စပိန်နိုင်ငံတွင် သခင်ယေဇူးသုံးသော ခွက်ဖလားဖြင့် ဂျူဗလီနှစ်စတင်

စပိန်နိုင်ငံတွင် သခင်ယေဇူးသုံးသော ခွက်ဖလားဖြင့် ဂျူဗလီနှစ်စတင်

စပိန်နိုင်ငံတွင် သခင်ယေဇူးသုံးသော ခွက်ဖလားဖြင့် ဂျူဗလီနှစ်စတင်

စပိန်နိုင်ငံ၊ဗာလင်စီယာမြို့တွင် နောက်ဆုံးညစာစားပွဲ၌ သခင်ယေဇူးသုံးခဲ့သော ခွက်ဖလားတော်ဖြင့် ဂျူဗလီနှစ်ကို ကာဒီနယ်မှ ဦးဆောင်က ဖွင့်လှစ်ခဲ့သည်။

ထိုဂျူဗလီနှစ်သည် တစ်နှစ်တာ ကြာမြင့်မည်ဖြစ်သည်။ ဗာလင်စီယာမြို့၏သာသနာပိုင်ဖြစ်သော ကာဒီနယ်Antonio Cañizorasက "ဒက္ခစရိယာ ခွက်ဖလားတော်"ဟူသည့် ဂျူဗလီနှစ်ကို ဖွင့်လှစ်ကြောင်းတနင်္ဂနွေနေ့က ကြေညာခဲ့သည်။

ဗာလင်စီယာတွင် ၂၀၁၅နောက်ပိုင်း ဒုတိယအကြိမ်ကျင်းပသော ဂျူဗလီနှစ်ဖြစ်သည်။ပုပ်ရဟန်းမင်းကြီးက ဒေသခံဘာသာတူတို့ကို တက်ကြွစေရန်နှင့်အသစ်သော နိုးကြားမှုများဖြစ်စေရန် ဂျူဗလီနှစ်များကို ငါးနှစ်တစ်ကြိမ် ခွင့်ပြုခဲ့သည်။

ကာဒီနယ်၏သြဝါဒတွင် "သခင်ယေဇူး၏ ဒုက္ခစရိယာ၌ ပါဝင်ခံထမ်းရန် တိုက်တွန်းလိုပါကြောင်း၊အလိုအပ်ဆုံးသူများ၊ဒုက္ခသည်များ၊မိဘမဲ့များ၊သက်ကြီးရွယ်အိုများနှင့်စီးပွားရေးခက်ခဲနေသူများနှင့် မိမိတို့၏အသက်တာကို မျှဝေကြရန်"တိုက်တွန်းခဲ့သည်။ ထို့အပြင် သခင်ယေဇူး၏ ခွက်ဖလားတော်ထားရှိရာ ဘုရားကျောင်းသို့ လာရောက်ဆုတောင်းကြရန် ဘာသာတူသားသမီးများအားဖိတ်ကြားခဲ့သည်။

ယခုဂျူဗလီနှစ်အတွင်း ထိုဘုရားကျောင်းသို့ သွားရောက်သူတိုင်း အင်ဒူဂျင်းသျှားဟူသော အပြစ်လွတ်ခွင့်ရရှိမည်ဖြစ်သည်။ ထိုဘုရားကျောင်းတွင် သခင်ယေဇူး၏ခွက်ဖလားအပြင် ဆူးဗောင်းသရဖူမှ ဆူးတစ်ချောင်း၊လက်ဝါးကပ်တိုင်တော်မှ သစ်သားအပိုင်းအစတစ်ခုနှင့် သခင်ယေဇူး လက်ဝါးကပ်တိုင်တင်ခံရစဥ် စစ်သားတစ်ဦးကမ်းပေးခဲ့သော စပျစ်ရည်ပါသည့် ဖော့တုံးတစ်ခုတို့ကိုလည်း ထိန်းသိမ်းထားသည်။

၂၀၁၅တွင် သနားကြင်နာခြင်းဂျူဗလီနှစ်ကို ကျင်းပပြီး ခွက်ဖလားတော်ကို သနားခြင်းခွက်ဖလားဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Shutterstock

https://bit.ly/2Jv0oH8

Add new comment

6 + 1 =