စပိန်မှ သန္ဓေသား ဖျက်ချ ဘို့ ရည်ရွယ် ခံခဲ့ရသည့် ကလေးလေးများဆေးကြောခြင်းခံယူ

စပိန်မှ သန္ဓေသား ဖျက်ချ ဘို့ ရည်ရွယ် ခံခဲ့ရသည့် ကလေးလေးများဆေးကြောခြင်းခံယူ

စပိန်မှ သန္ဓေသား ဖျက်ချ ဘို့ ရည်ရွယ် ခံခဲ့ရသည့် ကလေးလေးများဆေးကြောခြင်းခံယူ

ပြီးခဲ့တဲ့လက စပိန်နိုင်ငံ ၊ မက်ဒရစ်မှာ ကလေးငယ် ၁၄ ဉီးဟာ ဆေးကြောခြင်းစက္ကရမင်တူးမင်္ဂလာကို မက်ဒရစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ကားလော့စ် အိုဆိုလို ၏လက်တော်မှ ခံယူခဲ့ကြကြောင်းနှင့် ထိုကလေးငယ် ၁၄ ဉီးတို့မှာ ၎င်းတို့၏ မိခင်များမှ ဒုက္ခပြသနာများကြောင့် သန္ဓေသား ဖျက်ချကြရန်ရည်ရွယ်ခဲ့ကြသူများဖြစ်တယ်လို့ဆိုပါတယ်။

Mǻs Futuro Association ဆိုတဲ့ လိုအပ်ချက်ရှိနေတဲ့ မိခင်များအား ကူညီပေးနေတဲ့ ကက်သလစ် အဖွဲ့အစည်းနဲ့ အထက်က မိခင်တို့ဟာ တွေ့ဆုံခဲ့ကြပြီး အကူအညီရရှိခဲ့ကြတာဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က ဆေးကြောခြင်းခံယူခဲ့ကြတဲ့ ကလေးများထဲမှာ ၆နှစ်အရွယ် သမီးငယ်လေး ၁ဉီး၊ ၄ နှစ်အရွယ် သားသားလေး ၂ ဉီး နဲ့ တနှစ်အောက် ကလေးငယ်လေး ၁၁ ဉီးတို့ပဲဖြစ်ကြပြီး ကလေးငယ် ၉ဉီးကတော့ ကိုဗစ် ပိုးစစ်ထားတဲ့ အဖြေကို စောင့်နေကြရတဲ့အတွက် ဆေးကြောခြင်းခံယူရန် မလာရောက်နိုင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ဆေးကြောခြင်းခံယူရာတွင် အထက်ပါ ကက်သလစ်ကူညီရေး အဖွဲ့အစည်းရဲ့ Volunteer များတက်ရောက်ကူညီပေးခဲ့ကြကြောင်းကို CNA သတင်းအရသိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of : Archdiocese of Madrid.

Add new comment

5 + 2 =