စိန့်ဂျိုးဇက် စစ္စတာရ်ကြီးများ၏  စိန်ဂျူဗလီ နှင့်ငွေစင်ဂျူဗလီကျေးဇူးတင်မစ္ဆားတရား

စိန့်ဂျိုးဇက် စစ္စတာရ်ကြီးများ၏  စိန်ဂျူဗလီ နှင့်ငွေစင်ဂျူဗလီကျေးဇူးတင်မစ္ဆားတရား

စိန့်ဂျိုးဇက် စစ္စတာရ်ကြီးများ၏  စိန်ဂျူဗလီ နှင့်ငွေစင်ဂျူဗလီကျေးဇူးတင်မစ္ဆားတရား

 

စိန့်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်းမှ စစ္စတာရ်ကြီးများ၏ ဂျူဗလီကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို (၄.၂.၂၀၂၃)ခုနှစ် နံနက် (၆း၃၀)နာရီက မန္တလေးမြို့၊ရွှေနှလုံးတော်ကက်သီဒြယ်ဘုရားကျောင်းတွင် လားရှိုးသာသနာမှဆရာတော် Philip Lasap Za Hawng ဦးဆောင်ကာပူဇော်ခဲ့ပြီး မန္တလေးသာသနာနှင့်အနီးတဝိုက်ရှိ ဂိုဏ်းပေါင်းစုံမှ ဘုန်းတော်ကြီးများ၊သီလရှင်များ နှင့် စိန့်ဂျိုးဇက်အသင်းဂိုဏ်းမှ Mother General Superior Sr.Monika Duellmann လည်း ပါဝင်တက်ရောက်ခဲ့သည်။

Sr. Patricia Hussey, Sr. Christopher Haung Yan, Sr. Lousia Anthony, Sr. Laetitia Christopher, Sr. Eulalie San Dwe, Sr. Lydia Paul တို့သည် သီလရှင်ဝါတော် (၆၀) နှစ်ပြည့် စိန်ဂျူဗလီ ရှင်များဖြစ်ကြသည်။

Sr. Elizabeth Man, Sr.Julia Zaung Gan, Sr.Paulina Par Cung တို့သည် သီလရှင်ဝါတော် (၂၅)နှစ်ပြည့် ငွေစင်ဂျူဗလီရှင်များဖြစ်ကြသည်။

ဆရာတော် Philip Lasap Za Hawng မှ ဂျူဗလီရှင်များအား ယနေ့လိုဝမ်းသာဝမ်းမြောက် မင်္ဂလာကျေးဇူးအပေါင်းနဲ့ပြည့်ဝတဲ့နေ့ထူးနေ့မြတ်တွင်  ဂျူဗလီရှင် သီလရှင်များအားလုံးနှင့်အတူ ဘုရားသခင်ကိုကျေးဇူးတင်ချီးမွမ်းရင်းဂျူဗလီရှင်များကို ဂုဏ်ပြုဆုတောင်းပေးသည့် မစ္ဆားတရားတွင်  ပါဝင်ခွင့်ရရှိခဲ့သည့်အတွက် ဆရာတော်အနေဖြင့် ဝမ်းသာအားရမိကြောင်း၊ ဂျူဗလီရှင်များနှင့်တကွ အမိမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်လည်း ငြိမ်းချမ်းသာယာရေးရရှိဖို့ရန် ဂျူဗလီမစ္ဆားတရားအတွင် ဝိုင်းဝန်းဆုတောင်းပေးကြပါရန် မစ္ဆားတရားအစတွင် ပြောကြားခဲ့သည်။

မွန်ဆီညော်ဖာသာရ်ပီတာစိန်လှိုင်ဦးမှ ဩဝါဒ တရားရေအေးတိုက်ကျွေးရာတွင်“ သင်တို့မှာ ရှိတဲ့အရာလေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပါဆိုတဲ့ စိန့်ဧမလီရဲ့ လမ်းညွှန်မှုကို သေသည့်တိုင်အောင် သစ္စာရှိစွာ အကောင်အထည်ဖော်နိုင်ခဲ့ကြတာဟာ သံဇူဇယ်ကိုအတုယူရင်း ထာဝရသိုးထိန်းရှင်သခင်ဘုရားရဲ့ အသံတော်ကိုသိတဲ့သိုးများပီပီ လိုက်လျှောက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

စိန့်ဂျိုးဇက်(သံဇူဇယ်)၏ ဘဝတစ်လျှောက် ကျင့်ဆောက်တည်ခဲ့သော အရာများနှင့်သံဇူဇယ်၏ နာခံတတ်ပုံနှင့် သံဇူဇယ်သည်ခင်ပွန်ကောင်း၊ဖခင်ကောင်း၊အိမ်ထောင်ဦးစီးကောင်းပီသသူအဖြစ်တွေ့ခဲ့ရကြောင်း၊ သံဇူဇယ် ၏အမည်တွင် သူ၏ သီလပါရမီများပါဝင်ကြောင်း ၊သံဇူဇယ်သည် ဖြောင့်မတ်သော၊ နာခံတတ်သော၊ တိတ်ဆိတ်စွာနေတတ်သော၊စံနမူနာကောင်းပြတတ်သော၊ဆုတောင်းတတ်သော၊ကူညီတတ်သောသံဇူကြောင့် စိန့်ဧမလီဆိုတာဖြစ်ပေါ်လာပြီး ၊ စိန့်ဧမလီကြောင့် စိန့်ဂျိုးဇက်သီလရှင်အသီးဂိုဏ်းဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း၊ မြွက်ကြားခဲ့သည်။

ဆက်လက်ပြီး ဖာသာရ်က “ ဂျူဗလီရှင်သီလရှင်များနှင့်တကွ၊ စိန့်ဂျိုးဇက်သီလရှင်များဟာလည်းပဲ သံဇူဇယ်ကိုအတုယူရင်း၊ စိန့်ဧမလီ၏ဦးဆောင်လမ်းညွှန်မှုကို လက်ဆုတ်ကိုင်သစ္စာရှိစွာ လိုက်နာကျင့်ကြံနေထိုင်ကြသူများဖြစ်ကြောင်း၊ မိမိတို့၏လိုအပ်ချက်ထက်  တစ်ပါးသူ၏လိုအပ်ချက်ကို  ဦးစားပေးနိုင်ကြသော သူများဖြစ်စေဖို့ရန်လိုအပ်ကြောင်း  မြွတ်ကြားခဲ့သည်။

 

Sr. Louisa Anthony (စိန်ဂျူဗလီရှင်) သည် မြန်မာပြည် SJA သီလရှင်ကျောင်းအများတွင်ရှေ့ပြေးဖွင့်လှစ်ခဲ့သူသီလရှင်တစ်ပါးဖြစ်ပြီး မန္တလေးကိုယ်ပိုင်အထက်တန်းကျောင်းတွင် အင်္ဂလိပ်စာပြသည့်ဆရာမအဖြစ် သီလရှင်ဘဝနှင့်ဆက်ကပ်ခဲ့သူဖြစ်သည်။စစ္စတာရ်သည် သီလရှင်ဘဝဖြင့် နှုတ်ကပတ်တော်ဟောပြောခြင်းတွင်အလွန်ပင်စိတ်အားထက်သန့်ခဲ့သူလည်းဖြစ်သည်။"Devotedness unto death” သည်စစ္စတာရ်၏ ဆောင်ပုဒ်ဖြစ်သည်။

Sr. Patricia Hussey (စိန်ဂျူဗလီရှင်)  သည် ဘော်ဒါကျောင်းသူများအားကြည့်ရှု့ခြင်း၊သူနာပြုအနေဖြင့်လူနာများအားကြည့်ရှု့စောင့်ရှောက်ခြင်း၊ဘာသာဝင်သူများနှင့် ခေါ်တော်မူခြင်းများရရှိအောင်ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ စစ္စတာရ်ကြီးက “ စိန်ဂျူဗလီကို ကျင်းပဖို့ရန်အတွက် အိမ်မက်ပင်မဟုတ်ခဲ့ကြောင်းနှင့် ဘုရားသခင်သည် သိပ်ကောင်းမြတ်သည်” ဟုလည်း ပြောခဲ့သည်။

Sr. Eulalie San Dwe (စိန်ဂျူဗလီရှင်)  သည် အသက်ရှစ်နှစ်အရွယ်မှာပင် မိခင်ကွယ်လွန်ခဲ့ပြီး ၊ဖခင်သည် ပြည်တွင်းစစ်အတွင်းတွင်အဖမ်းခံခဲ့ရကာ ခရစ္စမတ်အချိန်လေးအိမ်ပြန်ရောက်လာခဲ့ပြီး နွေရာသီအရောက်တွင် သူမအား မန္တလေးအေဗီကွန့်ဗင့်ကျောင်းသို့ ဖခင်ကိုယ်တိုင်သွားရောက်အပ်နှံပေးခဲ့ရာမှ စစ္စတာများကို ကြည့်၍ သီလရှင်တစ်ပါးဖြစ်ရန်စိတ်အားထက်သန်ရာမှ ယနေ့ ဂျူဗလီပွဲကိုကျင်းပနေခြင်းဖြစ်သည်။ စစ္စတာရ်သည် သက်တော်(၈၃)နှစ်ဖြင့် အနားယူသည့်ကျောင်းတော်ကိုရောက်ရှိနေသော်လည်း သက်ကြီးစစ္စတာရ်များကို ယခုချိန်ထိ နိုင်သလောက်ကူပေးနိုင်သည့်အတွက် ဘုရားရှင်အားကျေးဇူးတင်သည်ဟုလည်းဆိုသည်။

Sr. Christopher Haung Yan (စိန်ဂျူဗလီရှင်)  သည် (၁၉၆၅ )ခုနှစ် ဧပြီလ(၁) ရက်နေ့ စိန့်ဂျိုးဇက်အသင်းဂိုဏ်းတစ်ခုလုံးနှင့်မြန်မာပြည်ရှိသာသနာပြုကျောင်းများကို ပြည့်သူပိုင်သိမ်းခံရသည့် အဖြစ်နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်သည်။နိုင်ငံခြားသားသီလရှင်ကြီးများ မြန်မာပြည်မှအပြီးတိုင်မထွက်ခွာခင် အချိန်တွင် တာဝန်များကိုဆက်လက်ထမ်းယူရန်အတွက် တာဝန်လွှဲအပ်ခြင်းကိုအပ်နှင်းခံခဲ့ရသူဖြစ်သည်။မြန်မာပြည်သီလရှင်ငယ်ကိုးပါးထဲမှ စစ္စတာရ်ကြီးတစ်ပါးလည်းဖြစ်သည်။စစ္စတာရ်က “ ငွေကြေးသိမ်း၊ကျောင်းတွေပြည်သူပိုင်သိမ်းပြီး အစစအရာရာအခက်အခဲကြပ်တည်းပူပန်သောကတွေနဲ့ပြည့်နေတဲ့နှစ်များမှာပဲ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ကျွန်မ စိတ်ဓာတ်မကျခဲ့ပဲ မေမြို့ သီလရှင်ဖြစ်သင်တန်းကျောင်းရဲ့ တာဝန်ခံအဖြစ် ၁၅ နှစ် တိုင်တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။” ဟုဆိုသည်။

Sr. Elizabeth Mun (ငွေစင်ဂျူဗလီ) သည် ငယ်စဉ်က အဖိုးအဖွားများနေမကောင်းချိန်တွင်စစ္စတာရ်များလာရောက်ကြည့်ရှု့၍ ဆုတောင်းပေးသည့်အရာများကိုကြည့်၍ သီလရှင်ဘဝကိုစိတ်ဝင်စားခဲ့ရာမှ စိန့်ဂျိုးဇက်သီလရှင်တစ်ပါးဖြစ်လာခဲ့သူဖြစ်သည်။ “ ချစ်ခြင်းမေတ္တာဆိုတာဟာ အပြောသက်သက်မဟုတ်၊လက်တွေ့ပြသလုပ်ဆောင်တဲ့အရာြဖစ်သည် “ ဟူသည့်စိန့်အယ်မလီ၏ စကားသည် စစ္စတာရ်အတွက် ခွန်းအားပေးနှိုးဆော်သည့်အချက်ဖြစ်သည်ဟုဆိုသည်။

Sr. Paulina Par Cung (ငွေစင်ဂျူဗလီ) သည် ဟားခါးအာဗီအေချင်းဌာနတွင် ထုတ်လွှင့်သူတစ်ယောက်အဖြစ် ဆက်ကပ်နေသူဖြစ်သည်။

Sr. Julia Zaung Gan (ငွေစင်ဂျူဗလီ) သည် ကလေးများအား ဝိညာဉ်ပိုင်းဆိုင်ရာ၊ကာယ၊ ဉာဏပိုင်းဆိုင်ရာအားလုံးတွင် ရင့်ကျက်စွာ ဖွံ့ဖြိုးတိုးတက်စေချင် မြေတောင်မြှောက်ပေးချင်သည့် ဆန္ဒပြင်းပြခြင်းကြောင့် သာသနာပြုလုပ်ငန်းပိုင်းတွင် ကလေးများ၏ ပညာရေးမြှင့်တင်ပေးရသည့် တာဝန်များပေးခြင်းခံရသူဖြစ်သည်။ စစ္စတာရ်သည် စိန့်ဧမလီ၏ အမှာစကားကို အမြဲကြားယောင်ကာ နှလုံးသွင်းဆက်ကပ်လျှက် ရှိပြီး “ သင့်ကိုသင်ချစ်သကဲ့သို့ နီးစပ်သူကိုလည်းချစ်ပါဆိုသည့် ကျမ်းချက်သည် စစ္စတာရ်၏ ဆောင်ပုဒ်ဖြစ်သည်ဟုဆိုသည်။

Sr. Lydia Paul (စိန်ဂျူဗလီရှင်)  သည် ချောင်းရိုးရွာ၌ ပဉ္စမတန်းအောင်မြင်ခဲ့ပြီးနောက် မန္တလေးအေဗီကွန့်ဗင့်ကျောင်းတွင် တက်ရောက်ခဲ့ရာမှ စစ္စတာရ်များ၏ နေ့စဉ်လှုပ်ရှားမှု စံနမူနာကောင်းများကို တွေ့ရှိရပြီး သီလရှင်တစ်ပါးဖြစ်ချင်ခဲ့ရာမှ ယနေ့ ကဲ့သို့ စိန်ဂျူဗလီကိုကျင်းပနေနိုင်ခြင်းဖြစ်သည်။စစ္စတာရ်၏ဆောင်ပုဒ်မှာ “ ဘုရားသခင်သည် ကျွန်ုပ်၏သိုးထိန်းဖြစ်တော်မူ၏ “ ဆိုသည့်အချက်ဖြစ်သည်။ စစ္စတာရ်က ဝိညာဉ်ကာယ လိုရာကျေးဇူးတွေမှာ သိုးထိန်းရှင် ယေဇူးခရစ်တော်သခင်၏ လမ်းပြကာကွယ်စောင်မမှု အတွေ့အကြုံတွေကိုလည်း များစွားခံစားခဲ့ရသည် “ ဟုလည်းဆိုသည်။

 

ယနေ့ စိန်ဂျူဗလီကို ကျင်းပနေကြသော စိန့်ဂျိုးဇက်သီလရှင်များသည် ဒုတိယကမ္ဘာစစ်နှင့်လည်း ကြုံတွေ့ခဲ့ကြရပြီးသာသနာမှ ဖွင့်လှစ်ထားသော ကျောင်းများအား ပြည်သူပိုင်းသိမ်းခံရသည့် စနစ်နှင့် လည်းကြုံတွေ့ခဲ့ရသူများဖြစ်ပြီး သာသနာပြုလုပ်ငန်းများတွင် အခက်အခဲများစွာ နှင့်ရင်ဆိုင်ကြုံ တွေ့ခဲ့ကြရသော်လည်း ဘုရားရှင်၌ အားကိုးယုံကြည်စွာဖြင့် ကြံကြံခံကာ ရင်ဆိုင်ရင်း ယနေ့ ရွှေနှလုံးတော် ကက်သီဒြယ်ကျောင်းတော်ကြီး၌ သီလရှင်ဝါတော်နှစ်(၆၀)ပြည့် စိန်ဂျူဗလီအား ကျင်းပနေနိုင်ကြခြင်းဖြစ်သည်။

 

 

 

 

 

Add new comment

1 + 0 =