စစ်ဘေးရှောင် အမျိုးသားအမျိုးသမီးများ ကလေးများအတွက် ဆုတောင်းပေးကြရန် ပုပ်ဖရန်စစ်တောင်းဆို

စစ်ဘေးရှောင် အမျိုးသားအမျိုးသမီးများ ကလေးများအတွက် ဆုတောင်းပေးကြရန် ပုပ်ဖရန်စစ်တောင်းဆို

စစ်ဘေးရှောင် အမျိုးသားအမျိုးသမီးများ ကလေးများအတွက် ဆုတောင်းပေးကြရန် ပုပ်ဖရန်စစ်တောင်းဆို

ကမ္ဘာနှင့်တဝှမ်းမှာ စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ​ ထွက်ပြေးတိမ်းရှောင်နေကြရသူများအတွက် ၄င်းနှင့်အတူအထူးဆုတောင်းပေးကြရန် ဘာသာ၀င်များအား ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တောင်းဆိုလိုက်ပါတယ်။
အမျိုးသား အမျိုးသမီးတေ ကလေးငယ်တေ အများကြီး စစ်ဘေးကြောင့် ရှောင်တိမ်းနေကြရတဲ့ သတင်းတေကြားပြီး ကျွန်ုပ် အင်မတန်မှ စိတ်ထိခိုက်၀မ်းနည်းရပါတယ် လို့ တနင်္ဂနွေနေ့က အန်ဂျေလူးမေတ္တာရွတ်ဆိုရာမှာ အရှင်သူမြတ်က မြွက်ကြားလိုက်တာပါ။
တာကီ မှ ဂရိသို့ တိမ်းရှောင်လာကြသော ရာချီတဲ့ စစ်ရှောင်များအတွက် ဆုတောင်းမေတ္တာ တောင်းခံလိုက်တာဖြစ်ပါတယ်။
နာရီ အနည်းငယ်အတွင်း တာကီ ကမ်းခြေ အနီးဂရိ ကျွန်း၃ ကျွန်းသို့ လူ ၅၀၀ ခန့် အနည်းဆုံး တနင်္ဂနွေနေ့က ရောက်ရှိလာပြီဖြစ်ကြောင်း
Reuter သတင်းအရ ထွက်ပြေးတိမ်းရှောင်လာသူများထဲတွင် ၅ ရက် သား သာရှိသေးသည့် အာဖဂန် မိခင်တဉီးလည်းပါ၀င်​သည် ဆိုခြင်းကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA

 

https://www.vaticannews.va/en/pope/news/2020-03/pope-appeal-prayer-migrants-refugees-fleeing-war.html

Add new comment

6 + 3 =