စစ်ရှောင်ကလေးများအားလည်း စိတ်ဓာတ်ခွန်အားပေးသည့်အနေဖြင့် သာသနာပြုကလေးငယ်များ အသင်း တိုက်နယ်အလိုက် သင်တန်းပြုလုပ်ခဲ့ခြင်း

စစ်ရှောင်ကလေးများအားလည်း စိတ်ဓာတ်ခွန်အားပေးသည့်အနေဖြင့် သာသနာပြုကလေးငယ်များ အသင်း တိုက်နယ်အလိုက် သင်တန်းပြုလုပ်ခဲ့ခြင်း

စစ်ရှောင်ကလေးများအားလည်း စိတ်ဓာတ်ခွန်အားပေးသည့်အနေဖြင့် သာသနာပြုကလေးငယ်များ အသင်း တိုက်နယ်အလိုက် သင်တန်းပြုလုပ်ခဲ့ခြင်း

၂၀.၅.၂၀၂၂ (RVA Myanmar)

ဖယ်ခုံသာသနာ ဆန္တာမာရီးယာ ဇုံဘက် ၌ သာသနာပြုကလေးသူငယ်အသင်း သင်တန်းနှင့် နှီးနှောဖလှယ်ပွဲအား တိုက်နယ်အလိုက် ကျင်းပပြုလုပ်ပေးခဲ့သည်ဟု သိရပါသည်။အဆိုပါသင်တန်းအား မေလ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါသည်။ အဆိုပါ သက်ထွေးကလေးငယ်သင်တန်းတွင် အသက်(၁၀) နှစ်မှ (၁၄) အတွင်း ကလေးငယ် ၄၇၁ ယောက် ပါဝင်တက်ရောက်ခဲ့ကြပါသည်။သင်တန်းအား PMS Director Fr. John Bosco ၊ Fr. Thomas Chit Thar တို့နဲ့ အတူ တိုက်နယ် ဘုန်းတော်ကြီးများ၊ စစ္စတာရ်များ၊ ဓမ္မဆရာများ နှင့် သာသနာပြု ကလေးအသင်း၏ အုပ်ထိန်းသူများက ဦးဆောင်စီစဉ် ကျင်းပခဲ့ ကြခြင်း ဖြစ် သည်။

 သင်တန်းဦးဆောင်ကျင်းပပေးခဲ့သူတစ်ဦးဖြစ်သူ  Fr. Thomas Chit Thar က “ ဖယ်ခုံ အနောက် ဘက်ခြမ်းမှာ  စစ်ဘေးရှောင်တွေအရမ်းများလာတဲ့အခါ သူတို့လေးတွေ စိတ်သက်သာရာ ရအောင်ရယ်၊ နောက် စစ်ရှောင် ကလေးတွေရော ၊ ရွာက ကလေးတွေပါ မခွဲခြားဘဲ အတူတကွ ဆုံတွေ့ကြပြီးမှ အတူတကွ စားသောက်ကြတယ်။ ဘုရားရှိခိုးကြတယ်။ အတူတကွ ကစားကြမယ် ဆိုတဲ့ရွည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာ ဖြစ် တယ် “ ဟု Fr. Thomas Chit Thar က RVA ကို ပြောပြပါသည်။

ဆက်လက်ပြီး Fr. က ‘’ သင်တန်းအတွင်းမှာ ကျေးရွာအလိုက် ကွာယာပြိုင်ပွဲတွေ၊ အကပြိုင်ပွဲတွေ ၊ ဘုရားစကား ပြိုင်ပွဲတွေလဲ ပြုလုပ်ပေးခဲ့တယ်။အဓိက အခုလို အချိန်မှာ ကလေးတွေက ဘုရားစကားလည်း မမေ့အောင် ရှိတဲ့သူတွေနဲ့ ဘုရားစကားသင်ပေးရတာပေါ့။” ဟု တိုက်ပွဲများအကြား စစ်ဘေးရှောင်ရင်း ကလေးငယ်များ ဘုရားစကားမမေ့စေရန်အတွက် လုပ်ဆောင်ပေးဖြစ်ပုံကို ပြောပြခဲ့ပါသည်။

စစ်ဘေးရှောင်ကာလအတွင်း သက်ထွေးကလေးသင်တန်း ကျင်းပနိုင်ခဲ့ပုံကိုလည်း Fr. က “ ဒီသင်တန်း ကျင်းပနိုင်ဖို့ ရင်ဆိုင်ခဲ့ရတာတွေကတော့အများကြီးပါဘဲ ။ ကလေးတွေ စားဖို့သောက်ဖို့ ၊ ဆုပေးဖို့ ကိစ္စတွေက အစ ကျနော်တို့က အလှူငွေလိုက်ကောက်ရတယ်။ ဒီတက်ရောက်လာတဲ့ကလေးတွေဆီကလည်း ပြန်ကောက်လို့ မရဘူး။ ရွာတွေမှာလည်း စစ်ရှောင်နေရတဲ့ အခြေအနေဆိုတော့ လိုက်ကောက်လို့မရဘူး။ ဒီတော့ ကျနော်တို့က ပြည်ပမှာသွားရောက်အလုပ်လုပ်နေကြတဲ့ ကျနော်တို့ရဲ့  ညီအစ်ကိုမောင်နှမတွေနဲ့ ပြည်တွင်းက အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုနဲ့ ဆရာတော်ဘုရားဆီက ဆန် အလှူခံပြီး ဒီသင်တန်းကို ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ “ ဟု သင်တန်းဖြစ်မြောက်ရန် လုပ်ဆောင်ခဲ့ရပုံများကို ပြောပြခဲ့ပါသည်။

 “ အခုလို စစ်ရှောင်ကလေးတွေနဲ့ တခြားကလေး တွေအတူတကွသင်တန်းလုပ်ပေးလိုက်တဲ့အခါ မြို့ရဲ့ လူနေမှု စနစ်တွေရယ်၊ရွာဘက်က လူနေမှုစနစ်တွေရယ် ဖလှယ်လို့ ရသွားတယ်ပေါ့။ အရင်ကဆို ကျနော်တို့က ကယန်း လိုပဲ ပြောကြတယ် ။ ကယန်းလိုပဲ မစ္ဆားတရာလုပ်တယ် ။ အခုဒီမှာ မြန်မာစကားပြောတာတို့၊ မြန်မာလို ကျမ်းစာ ဖတ်တာတို့၊ မြန်မာလို မစ္ဆားဟောတာတို့ ၊ အင်္ဂလိပ်ပုတီးစိပ်တာတွေ လုပ်ပေးတဲ့အခါ ကလေးတွေက အရမ်း တက်ကြွစွာ ပါဝင်ကြတာကိုတွေ့ရတော့ သင်တန်းလုပ်ပေးရတာ အားရကျေနပ်မိတယ်” ဟု  သင်တန်းကို ဦးဆောင်ပြုလုပ်ခဲ့သည့် Fr. Chit Thar က သင်တန်းအပေါ် အားကျကျေနပ်မှု ရှိကြောင်းကို ပြောပြခဲ့ပါသည်။

ကလေးများ တက်ကြွစွာပုံဝင်ပုံကိုလည်း “ ကလေးတွေက ကွာယာရော ၊ အကရော ကောင်းကောင်း လေးပြင်လာကြတယ် ။ နောက် ကျနော်တို့က ဘုရားစကား အပုဒ် (၄၀)ကျော် ပေးထားတယ်။ အဲ့ဒီမှာလည်း  ကလေးတွေက ရွာတိုင်းက ကလေးတစ်ယောက်ချင်းစီ တန်းစီပြီး ပြိုင်ကြတယ်။အဲ့ဒီမှာ ကလေးတွေ အကုန်လုံး အားရစွာနဲ့ဆိုကြတာကိုတွေ့ရတယ်။ “ ဟု ကလေးငယ်များ၏ စိတ်ဝင်စားစွာဖြင့် အကောင်းဆုံး ကြိုတင်ပြင်ဆင် ပြီး ပါဝင်ခဲ့ပုံကို ပြောပြခဲ့ပါသည်။

 “ တိုက်နယ်အလိုက် ဆက်ကပ်လူငယ်များက အခွင့်အခါ ရရင်ရသလို စစ်ရှောင်တွေကို သွားရောက် အားပေးကြတယ်။သင်တန်းတွေပေးတယ်။ နောက် မစ္ဆားတရားတွေလဲ ပြုလုပ်ပေးတယ်။တစ်ရက်တာ နေ့လည် စာ ကျွေးခဲ့တယ်။အလှူရရင် ရသလို အလှူတွေပြန်ပြု လုပ်ပေးခဲ့တယ်။အခုတလော တအားခက်ခဲတော့ အလှူလဲ သိပ်မရတော့ အဲ့လိုတွေမလုပ်နိုင်သေးဘူး။နောက်လလောက်ဆိုရင်တော့ ပြန်လုပ်ဆောင် သွားဖို့ ရှိ တယ်။ အဓိကတော့ စိတ်ခွန်အားဖြစ်အောင် သွားရောက်အားပေးတာပေါ့။သူတို့နဲ့အတူ တစ်ရက်တာ ကလေးတွေ အတွက်ဆို ပျော်ပွဲရွှင်ပွဲတွေလုပ်ပေးတယ်။လူကြီးတွေနဲ့ဆိုရင် ကျမ်းစာဝေမျှခြင်းတွေ လုပ် တယ်။ အားလုံးအတူတကွ မစ္ဆားပူဇော်ခြင်းတွေ ပြုလုပ်ပေးတယ်။နေ့လည်စာလဲ အတူစား၊ အတူနေတဲ့ အခါကျ တော့ သူတို့တွေက ပျော်ရွှင်ကြတယ်။မကြာခဏလာစေချင်ကြတယ်။ အမြဲတမ်းလာ ရောက်ပေးကြဖို့ ဖိတ် ခေါ်ကြ တယ်။သူတို့စီမှာလည်း ရွာတိုင်းရွာတိုင်းစစ်ရှောင်တွေက ရွာသားတွေထပ်များနေတယ်။ ” ဟု ဆိုကာ စစ်ရှောင်များ ကို သွားရောက်အားပေးဖြစ်ပုံများကို RVA ကို ပြောပြခဲ့ပါသည်။

ဆက်လက်ပြီး Fr. Thomas Chit Thar က ‘’ မြို့ပေါ်မှ လူများအနေနဲ့လည်း အလှူတစ်နပ်မပေးနိုင်ရင်တောင်မှ တတ်နိုင်သလောက်ဆုတောင်းပေးစေချင်တယ်။ဘာသာဝင်ပဲဖြစ်ဖြစ် အခြားဘာသာဝင်တွေပဲဖြစ်ဖြစ် ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နာရင်လဲ အကုန်လုံးနာမှာပဲလေ ၊ အဲ့လိုမျိုး ဝိုင်းပြီးမျှဝေခံစားပေးတာမျိုးတော့လိုချင်တယ်၊စာနာစိတ်လေးထားပေးစေချင်တယ်။အနည်းဆုံးဆုတောင်းပေးတာ ၊ အားပေးစကားပြောတာမျိုး လုပ်ပေးရင်တော့ ကျနော်တို့ကျေနပ်ပါတယ်။ “ ဟု စစ်ရှောင်နေရသည့် သူများအတွက် မြို့ပေါ်မှပြည်သူများအားလုံးက သတိတရ ဆုတောင်းပေးစေလိုသည့်အကြောင်းကို ပြောပြခဲ့ပါသည်။

ယခင်က  သာသနာလုံးဆိုင်ရာ သင်တန်းများပြုလုပ်လေ့ရှိပြီး ၊ ယခုအခါ နိုင်ငံရေးအခြေအနေအရ သာသနာလုံး ဆိုင်ရာ သင်တန်းများမကျင်းပနိုင်ဘဲ တိုက်နယ်အဆင့် သင်တန်းများသာကျင်းပပြုလုပ်ပေးနေရခြင်းဖြစ်တယ်လို့ သိရပါသည်။အခက်အခဲအမျိုးမျိုးကြောင့် သာသနာလုံးဆိုင်ရာ သာသနာပြုကလေး ငယ်သင်တန်းကို မကျင်းပနိုင်ခဲ့သည်မှာ (၃) ထဲသို့ ဝင်နေပြီဟုလည်းသိရပါသည်။ သာသနာလုံးဆိုင်ရာ အလိုက်မလုပ် ဆောင်နိုင် သေး သော်လည်း ရှေ့ဆက်လက်ပြီး တိုက်နယ်အလိုက် ဇုံသင်တန်းများကို တစ်လ တစ်ကြိမ် သွားရောက် လုပ်ဆောင်ပေးဖို့ အစီအစဉ်များရှိတယ်လို့ Fr. Thomas Chit Thar က RVA ကို ရှေ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ပြောပြပေးခဲ့ပါသည်။

Fr. Thomas Chit Thar က သင်တန်းဖြစ်မြောက်ရန်အတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော အလှူရှင် များ အား လုံးကိုလည်းကျေးဇူးတင်ကြောင်းပြောပြခဲ့ပါသည်။

News by – Pinky

#rvamyanmar #rvapastoralcare #rvamyanmarlocalnews

 

Add new comment

1 + 14 =