဖခင်၏ကဣာများကို လည်းဖော်ပြနိုင်ကအလွန်ကောင်းမည်ဖြစ်ကြောင်းထုတ်ဖော်ခဲ့သည်။        

St. Joseph’s Day at the Ratzingers

ရဟန်းမင်းကြီးငြိမ်း၏မိသားစု၌ စိန့်ဂျိုးဇက်နေ့ကိုကျင်းပခြင်း

          ရဟန်းမင်းကြီးငြိမ်း၏မိသားစု၌ စိန့်ဂျိုးဇက်ပွဲနေ့ကိုကျင်းပခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီး ငြိမ်းအားမှိုင်းမသောရဟန္တာလည်းဖြစ်၊ သူ၏ဖခင်လည်းဖြစ်ပါသည်။ သူ၏ပွဲနေ့၌ မိခင်ဖြစ်သူသည် သူ့အားအလွန်အဖိုး ထိုက်သော ‘စာအုပ်’ တစ်အုပ်ကိုပေးခဲ့သည်။ မိခင်ဖြစ်သူသည် ထိုစာအုပ်ကိုသားဖြစ်သူ ဂျိုးဇက် အားလက်ဆောင်ပေး နိုင်ရန် ပိုက်ဆံစုခဲ့ရရှာသည်။ စိန့်ဂျိုးဇက်အမည်ရေးထိုးထားသောစာပွဲခင်းတစ်ခုကို ရာသီဦးနှင်း ဆီများဖြင့်အလှဆင် ထားသောစားပွဲပေါ်တွင်တင်ထားသည်။ နေ့လယ်စာစားပြီးသောအခါ ပဲဖြင့်ပြုလုပ်ထားသော ကော်ဖီကိုသောက်လေ့ရှိ သည်။ ထိုအရသာကိုဖခင်ဖြစ်သူသည်အလွန်နှစ်ခြိုက်သည်။ ကလေးများအတွက်မှာ ပွဲနေ့ဖြစ်သည်ကိုဖော်ပြနေသော အလှအပအပြည့်ဆင်ထားသော ‘ကိတ်’ တစ်ယောက်တစ်စိတ်စီဖြစ်ပါသည်။      

Praying to St. Joseph as death approaches

သေခါနီးချိန်၌စိန့်ဂျိုးဇက်၏ကြား၀င်ဆုတောင်းခြင်းကိုခံယူခြင်း

          ရဟန်းမင်းကြီးငြိမ်းက ဆက်လက်၍မိန့်ကြားသည်မှာ သေခါနီးအချိန်၌ မိမိကိုယ်ကို စိန့်ဂျိုးဇက်ထံအပ်နှံခြင်း အခြေအမြစ်အလွန်ခိုင်သော အမိသာသနာတော်ကြီး၏ စဉ်ဆက်မပြတ်သွန်သင်လာခဲ့သောသွန်သင်ချက်ဖြစ် သည်။ ဤအစဉ်အလာအဘယ်သို့ဖြစ်ပေါ်လာခဲ့သနည်းဟုမူ ယေဇူးသခင်၏အထိန်းတော်စိန့်ဂျိုးဇက်သည် ယေဇူးသခင်သက်ရှိ ထင်ရှားရှိနေစဉ်၌ ပျံလွန်တော်မူသွားခဲ့သည်။ စိန့်ဂျိုးဇက်ပျံလွန်ချိန်၌ ယေဇူးသခင်သည် သူ၏ ဘေးနား၌ရှိနေခဲ့သည်ဟု ဆိုပါသည်။ ဤနေရာ၌ အမိမယ်တော်နှင့်ကွာခြားပါသည်။ အဘယ်ကြောင့်ဆိုသော် အမိမယ်တော်သည် ယေဇူးသခင် လက်၀ါးကပ်တိုင်ပေါ်၌သက်တော်စွန့်ခြင်း၊ သဂြိုလ်ခြင်း၊ ရှင်ပြန်ခြင်း၊ ကောင်းကင်ဘုံသို့တက်ကြွသွားပြီးနောက်မှသာ လောကအသက်တာကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့်ယေဇူးသခင်အနား၌ရှိစဉ် သေဆုံးရခြင်းသည် ကောင်းသောသေ ခြင်းကိုခံရသည်ဟုသွန်သင်သည်။

            ရဟန်းမင်းကြီးငြိမ်းသည် သူ့အားမှိုင်းမသောရဟန္တာ၏ကြား၀င်ဆုတောင်းခြင်းကိုနေ့ စဉ်မပြတ်ဆုတောင်းလေ့ရှိသည်။ သို့သော် မည်သည့်ကျေးဇူးတော်များကိုထူးခြားစွာခံစားခဲ့ရသည်ဟု အမည်တပ်မရ သော်လည်း စိန့်ဂျိုးဇက်၏ကြား၀င်ဆုတောင်းပေးခြင်းအတွက် ကျေး ဇူး တင်မဆုံးဖြစ်ရကြောင်း၊ ရဟန်းမင်းကြီးငြိမ်း သည် ရဟန္တာများစွာကိုကိုးကြောင်း၊ အားလုံးကိုလည်းကြည်ညိုအားကိုးကြောင်း၊ အဘယ်ရဟန္တာ၏ကြား၀င်ဆုတောင်း ပေးခြင်းကြောင့်အဘယ်သို့ရခဲ့သည်ဟုခွဲခြားပြောဆိုလေ့မရှိကြောင်းကိုလည်းဖြေကြားခဲ့သည်။   

    

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
 
Photo courtesy of: VINCENZO PINTO | AFP
 
 
 
 

Add new comment

17 + 3 =