စပိန်ဆရာတော်ကြီးများ၏ ad limina ခရီးစဥ် ပြီးဆုံး 

စပိန်ဆရာတော်ကြီးများ၏ ad limina ခရီးစဥ် ပြီးဆုံး 

စပိန်ဆရာတော်ကြီးများ၏ ad limina ခရီးစဥ် ပြီးဆုံး 

စပိန်ဆရာတော်များ ပုပ်ရဟန်းမင်းကြီးနှင့် ၅ နှစ် တစ်ကြိမ်တွေ့ဆုံသည့် အက်လီမစ်နာ တွေ့ဆုံခြင်းအစီအစဉ်မှာပြီးဆုံးသွားပြီဖြစ်ပါတယ်။

လေးဖွဲ့မြောက်နဲ့ နောက်ဆုံးအုပ်စု ဆရာတော်ကြီ'များဟာ ပုပ်ရဟန်းမင်းကြီးနဲ့  သုံးနာရီနီးပါးကြာ တွေ့ဆုံခဲ့ပြီး ဒီထဲမှာ Cardinal Carlos Osoro ဟာ Covid-19 ရောဂါပိုးတွေ့ရှိ၍ မတက်ရောက်နိုင်ခြင်းကို ပုပ်ရဟန်းမင်းကြီးက သတိပြုမိခဲ့ပါတယ်။ 

Cardinal Osoro အား အရှင်သူမြတ်က နှုတ်ခွန်းဆက်သပြီး အခြားအချိန်များမှာ  ဆရာတော်များနှင့်အတူ တံခါးပိတ် အစည်းအဝေး ဆွေးနွေးခဲ့ကြကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူတို့အား ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့် အမြဲနီးနီးကပ်နေရန် လှုံဆော်ခဲ့ပါတယ်။

ယခင်က အတွေးအခေါ် လွမ်းမိုး နယ်ချဲ့ခြင်း အား ဆွေနွေးပြောဆို တဲ့အပြင် တခြားသော အရေးကြီးတဲ့အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း

"လွန်ခဲ့တဲ့ရာစုနှစ် အာဏာရှင်တွေက ဒီလိုပါပဲ။ သူတို့ရဲ့ကိုယ်ပိုင်အယူဝါဒနဲ့ဝင်လာခဲ့တယ်။ Balilla ကိုစဉ်းစားပါ၊ Hitler လူငယ်ကိုစဉ်းစားကြပါဆိုပြီး အရှင်သူမြတ်က မိန့်ကြားတော်မူတယ်။

ပုပ်ရဟန်းမင်းကြီးသည် Synod on Synodality ၏နောက်ကွယ်ရှိအကြောင်းရင်းကိုလည်း ရှင်းပြခဲ့ပြီး လက်ရှိပြင်ဆင်တဲ့ကာလတွေမှာ တက်ကြွစွာပါဝင်ဘို့ တိုက်တွန်းခဲ့ပြီး စပိန်ဆရာတော်များဟာ  ပုပ်ရဟန်းမင်းကြီး နဲ့ သက်ဆိုင်တဲ့ ဘုရားကျောငိးသို့လည်း  သွားရောက်လည်ပတ်ကြပြီး ဗာတီကန် ရုံးတော်နဲ့ အရေးကြီးတဲ့ အဖွဲ့အစည်းနဲ့လည်း တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/32HZgKf

Add new comment

8 + 2 =