စိန့်ကိုလံဘန်သာသနာပြုအသင်းလည်း ‘ဖန်ဆင်းခြင်း၏ရာသီခွင်’ လှုပ်ရှားမူကိုကျင်းပ

စိန့်ကိုလံဘန်သာသနာပြုအသင်းလည်း ‘ဖန်ဆင်းခြင်း၏ရာသီခွင်’ လှုပ်ရှားမူကိုကျင်းပ

စိန့်ကိုလံဘန်သာသနာပြုအသင်းလည်း ‘ဖန်ဆင်းခြင်း၏ရာသီခွင်’ လှုပ်ရှားမူကိုကျင်းပ

စိန့်ကိုလန်ဘန်သာသနာပြုအသင်းလည်း ‘ဖန်ဆင်းခြင်း၏ရာသီခွင်’ လှုပ်ရှားမူကိုဗွီဒီယိုအသံ ဖိုင်လ်များဖြင့်ကမ္ဘာပေါ်ရှိဇီ၀မျိုးကွဲများအကြောင်းနှင့်၄င်းတို့တွေ့ကြုံနေရသောဘေးအကြောင်းကိုအပိုင်းလိုင်ထုတ်လွှင့်သွားမည်ဖြစ်သည်။ ဤလှုပ်ရှားမူသည်ကမ္ဘာတစ်၀န်းရှိ ခရစ်ယာန်များ၏နှစ်စဉ်ကျင်းပသော ဆုတောင်းခြင်းအစီအစဉ်ဖြစ်သည်။

ဤလှုပ်ရှားမူကိုစက်တင်ဘာလ (၁) ရက်နေ့မှစ၍အောက်တိုဘာ (၄) ရက်နေ့အထိသတ်မှတ်ကျင်းပကြသည်။ ထိုအောက်တိုဘာ (၄) ရက်နေ့သည်အာစီးစီမြို့မှစိန့်ဖရန်စစ်၏ပွဲ နေ့ဖြစ်ပြီး၊ ထိုပွဲဖြင့်အဆုံးသတ်သည်။ အဘယ်ကြောင့်ဆိုသော်စိန့်ဖရန်စစ်အစီးစီသည်သဘာ၀တရားကို အလွန်ချစ်မြတ်နိုးထိန်းသိမ်းစောင့်ရှောက်ခဲ့သောရဟန္တာဖြစ်သည်။

ထို့ကြောင့်သဘာ၀တရားကိုမှိုင်းမ သောရဟန္တာအဖြစ်ဂုဏ်ပြုထားသည်။ အခြားသောခရစ်ယာန်များလည်းလေးစားကြည်ညိုကြသည်။ ဤ လှုပ်ရှားမူ၌အခြားသောခရစ်ယာန်သမိုင်းနောက်ခံရှိသူများလည်းဆုတောင်းခြင်း၊ ပတ်၀န်းကျင်သန့်ရှင်း ရေးမှသည်အခြားသောလှုပ်ရှားမူများ၌ပါ၀င်ရန်ဖိတ်ခေါ်ပါသည်။ ကိုလံဘန်သာသနာပြုအသင်းအနေဖြင့် ‘ကမ္ဘာကြီး၏ဂျူဗလီ’ အကြောင်းကိုရုပ်သံဖြင့်အပိုင်း (၆) ပိုင်းဖြင့်ထုတ်လွှင့်မည်။ တစ်ပိုင်းစီသည် (၁၅) သာကြာမြင့်မည်။ ထုတ်လွှင့်မူကိုဩဂုတ်လ (၃၁) နေ့၊ တန လာ်နေ့တွင်စတင်မည်ဖြစ်သည်။

ဤအစီအစဉ်ကို၀ါရှင်တန်ရှိကိုလံဘန်သာသနာပြုအသင်း၏တရားမျှ တခြင်းနှင့်ငြိမ်းချမ်းခြင်းရုံးတော်မှထုတ်လွှင့်မည်။ ထို့အတူအိုင်ယာလန်၊ အမေရိကား၊ အဂ်လန်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ တောင်ကိုးရီးယားနှင့်မြန်မာတို့မှလည်းတဆင့်ပြန်လည်ထုတ်လွှင့်မည်ဖြစ်သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/31ObduC

Add new comment

14 + 0 =