စိန့်ဂျိုးဇက်အား ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့အားမှိုင်းမသောရဟန္တာအဖြစ်ကြေညာ

စိန့်ဂျိုးဇက်အား ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့အားမှိုင်းမသောရဟန္တာအဖြစ်ကြေညာ

စိန့်ဂျိုးဇက်အား ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့အားမှိုင်းမသောရဟန္တာအဖြစ်ကြေညာ

            ဖိလစ်ပိုင်နိုင်ငံ၏မြို့တစ်မြို့ဖြစ်သော Quezon မြို့နယ်၏အစိုးရက စိန့်ဂျိုးဇက်ကို ၄င်းတို့မြို့အးမှိုင်းမသောရဟန္တာအဖြစ်ကြေညာလိုက်သည်။ အဆိုပါအခမ်း အနားသို့ မြို့တော်၀န် Joy Belmonte ၊ အကြံပေးအဖွဲ့၀င်များဖြစ်ကြသော Jorge Banal Sr., Wency Lagumbay နှင့်ခရိုင် (၃) မှ တာ၀န်ခံ Tommy de Castro တို့တက်ရောက်ခဲ့ကြသည်။ ယခင်က ဤကြေညာချက် ကိုထုတ်ပြန်ပြီး သားဖြစ်ပြီး၊ ယခုမှာ အခမ်းအနားဖြင့်ကျင်းပခြင်း ဖြစ်သည်။ ယခုကဲ့သို့သတ်မှတ်ကြေညာ ရခြင်းမှာ Cubao မြိုမှဆရာတော် Honesto Ongtioco ၏တောင်းဆိုချက်ကိုလိုက်လျောခြင်းလည်းဖြစ်သည်။

            အဆိုပါအခမ်းအနားကို ဖေဖော်၀ါရီလ (၁၉) ရက်နေ့၌ မစ္ဆားတရားဖြင့် စိန့်ဂျိုးဇက် သာသနာ အုပ်စု၏ကျောင်းထိုင်ဘုန်းတော်ကြီး Ronaldo M. Macale ကဦး‌ဆောင်ပူဇော်ခဲ့သည်။ မစ္ဆားတ ရားပူ ဇော်ခြင်း၌လည်း မြို့တော်နှင့်အစိုးရအဖွဲ့၀င်များ၊ ကက်သလစ်ဘာသာတူများပါ၀င်ပူဇော်ခဲ့ကြသည်။ ဆရာ တော်ကြီး၏တောင်းဆိုချက်ကို ယခုကဲ့ဖြည့်ဆည်းပေးသည့်အတွက် ဆရာတော်ကြီးနှင့် သာသနာတော်ကိုယ်စား မြို့တော်၀န်နှင့်အစိုးရအဖွဲ့၀င်များအားကျေးဇူး တင်ကြောင်းပြောကြားခဲ့သည်။

            ဤသာသနာအုပ်စုကို စိန့်ဂျိုးသာသနာအုပ်စုအဖြစ်သတ်မှတ်ထားပြီး၊ စိန့်ဂျိုးဇက် ဗိမာန် ကိုလည်း (၁၉၅၁၊ နို၀င်ဘာလ၊ ၂၃) ရက်နေ့ကတည်ဆောက်ခဲ့ သည်။ စိန့်ဂျိုးဇက် ဗိမာန်တော်သည် ‘Anonas’ ဘူတာရုံနှင့်လည်းကပ်လျှက်ရှိနေသည်။ အစပိုင်း၌ ဤဗိမာန်တော်ကို Cubao သာသနာ အတွင်းရှိ ရွာ (၈) ကိုကြည့်ရူရန်ဖြစ်သည်။ Quezon မြို့သည် ဖိလစ်ပိုင်နိုင်ငံ၏ လူနေအထူ ထပ်ဆုံးမြို့ လည်းဖြစ်သည်။ (၂၀၂၀) ခုနှစ်၏လူဦးရေစစ်တမ်းအရ လူဦးရေ (၂၉၆၀၀၄၈) ဦးရှိကြောင်းသိရသည်။ ဤမြို့ကို (အောက်တိုဘာလ၊ ၁၂၊ ၁၉၃၉) က တည်ဆောက်ခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယသမ္မတ Manuel L. Quezon အားဂုဏ်ပြုသောအားဖြင့် သူ၏အမည်ကိုပေးခဲ့သည်။       

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3vf9gGL

Add new comment

17 + 0 =