စစ်နှင့်အကြမ်းဖက်မူများရှိနေသော်လည်းရဟန်းမင်းကြီးကပညာရေးအခွင့်အရေးကိုဆက်လက်တောင်းဆိုပေး

စစ်နှင့်အကြမ်းဖက်မူများရှိနေသော်လည်းရဟန်းမင်းကြီးကပညာရေးအခွင့်အရေးကိုဆက်လက်တောင်းဆိုပေး

စစ်နှင့်အကြမ်းဖက်မူများရှိနေသော်လည်းရဟန်းမင်းကြီးကပညာရေးအခွင့်အရေးကိုဆက်လက်တောင်းဆိုပေး

ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ‘အပြည်ပြည်ဆိုင်ရာပညာ ရေးနေ့’ ကိုကမ္ဘာနှင့်အ၀န်း ၌ကျင်းပနေကြရာ ရဟန်း မင်း ကြီးက လည်းအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအားပညာရေးနှင့်ဆိုင်သောမူဘောင်များကိုမူတိုက်ခိုက်ခံရခြင်းမှကာကွယ်ပေးရန်တောင်း ဆိုခဲ့သည်။

ကျောင်းသူကျောင်းသားများအတွက်လည်းဆုတောင်းပေးရန်၊ စစ်နှင့်အစွန်းရောက်တို့၏ အကြမ်းဖက် မူများကြောင့်၄င်းတို့၏ပညာအ ခွင့်အရေးများစွာဆုံးရှုံးနေရကြောင်း၊ ထို့ကြောင့်ကမ္ဘာ့အဖွဲ့အစည်းများအားပညာရေးနှင့်စပ် လျင်း၍ကျောင်းသားကျောင်းသူတို့ကိုကာကွယ်ရန်၊ လေးစားရန်အကောင်းဆုံးလုပ်ဆောင်ပေးရန်၊ ၄င်းတို့ ၏ကြိုးစားအား ထုတ်မူသည်ပညာရေး၀န်းကျင်၏လှုံခြုံမူကိုအာမခံချက်ပေးသကဲ့သို့၊ လူသားဆိုင်ရာပဋိပက္ခများကိုလည်းကူညီဖြေရှင်းရာ ဖြစ်စေရန်ဗုဒ္ဓဟူးနေ့နံနက်ရောမမြို့၊ စိန့်ပီတာရင်ပြင်၌ကမ္ဘာတစ် ၀န်းမှဘုရားဖူးများနှင့်အတူဆုတောင်းခဲ့စဉ်ပန်ကြားခဲ့ သည်။

ကမ္ဘာ့ကုလသမ္မဂအဖွဲ့

စက် တင်ဘာလ (၉) ရက်နေ့သည် ‘အပြည်ပြည်ဆိုင်ရာပညာ ရေးအခွင့်အရေးကာကွယ်သည့်နေ့’ အဖြစ် (၂၀၂၀၊ မေလ ၂၀) ရက်နေ့က ကုလသမ္မဂအထွေထွေညီလာခံ ၌ အတည်ပြုသတ်မှတ်ခဲ့သည်။ ဤသို့အားဖြင့်နိုင်ငံများ၌ ဖြစ် ပွား သောပဋိပက္ခများကြောင့်ကလေးသန်းပေါင်းများစွာပညာမသင်ကြားရဘဲထွက် ပြေးတိမ်းရှောင်နေရသည်ကိုကမ္ဘာ့အဖွဲ့ အစည်းကြီးများအားသတိရှိစေရန်မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။ ဤအဆိုကိုကာတာမှတင်သွင်းခဲ့ပြီး၊ နိုင်ငံပေါင်း (၆၂) နိုင်ငံကထောက်ခံခဲ့ကြသည်။ ဤအဆိုကိုတင်သွင်းရခြင်းမှာ နိုင်ငံပေါင်း (၃၅) နိုင်ငံမှ (၃) နှစ်မှ (၁၈) ကြားကလေး၊ လူ ငယ် (၇၅) သန်းခန့်ပညာရေးထောက်ပံ့ကြေးကိုအထူးလိုအပ်လျှက်ရှိသည်။ ကမ္ဘာကြီးသည်ကိုဗစ် (၁၉) ကပ်ဆိုးကြီးနှင့် လုံးပန်းနေရသကဲ့သို့ပဋိပက္ခာဖြစ်ပွားနေသောဒေသမှကလေးများသည်လည်းဤဆိုးကျိုးကိုခါးစည်းခံနေကြရသည်ဟုကုလသမ္မဂ္ဂအထွေ ထွေအတွင်းရေးမှူးကထိုနေ့သတင်းစကားတွင်ထည့်သွင်းပြောကြားထားသည်။ အနာဂါတ်အတွက်လိုအပ် သောအသိပညာ၊ အတတ်ပညာများကိုလေ့လာသင်ကြားရာတွင်ကလေးများကိုဘေးကင်းလှုံခြုံသော၀န်းကျင်၌သင်ကြား နိုင်အောင်စီစဉ်ပေးရမည်ဟုပြောထားပါသည်။

ယူနက်စ္စကို

ယူနင်စ္စကိုလည်းစာသင် ကျောင်းများသည် ဘေးကင်းလှုံခြုံသောနေရာ၊ ဆူပူအ ကြမ်း ဖက်သည့်၀န်းကျင်မှကင်းဝေးစွာရှိနေရမည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာကြီး၏အနာဂါတ်ဖွံ့ဖြိုးမူသည်ထိုအခြေအနေပေါ်မူတည်နေကြောင်း၊ အားလုံးအတွက်ပညာရေးအခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းသည်ရေရှည်တည်သောဖွံ့ဖြိုးတိုး တက်မူကိုရရှိနိုင်ပြီး၊ ဆယ်စုနှစ်ပေါင်းများစွာကြာအပြည်ပြည်ဆိုင်ရာအဖွဲ့များ၏ ကြိုး စားမူဖြစ်သောငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးမူ၊ လူမူရေးပြောင်းလဲတိုးတက်မူစသည်တို့ဆီသို့ဦးတည်သွားမည်ဖြစ်ကြောင်းအထွေထွေညွှန်မှူး Audrey Azoulay ကပြောကြားခဲ့သည်။

ယူနီဆက်

ကုလသမ္မဂ္ဂကလေးများဆိုင် ရာရံပုံငွေအဖွဲ့အနေဖြင့် ပညာ ရေးအဆောက်အအုံများကိုအကြမ်းဖက်ခြင်းသည်လူ သားအသိုင်းအဝိုင်းကိုအ ကြမ်းဖက်ခြင်းနှင့်အခြေခံလူမူကျင့်၀တ်ကိုဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ ဤဆင်ခြင် တုံတရား မဲ့သောတိုက်ခိုက်မူကိုပြုလုပ်ခွင့်မပြုသင့်ကြောင်း၊ ဤသို့တိုက်ခိုက်ခြင်းဖြင့်မျိုးဆက်သစ်ကလေးများ ၏မျှော်လင့်ချက်နှင့် စိတ်ကူးအာရုံများကိုလည်းဖျက်ဆီးပစ်ရာရောက်ကြောင်း၊ ကျွန်ုပ်တို့အားလုံးတစ်စုတစ်စည်းတည်းကျောင်းအဆောက်အ အုံ၊ ကျောင်းသူကျောင်းသား၊ ဆရာသမားများ၏လှုံခြုံမူကိုတိုးမြှင့်ဆောင်ရွက်သင့်ကြောင်း၊ ကိုဗစ် (၁၉) အလွန်ကာလများ ၌ပိတ်ထားသောကျောင်းများပြန်ဖွင့်ရန်စိုင်း ပြင်း နေချိန်ကျောင်းများသည်လှုံခြုံစိတ်ချရသောနေရာများ ၌ရှိသင့်ကြောင်းဒေ သမတည်မငြိမ်ဖြစ်နေသည့်နိုင်ငံများအားယူနီဆက် ညွှန်ကြားရေးမှူး Henrietta Fore ကပြောကြားခဲ့သည်။

သင်တို့သိကြပါသလော။
- လွန်ခဲ့သောငါးနှစ်က ဒေသမတည်ငြိမ်သောနေရာရှိကျောင်းသားကျောင်းသူ၊
ဆရာဆရာမ၊ ပညာရေး၀န်ထမ်းစုစု ပေါင်း (၂၂၀၀၀) ထိခိုက်၊ သေဆုံးခဲ့ကြရသည်။
- (၂၀၁၅-၂၀၁၉) အတွင်း နိုင်ငံပေါင်း (၉၃) နိုင်ငံ၌ ပညာ ရေး၌တိုက်ခိုက်ခံရမူအနည်း ဆုံးတစ်ကြိမ်ခန့်ပျမ်းမျှဖြစ်ပွား ခဲ့သည်။

- အာဖကန်နီစတန်နိုင်ငံ၊ ကာမေရွမ်နှင်ပါလက်စတိုင်းနိုင်ငံတို့၌ကျောင်းသူကျောင်းသားများနှင့်ပညာရေး၀န် ထမ်းများသည်မကြာခဏပစ်မှတ်ထားတိုက်ခိုက်ခံနေကြရသည်။

- (၂၀၁၅ မှ ၂၀၁၉) ခုနှစ်အထိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်နယ်အတွင်းဒုစရိုက်သမားများ၊ အကြမ်းဖက်အ ဖွဲ့အစည်းများ၊ စစ်တပ်များမှကျောင်းများ၊ တက္ကသိုလ်များကို၄င်းတို့၏စခန်းအဖြစ်လည်းကောင်း၊ ၄င်းတို့၏ လက် နက်ခဲယမ်းများသို လှောင်ထားရန်ဂိုဒေါင်ဖမ်းဆီး ရမိသောရန်သူ၊ မသက်ာသောသူများကိုဖမ်းဆီးချုပ်နှောင်ထား သောနေရာအဖြစ်အသုံးချခံရသည့်နိုင်ငံပေါင်း (၃၄) နိုင်ငံရှိသည်။

- လွန်ခဲ့သော (၅) နှစ်ကနိုင် ငံ၏ကာကွယ်ရေးကိုတာ ၀န်ယူထားသောလက်နက်ကိုင်အဖွဲ့အစည်း (သို့) တောထဲမှ လက်နက်ကိုင်အဖွဲ့အစည်းများသည် ကျောင်းသူကျောင်း သားများကိုဖမ်းဆီးခဲ့သည့်အမူမျိုးနိုင်ငံပေါင်း (၁၇) နိုင် ငံတွင်ဖြစ်ပွားခဲ့သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/3mgOJL6

Add new comment

4 + 14 =