စပိန်ရှိ ဓမ္မအာဇာနည်လူငယ်တစ်ဦးကို သူတော်သူမြတ်တင်မြှောက်

စပိန်ရှိ ဓမ္မအာဇာနည်လူငယ်တစ်ဦးကို သူတော်သူမြတ်တင်မြှောက်

စပိန်ရှိ ဓမ္မအာဇာနည်လူငယ်တစ်ဦးကို သူတော်သူမြတ်တင်မြှောက်

လွန်ခဲ့သော တနင်္ဂနွေနေ့က စပိန်နိုင်ငံ ဘာစီလိုနာတွင် Joan Roig y Diggle ဟူသော ဓမ္မအာဇာနည်လူငယ်လေးကို သူတော်သူမြတ်တင်မြှောက်ခဲ့သည်။

သူသည် စပိန်ပြည်တွင်းစစ်အတွင်း၌ အသတ်ခံခဲ့ရသော ၁၉နှစ်အရွယ်လူငယ်လေးဖြစ်ပြီး ထိုမစ္ဆားတရားကို ဘာစီလိုနာဆရာတော် Cardinal Juan Jòse Onela က ပူဇော်ပေးခဲ့သည်။

စပိန်ပြည်တွင်းစစ်တွင် ဘာသာတူရာပေါင်းများစွာသည် ယုံကြည်ခြင်းကြောင့် အသတ်ခံခဲ့ရသည်။မိဘများ၊သက်ကြီးရွယ်အိုများ၊လူငယ်များနှင့်ဘုန်းကြီး၊သီလရှင်များ၊ဆရာတော်များပါဝင်သည်။ ထိုအထဲတွင် ရိုးသားသိမ်မွေ့သည် ဤသူတော်သူမြတ်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ၁၉၁၇ခု၊ မေလ ၁၇ တွင်မွေးဖွားခဲ့သည်။

မိသားစု စီးပွားရေးကြပ်တည်းမှုကြောင့် El Masna မြို့သို့ ရွှေ့ပြောင်းရပြီး ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အလုပ်ကြိုးစားခဲ့ရသည်။အလုပ်များလွန်းသော်လည်း နေ့စဥ် မစ္ဆားတရားတက်ရောက်ခြင်း၊တရားထိုင်ခြင်း၊စိပ်ပုတီးစိပ်ခြင်းများကိုမပျက်ကွက်ခဲ့ပေ။ဘာသာရေးကိုင်းရှိုင်းသော လူငယ်ဖြစ်ကြောင်း အသိအမှတ်ပြုခံရသည်။

၁၉၃၆ ဇူလိုင်တွင် သူအလုပ်လုပ်ရာ လူငယ်အသင်းရုံးနှင့်ဘုရားကျောင်းသည် မီးရှို့ခံခဲ့ရသည်။ထို့နောက်မကြာမီမှာပင် စစ်သားများက သူ့အားဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။

သူ၏အမေအား မခွဲခွာခင် ပြောခဲ့သော နောက်ဆုံးစကားမှာ"ဘုရားသခင်သည် ကျွန်ုပ်နှင့်အတူရှိသည်"ဟူ၍ဖြစ်သည်။

စစ်သားများသည် သူ့အားသေနတ်ဖြင့်ပစ်သတ်၍ မကွပ်မျက်ခင် "ယေဇူးဘုရင် ဘုန်းကြီးပါ စေ "ဟု ကြွေးကြော်နေခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

https://bit.ly/35DyDVs

 

 

Add new comment

4 + 3 =