စစ်ဘေးဒဏ် အထိနာသည့် အီရတ်အတွက် ဆုတောင်းပေးကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

စစ်ဘေးဒဏ် အထိနာသည့် အီရတ်အတွက် ဆုတောင်းပေးကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

စစ်ဘေးဒဏ် အထိနာသည့် အီရတ်အတွက် ဆုတောင်းပေးကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ဆိုးကျိုးကိုသာ ပေးမြဲဖြစ်တဲ့ စစ်ဘေဒဏ်၏ အကျိုးဆက်ကို ခံစားနေကြရတဲ့ အီရတ် စစ်ဘေးဒုက္ခသည်များအတွက် သတိယကာ အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်တော် ဘုရားဖူးလူထုပရိတ်သတ်နှင့်တွေ့ဆုံရာမှာ အထူးဆုတောင်းပေးနေကြောင်းကို အာရပ်ဘာသာစကားပြော ဘုရားဖူးပရိတ်သတ်များဖြစ်တဲ့ ဆီးရီးယား၊ အီရတ်၊ အရှေ့အလယ်ပိုင်း နဲ့ အထူးသဖြင့် အီရတ်နိုင်ငံ ဘုရားဖူးများအား ကြိုဆိုနုတ်ဆက်ခြင်းနှင့်အတူ ၄င်းတို့တိုင်းပြည်အတွက် ဆုတောင်းပေးနေကြောင်း နှင့် ဒီနှစ်ထဲမှာ ၄င်းအနေဖြင့် အလည်အပတ်ကြွရောက်ဘို့ အစီအစဉ်ရှိကြောင်းကိုလည်း မြွက်ဆိုပါတယ်။
ဘုရားရှင်ရဲ့ နုတ်ကပတ်တော်ကို ကြားနာထောက်ရှုကာ စက္ကရမင်တူးများမှာပါဝင်ကြလျှက် ဘုရားရှင်နဲ့ နီးစပ်သူတွေနဲ့ အသစ်သောဆက်နွယ်ခြင်း ဖြစ်စေဘို့ အစာရှောင် ခြိုးခြံခြင်းနှင့် ဆုတောင်းမေတ္တာပြုကြဘို့ရန်ကိုလည်း အရှင်သူမြတ်က အားပေးတိုက်တွန်းခဲ့သည်ကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA

 

https://www.vaticannews.va/en/pope/news/2020-02/pope-prayer-iraq-general-audience.html

Add new comment

4 + 9 =