စိတ်ကျရောဂါဆိုးရွားစွာခံစားနေရသော Lesbos ရှိဒုက္ခသည်များထံသို့ ပုပ်ဖရန်စစ် ကြွရောက် အားပေးမည်

စိတ်ကျရောဂါဆိုးရွားစွာခံစားနေရသော Lesbos ရှိဒုက္ခသည်များထံသို့ ပုပ်ဖရန်စစ် ကြွရောက် အားပေးမည်

စိတ်ကျရောဂါဆိုးရွားစွာခံစားနေရသော Lesbos ရှိဒုက္ခသည်များထံသို့ ပုပ်ဖရန်စစ် ကြွရောက် အားပေးမည်

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် Lesbos ရှိဒုက္ခသည်များစခန်းသို့ (၂၀၁၆) ခုနှစ်က ကြွရောက်ကြည့်ရှုခဲ့သည်။  ထိုဒုက္ခသည်စခန်းသည် ယခင်နှစ် (၂၀၂၀၊ စက်တင်ဘာလ) က မီးစွဲ လောင်သွားခဲ့သည်။ ဤဒုက္ခသည်စခန်းသည် ဥရောပ၌ အကြီးဆုံးစခန်းဖြစ်ပြီး၊ ဒုက္ခသည်ဦးရေ (၂၀၀၀၀) ရှိသည်။ လူဦးရေ (၂၅၀၀) ဦးအတွက်သာမှန်းထားသော နေရာဖြစ်၍ အလွန်ကြပ်သိပ်သော ဒုက္ခသည်စခန်းတစ်ခုလည်းဖြစ်သည်။ ထိုစခန်းမှ ဒုက္ခသည် (၃၀၀၀) ဦးခန့်မှာအ လွန်ဆိုး၀ါးသော အခြေအနေ၌ရှင်သန်နေရသည်။ ၄င်းတို့သည် အခြားကမ္ဘာနှင့် သီးခြားဖယ် ကျင်ထားခြင်းခံထားရသည်။ စခန်းမှလည်းထွက်ခွာ၍မရ။  မည်သည့်အကူအညီမှလည်းမရ။ ၄င်းတို့အတွက် ထိုအခြေအနေသည် ‘limbo’ (ယုံကြည်ခြင်းအချုပ်၌ရွတ်ဆိုလေ့ရှိသော အောက်နိမ့်ရာအရပ် (ပူလောင်စပ်ခါးအခြေအနေ) နှင့်တူသည်ဟုတင်စား ကြသည်။

 

ဒုက္ခသည်များ၏ကျန်းမာရေးကိုစောင့်ရှောက်ပေးနေသော ဆရာ၀န် AUGUSTO CEZAR MENEGUIM က လည်း ‘စခန်း၌ရောက်ရှိနေသော ဒုက္ခသည်များအနက် အတော်များများသည် ယခင်ကရရှိခဲ့သော စိတ်ဒဏ်ရာများ ကိုခံစားနေရသူများစွာရှိပြီး၊ အချို့သည် စိတ်ကျရောဂါကိုဆိုး၀ါးစွာခံစားနေရကြောင်း၊ အကြောင်းအရာတစ်ခု တည်းကိုသာ အာရုံထားလုပ်ဆောင်ရန်မှာခက်ခဲကြောင်း၊ အဘယ်ကြောင့်ဆိုသော် လူဦးရေများလွန်းကြောင်း၊ စိတ် ဒဏ်ရာများကြောင့် ကြောက်စိတ်များ၏ခြိမ်းခြောက်မှုလှောင်အိမ်ထဲမှရုန်းမထွက်နိုင်သေးသောကြောင့် ညအိပ် မပျော်သောဝေဒနာကိုလည်းခံစားနေရသည်ဟုဆိုသည်။ ထို့ကြောင့် သာမန်ဘ ၀မျိုးဖြင့် ရှင်သန်ရန် အလွန်ခက်ခဲနေကြ ကြောင်း၊ ဒုက္ခသည်များသည် မလုံခြုံ၊ မအေးချမ်းသော ၄င်းတို့၏ဇာတိမြေ သို့ပြန်ပို့ခံရမည့်စိတ်များ လွှမ်းနေ၍ မအိပ်နိုင်၊ မစားနိုင်ခြောက်ခြားနေကြကြောင်း၊ ၄င်းတို့အတွက် အလိုအပ်ဆုံးမှာ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ကုသမှုဖြစ်ကြောင်း၊ ကလေးများ သည်လည်း စိတ်အလွန်ကြမ်းတမ်းရိုင်းစိုင်းမှိုကိုပြပြီး၊ ပြဿနာများကိုဖန်တီးတတ်ကြောင်း၊ ဂရိနိုင်ငံ၌ အလားတူသော အခြားဒုက္ခသည်စခန်း (၄) ခုရှိသေးကြောင်း၊ (၂၀၁၄) ခုနှစ်မှစ၍ လူနှစ်သန်းခန့်သည် ဥ ရောပသို့ထွက်ပြေးခိုလှုံလာခဲ့သည်။ ယခုတစ်နှစ်ထဲ၌ ဒုက္ခသည် (၁၀၉၀၀၀) ဦးရှိခဲ့ကြောင်း’ ရှင်းပြသည်။       

 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of The Times of Israel

https://bit.ly/3EaRXZe

Add new comment

9 + 0 =