စိန့်ဂျိုးဇက်ဘွဲ့အမည်ခံ ဘုရားကျောင်း အလံတင်အခမ်းအနား

စိန့်ဂျိုးဇက်ဘွဲ့အမည်ခံ ဘုရားကျောင်း အလံတင်အခမ်းအနား

စိန့်ဂျိုးဇက်ဘွဲ့အမည်ခံ ဘုရားကျောင်း အလံတင်အခမ်းအနားနှင့် နိုဗီနားပထနေ့ အား ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းကိုယ်တိုင် ဉီးဆောင်ပူဇော်ခဲ့ခြင်း။
(10.3.2020)

စိန့်ဂျိုးဇက်ပွဲတော် အလံတင်ခြင်းနှင့် နိုဗီနားပထမနေ့ မစ္ဆားတရားတော်မြတ်အား မန္တလေးမြို့ လမ်း (80 - 34 x 35 ) ကြားရှိ စိန့်ဂျိုးဇက် ဘွဲ့အမည်ခံ ဘုရားကျောင်း၌ (၁၀.၃.၂၀၂၀) ရက်နေ့ ညနေ (၅း၀၀) နာရီက ကျင်းပြုလုပ်ခဲ့ပါသည်။
ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်း ၊ ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Paul သက်ခိုင်နှင့်အတူ ဘုန်းတော်ကြီး (၅)ပါး ပါဝင်ပူဇော်ခဲ့ပါသည်။ မစ္ဆားတရာတော်မြတ်အား ဆရာတော်ကြီးကိုယ်တိုင်ဉီးဆောင်ခဲ့ရာဆရာတော်ကြီးမှဩဝါဒတရားရေအေးတိုက်ကျွေးရာ၌
'' စိန့်ဂျိုးဇက်သည် ဘုရားသခင်၏ အစေခံကောင်းတစ်ဉီးအဖြစ် ကျမ်းစာတော်မြတ်၌ မြင်တွေ့ရကြောင်း၊ အပင်သန့်ကြောင်း မသန့်ကြောင်း သိချင်ရင် ထို အပင်က သီးတဲ့အသီး၊ ပွင့်တဲ့အပွင့်ကို ကြည့်ပါက သိနိုင်ကြောင်း၊ သခင်ယေဇူးကို ကြည့်ပါက ၎င်း၏ အုပ်ထိန်းသူအား မြင်တွေ့နိုင်ကြောင်းများကို မြွတ်ကြား တော် မူခဲ့ပါသည်။
ဆက်လက်၍လည်း ဆရာတော်ကြီးက စိန့်ဂျိုးဇက်သည် ဘုရားသခင်၏ အစေခံကောင်းတစ်ယောက်ဖြစ်ကြောင်း၊သူ၏ဘဝအား ဘုရားသခင်အား တိုင်တည်၍ သစ္စာရှိရှိ၊ တည်တည်ကြည်ကြည်လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ သူ့ရဲ့ဘဝကို နှိမ့်ချစွာဖြင့် အသက်ရှင်ရင်း မြင့်မြတ်အောင် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ သူ့ဘဝ၊ သူ့အဆုံးအမများအားဖြင့် ဖခင်ကောင်းတစ်ဉီး၊ အိမ်ထောင်ဉီးစီးကောင်းတစ်ဉီး ပီသသူဖြစ်ခဲ့ကြောင်း၊ သူတတ်ကျွမ်းသည့် လက်သမားအလုပ်ဖြင့် တာဝန်ယူတတ်သူ၊ တာဝန်ခံတတ်တဲ့သူ၊ တာဝန်ကျေပွန်တဲ့ ဖခင်တစ်ဉီးဖြစ်ကြောင်း၊ သူ့၏ အလုပ်ကို ရိုသေ၍ သူ၏ ဇနီးနှင့် သူ၏ သားတော်ဘုရားအပေါ် တာဝန်ကျေခဲ့သည့် ဖခင်ကောင်းတစ်ဉီး ဖြစ်ခဲ့ကြောင်း " များကို မြွတ်ကြားတော်မူခဲ့ပါသည်။
အဲ့ဒီနောက် မစ္ဆားတရားတော်မြတ်ကို ဆက်လက်ပူဇော်ခဲ့ကြပါသည်။ မစ္ဆားတရာတော်မြတ်အပြီး၌ စိန့်ဂျိုးဇက် နိုဗီနားကို ရွတ်ဆိုခဲ့ကြပါသည်။
စိန့်ဂျိုးဇက် နိုဗီနားအား ညနေ (၅း၀၀) နာရီတိုင်း ကိုးရက်တိုင်တိုင်လုပ်ဆောင်သွားမည် ဖြစ်ပြီး ပွဲတော်နေ့ မစ္ဆားတရားတော်မြတ်အား (၁၉.၃.၂၀၂၀) ရက်နေ့ (ကြာသပတေးနေ့) နံနက် (၇)နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

Photo News by - Pinky

Add new comment

9 + 3 =