စားနပ်ရိက္ခာဈေးနှုန်းတွေမြင့်တက်လာခြင်းဟာ မြန်မာနိုင်ငံရှိလက်လုပ်လက်စား အောက်ခြေလူတန်းဘဝများကို ထိခိုက်နေကြောင်း WFP ဖော်ပြ

စားနပ်ရိက္ခာဈေးနှုန်းတွေမြင့်တက်လာခြင်းဟာ မြန်မာနိုင်ငံရှိလက်လုပ်လက်စား အောက်ခြေလူတန်းဘဝများကို ထိခိုက်နေကြောင်း WFP ဖော်ပြ

စားနပ်ရိက္ခာဈေးနှုန်းတွေမြင့်တက်လာခြင်းဟာ မြန်မာနိုင်ငံရှိလက်လုပ်လက်စား အောက်ခြေလူတန်းဘဝများကို ထိခိုက်နေကြောင်း WFP ဖော်ပြ

********************************************************************

ကမ္ဘာ့ကပ်ရောဂါကြီးကြောင့်ဒုက္ခခံ‌နေကြရသောမြန်မာပြည်ဆင်းရဲးသားလူထုအခြေအနေမှာ စစ်အာဏာရှင်တို့ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန် မှစ၍ စားနပ်ရိက္ခာ နှင့် လောင်စာဆီဈေးနှုန်းများမှာဂဏန်းနှစ်လုံးဖြင့်မြင့်တက်ခဲ့ခြင်း‌ ကြောင့် ဒုက္ခပင်လယ် ဝေနေရကြောင်း (ကုလသမဂ္ဂ၏ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း)က မတ်လ ၁၆ ရက် ၂၀၂၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရွေးကောက် တင်မြှောက်ထားသော အစိုးရ အားဖြုတ်ချခြင်း၊ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်း၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအတွင်း မငြိမ်မသက်မှုများဖြစ်ခဲ့ပါသည်။ ယင်းကြောင့် ပြည်သူလူထု့မှ ဆန္ဒပြမှုများနှင့်စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်သောဆန္ဒပြမှုများ၊ အမိန့်မနာခံရေး လှုပ်ရှားမှုများကစီးပွားရေလည်ပတ်မှုအစိတ်အပိုင်းများကိုလည်း ရပ်တန့်စေခဲ့သည်။ ကုန်ပစ္စည်းထောက်ပံ့ရေးများပြတ်တောက်ခြင်း၊ ထိခိုက်ခြင်းက စားနပ် ရိက္ခာနှင့်လောင်စာဆီဈေးနှုန်းများအပေါ် အကြီးအကျယ်သက်ရောက်မှုရှိစေပြီး တဟုန်ထိုးမြင့်တက်သွားစေကြောင်း၊ ဒီအချက်ဟာ တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲးသားဘဝတွေကို ဆိုးဝါးစွာထိခိုက်စေကြောင်း၊ ကုလသမဂ္ဂ၏ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စတီဗင်အန်ဒါဆင် က အင်္ဂါနေ့ကပြောကြားခဲ့ပါသည်။ Covid-19 ရောဂါကူးစက်မှုကလည်းထိပ်ဆုံးရောက်နေပြီ၊ ဒီကုန်စျေးနှုန်းတွေကလည်းဆက်လက်မြင့်တက်နေမယ်ဆိုရင်၊ အာဏာသိမ်းမှုကိုဆန့်ကျင်သောဆန္ဒပြမှုများကိုသာမက၊ အဆင်းရဲဆုံးနဲ့ ထိခိုက်လွယ်ဆုံး သောဘဝ‌တွေ အစားအစာ မလုံလောက်မှုနှင့်ကြုံတွေ့ကြရတော့မည်‌။ မိသားစုစားပွဲပေါ်မှာစားလောက်အောင်အစားအစာဖြည့်စည်းနိုင်စွမ်းကိုအကြီးအကျယ်ထိခိုက်စေလိမ့်မယ်။ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီကဖေဖော်ဝါရီလအစကစပြီးရန်ကုန်အနှံ့မှာဆီအုန်းလက်လီစျေးနှုန်းဟာ ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့‌ ကြောင်း၊ ဆန်ဈေးနှုန်းများလည် မန္တလေးတွင် လွန်ခဲ့တဲ့သုံးပတ်တည်းကပဲ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့‌ ကြောင်း၊ ကချင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်အနည်းငယ်တွင်ဆန်ဈေးသည် ၃၅% အထိမြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင်ဖေဖော်ဝါရီ ၁ ရက်မှစ၍ လောင်စာဆီဈေးနှုန်းမှာ ၁၅% မြင့်တက်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဓာတ်ဆီစျေးနှုန်းမှာ ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စားသုံးဆီပျမ်းမျှလက်လီရောင်းချမှုသည်လည်း ဇန်နဝါရီ မှဖေဖော်ဝါရီလအထိ ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်းများကို ဖော်ပြထားပါသည်။ ဒီလိုသာ စားနပ်ရိက္ခာနဲ့လောင်စာဆီစျေးနှုန်းတွေ မြင့်တက်နေ မယ်ဆိုရင်၊ ဘဏ်လုပ်ငန်းကဏ္ဍတွေရပ်တန့်မယ်၊ ငွေလွှဲတာနှေးကွေးခြင်း နဲ့ငွေသားရနိုင်မှုကန့်သတ်ခံရခြင်းတွေ ပိုမိုကျယ်ပြန့်လာခြင်းများ အားလုံးဆက်စပ်ဖြစ်ပေါ်လာနိုင်ကြောင်း၊ အန်ဒါဆင်ကထောက်ပြခဲ့ကြောင်း ဆက်လက်ပြီး သူက လက်ရှိနိုင်ငံရေး အကျပ်အတည်းမတိုင်မီကပင် Covid-19ကူးစက်ရောဂါ ကြောင့်စက်ရုံများအမြောက်အမြားပိတ်သိမ်းခဲ့ခြင်း‌၊ သွားလာခွင့်ကန့်သတ်ခံရခြင်းများ‌ ကြောင့် ဆင်းရဲသား စက်ရုံအလုပ်သမား အများစုသည် အလုပ်ပြတ်၊ အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ထို့အပြင်“ ပြည်ပမှငွေလွှဲပြောင်းမှုကျဆင်း လာခြင်း၊ ဒီအခြေအနေဆိုးကြီးဆက်လက်ကြာရှည်နေမယ်ဆိုရင် စီးပွားရေးအကျပ်အတည်းအခြေအနေတွေ ပိုမိုးဆိုးဝါးလာနိုင်ကြောင်း ပြောကြာခဲ့ပါသည်။ WFP ၏အဆိုအရကပ်ရောဂါမတိုင်မီအိမ်ထောင်စု ၁၀ စုတွင် ၆ ခုသည်အာဟာရဓာတ် ပြည့်ဝစွာမရရှိကြောင်း၊ Covid-19 ၏ ရလဒ်အရ ဆင်းရဲမွဲတေမှုတိုးပွားလာပြီး၊ ပြီးခဲ့သည့်နှစ်ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိအိမ်ထောင်စုငါးခုတွင် လေးခုသည် ကူးစက်ကပ်ရောဂါကာလအတွင်း သူတို့၀င်ငွေ၏ ၅၀% နီးပါးဆုံးရှုံးခဲ့ရ ကြောင်း နှင့် ငြိမ်းချမ်းရေး နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို‌ ဘေးဖယ်ထား တာနဲ့အမျှဆာလောင်မွတ်သိပ်မှုများ မြန်မြန်ကြီးထွား ဖြစ်ပေါ် လာမယ်ဆိုတာ WFP အရ ငါတို့အားလုံးကောင်းကောင်းသိတယ်” ဟုအန်ဒါဆင်ကသတိပေးပြောကြားခဲ့သည်။

ဘာသာပြန် ဖာသာကြည်မောင်

 Photo credit to Vatican News

https://bit.ly/3rZgIS6

Add new comment

8 + 7 =